ပင်လယ်နီအကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုများမရှိသေးကြောင်း IMF အဖွဲ့ပြော

 346

Pika (NP News) - ဖေဖော်ဝါရီ ၁၂

ပင်လယ်နီအတွင်းသွားလာနေသော သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများသည် အာမခံနှင့် သင်္ဘောသွားလာမှုနှုန်းများအပေါ် သိသာသော အကျိုးသက်ရောက်မှုများရှိခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာစီးပွား ရေး တိုးတက်မှု အလားအလာများအပေါ် အကျိုးသက်ရောက်မှုများမရှိသေးကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာဂျော်ဂီဗာက ပြောကြားခဲ့သည်။

ခရစ္စတာလီနာဂျော်ဂီဗာ က "ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေဟာ ဈေးနှုန်းတွေအပေါ် ဖိအားတွေ တိုးလာပေမယ့် ကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှုတွေအတွက် ကျွန်မတို့ရဲ့ခန့်မှန်းချက်တွေ အထက်ကိုတော့ မရောက်သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂယက်ရိုက်မှုတွေရှိပေမယ့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် တိုးတက်မှုခန့်မှန်းချက်တွေကို သိသိသာသာကျဆင်းစေတာမျိုးတော့ မရှိသေးပါဘူး" ဟု ပြောခဲ့သည်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် မြေထဲပင်လယ်နှင့် ပင်လယ်နီတို့ကို ဆက်သွယ်ထားသော အရေးကြီးသော ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် စူးအက်တူးမြောင်းကို ဖြတ်သန်းသွားလာမှုများသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်မည်ဆိုပါက ထက်ဝက်နီးပါးကျဆင်းသွားကြောင်း ခရစ္စတာလီနာဂျော်ဂီဗာက မှတ်ချက် ပြုခဲ့သည်။

ကုန်တင်သင်္ဘောသွားလာမှု ကျဆင်းမှု၏ အကျိုးသက်ရောက်မှုသည် ရေကြောင်းသွားလာမှုမှ ဝင်ငွေအပေါ် မှီခိုနေရသော အီဂျစ်နိုင်ငံအတွက် အပြင်းထန်ဆုံးဖြစ်ပြီး တစ်လလျှင် အမေရိကန်ဒေါ်လာသန်း(၁ဝဝ)ခန့် ဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။

သို့သော်လည်း ပင်လယ်နီတွင် ဖြစ်ပွားနေသော ရေကြောင်းသွားလာမှု အကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ရေရှည်တိုးတက်မှုအလားအလာများကို ကျဆင်းသွားစေကြောင်း ခရစ္စတာလီနာဂျော်ဂီဗာ က ပြောခဲ့သည်။

၎င်းက "ဒီလိုအကျပ်အတည်းတွေကို ရင်ဆိုင်ဖို့အတွက် ကျွန်မတို့ဟာ ပိုမိုကောင်းမွန်တဲ့အနေအထားတစ်ခုမှာ ရှိနေဖို့လိုအပ်ပါတယ်။ကမ္ဘာတစ်ဝှမ်းက ဘဏ္ဍာရေးအာဏာပိုင်တွေဟာ ဒီလိုအကျပ်အတည်းတွေကို ခံနိုင်ရည်ရှိဖို့ အတွက် လိုအပ်တဲ့ကြားခံအရာတွေကို တည်ဆောက်သင့်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ပင္လယ္နီအက်ပ္အတည္းက ကမာၻလုံးဆိုင္ရာစီးပြားေရးအေပၚ သိသိသာသာ အက်ိဳးသက္ေရာက္မႈမ်ားမရွိေသးေၾကာင္း IMF အဖြဲ႕ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

