ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ရေနံဓာတုစက်ရုံများပါ တည်ဆောက်သွားမည်

 1310

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၁

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ရေနံဓာတုစက်ရုံများပါ တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြီးခဲ့သည့် ရက်ပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းသည် နိုင်ငံအတွက် အရေးပါသည့်စီးပွားဇုန်တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အတွက် အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လည်း ရေနက်ဆိပ်ကမ်းနှင့်အတူ စက်မှုကုန်ထုတ်လုပ်ငန်းများ နှင့် ရေနံဓာတုစက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ အထူးစီးပွားရေးဇုန်စီမံကိန်းနှစ်ခုလုံး၌ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ငန်းများရပ်စဲထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံအစိုးရအနေဖြင့် စိတ်ဝင်စားနေပြီး ပြန်လည်ဆက်သွယ်လာသည့်အနေအထားများရှိနေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပသည့် အစည်းအဝေးမှ သိရသည်။

Zawgyi Version;
ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း၌ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ ေရနံဓာတုစက္႐ုံမ်ားပါ တည္ေဆာက္သြားမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၁

ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း၌ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ ေရနံဓာတုစက္႐ုံမ်ားပါ တည္ေဆာက္သြား မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့အထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ကမ္းနားလမ္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကို အျမန္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါစီမံကိန္းသည္ ႏိုင္ငံအတြက္ အေရးပါသည့္စီးပြားဇုန္တစ္ခုျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အတြက္ အေရးႀကီးသည့္စီမံကိန္းတစ္ခုျဖစ္သည့္ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းတြင္ လည္း ေရနက္ဆိပ္ကမ္းႏွင့္အတူ စက္မႈကုန္ထုတ္လုပ္ငန္းမ်ား ႏွင့္ ေရနံဓာတုစက္႐ုံမ်ား တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒က ေျပာသည္။

အဆိုပါ အထူးစီးပြားေရးဇုန္စီမံကိန္းႏွစ္ခုလုံး၌ ေဒသခံမ်ား အလုပ္အကိုင္အခြင့္အလမ္းရရွိေစမည့္ စက္မႈလုပ္ငန္းမ်ားကို ဦးစားေပးအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ လုပ္ငန္းမ်ားရပ္စဲထားသည့္ ထားဝယ္အထူးစီးပြားေရးဇုန္အား ထိုင္းႏိုင္ငံအစိုးရအေနျဖင့္ စိတ္ဝင္စားေနၿပီး ျပန္လည္ဆက္သြယ္လာသည့္အေနအထားမ်ားရွိေနေၾကာင္း ၿပီးခဲ့သည့္ ဇန္နဝါရီလက က်င္းပသည့္ အစည္းအေဝးမွ သိရသည္။

Related news

© 2021. All rights reserved.