ပင္လယ္နီအတြင္းသြားလာေနေသာ သေဘၤာမ်ားကို ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားသည္ အာမခံႏွင့္ သေဘၤာသြားလာမႈႏႈန္းမ်ားအေပၚ သိသာေသာ အက်ိဳးသက္ေရာက္မႈမ်ားရွိခဲ့ေသာ္လည္း ကမာၻလုံးဆိုင္ရာစီးပြား ေရး တိုးတက္မႈ အလားအလာမ်ားအေပၚ အက်ိဳးသက္ေရာက္မႈမ်ားမရွိေသးေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြ အဖြဲ႕ IMF မန္ေနဂ်င္းဒါ႐ိုက္တာ ခရစၥတာလီနာေဂ်ာ္ဂီဗာက ေျပာၾကားခဲ့သည္။

ခရစၥတာလီနာေဂ်ာ္ဂီဗာ က "ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြဟာ ေဈးႏႈန္းေတြအေပၚ ဖိအားေတြ တိုးလာေပမယ့္ ကမာၻလုံးဆိုင္ရာေငြေၾကးေဖာင္းပြမႈေတြအတြက္ ကြၽန္မတို႔ရဲ႕ခန႔္မွန္းခ်က္ေတြ အထက္ကိုေတာ့ မေရာက္ေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဂယက္႐ိုက္မႈေတြရွိေပမယ့္ ကမာၻလုံးဆိုင္ရာစီးပြားေရးအတြက္ တိုးတက္မႈခန႔္မွန္းခ်က္ေတြကို သိသိသာသာက်ဆင္းေစတာမ်ိဳးေတာ့ မရွိေသးပါဘူး" ဟု ေျပာခဲ့သည္။

၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ ေျမထဲပင္လယ္ႏွင့္ ပင္လယ္နီတို႔ကို ဆက္သြယ္ထားေသာ အေရးႀကီးေသာ ေရေၾကာင္း ကုန္သြယ္မႈလမ္းေၾကာင္းျဖစ္သည့္ စူးအက္တူးေျမာင္းကို ျဖတ္သန္းသြားလာမႈမ်ားသည္ ၿပီးခဲ့သည့္ႏွစ္ ဇန္နဝါရီလႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက ထက္ဝက္နီးပါးက်ဆင္းသြားေၾကာင္း ခရစၥတာလီနာေဂ်ာ္ဂီဗာက မွတ္ခ်က္ ျပဳခဲ့သည္။

ကုန္တင္သေဘၤာသြားလာမႈ က်ဆင္းမႈ၏ အက်ိဳးသက္ေရာက္မႈသည္ ေရေၾကာင္းသြားလာမႈမွ ဝင္ေငြအေပၚ မွီခိုေနရေသာ အီဂ်စ္ႏိုင္ငံအတြက္ အျပင္းထန္ဆုံးျဖစ္ၿပီး တစ္လလွ်င္ အေမရိကန္ေဒၚလာသန္း(၁ဝဝ)ခန႔္ ဆုံးရႈံးခဲ့ရ ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ပင္လယ္နီတြင္ ျဖစ္ပြားေနေသာ ေရေၾကာင္းသြားလာမႈ အက်ပ္အတည္းသည္ ကမာၻလုံးဆိုင္ရာ စီးပြားေရးအတြက္ ေရရွည္တိုးတက္မႈအလားအလာမ်ားကို က်ဆင္းသြားေစေၾကာင္း ခရစၥတာလီနာေဂ်ာ္ဂီဗာ က ေျပာခဲ့သည္။

၎က "ဒီလိုအက်ပ္အတည္းေတြကို ရင္ဆိုင္ဖို႔အတြက္ ကြၽန္မတို႔ဟာ ပိုမိုေကာင္းမြန္တဲ့အေနအထားတစ္ခုမွာ ရွိေနဖို႔လိုအပ္ပါတယ္။ကမာၻတစ္ဝွမ္းက ဘ႑ာေရးအာဏာပိုင္ေတြဟာ ဒီလိုအက်ပ္အတည္းေတြကို ခံႏိုင္ရည္ရွိဖို႔ အတြက္ လိုအပ္တဲ့ၾကားခံအရာေတြကို တည္ေဆာက္သင့္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.