ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေးကြောင့် ကလေးငယ်တစ်ဦး သေဆုံး

 331

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးခဲ့တယ်လို့ နိုင်ငံတော်ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံ၊ အရှေ့မြောက်ပိုင်း ကရာတီပြည်နယ်မှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ မိသားစုနဲ့အတူ ကြက်သား စားပြီးနောက် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေ ခံစားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်က သေဆုံးခဲ့ပါတယ်။ အဆိုပါကလေးငယ်ဟာ ပြင်းထန် H5N1 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့တယ်လို့ စမ်းသပ်စစ်ဆေးမှုတွေက အတည်ပြုခဲ့ပါတယ်။

အထောက်အထားတွေအရ လူနာရဲ့အိမ်မှာ ကြက်ငါးကောင်နဲ့ ဘဲသုံးကောင်ဟာ လက်ငှက်တုပ်ကွေးနဲ့ သေဆုံးခဲ့ ပြီး အဆိုပါကြက်တွေနဲ့ ဘဲတွေကို မိသားစုက ချက်ပြုတ်စားသောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အရာရှိတွေဟာ ဗိုင်းရပ်စ်ရဲ့ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ်ဖြစ်ပွားမှုတွေကိုလည်း ဆက်လက်ရှာဖွေ နေတယ်လို့ သိရပါတယ်။

"H5N1 ဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေတာကြောင့် ကြက်ငှက် တုပ်ကွေးရောဂါကို ပြည်သူတွေအားလုံး သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံသတိပေးထားပါတယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

၂ဝ၂၃ ခုနှစ်က နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပါတယ်။

Zawgyi Version;
ကေမာၻဒီးယားမွာ ၾကက္ငွက္တုပ္ေကြးေၾကာင့္ ကေလးငယ္တစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၂

ကေမာၻဒီးယားႏိုင္ငံမွာ အသက္ ကိုးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ၾကက္ငွက္တုပ္ေကြးေၾကာင့္ ေသဆုံးခဲ့တယ္လို႔ ႏိုင္ငံေတာ္က်န္းမာေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၉ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံ၊ အေရွ႕ေျမာက္ပိုင္း ကရာတီျပည္နယ္မွ အသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးဟာ မိသားစုနဲ႔အတူ ၾကက္သား စားၿပီးေနာက္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္းနဲ႔ အသက္ရႉရခက္ခဲျခင္းစတဲ့ ေဝဒနာေတြ ခံစားခဲ့ရၿပီး ေဖေဖာ္ဝါရီ ၈ ရက္က ေသဆုံးခဲ့ပါတယ္။ အဆိုပါကေလးငယ္ဟာ ျပင္းထန္ H5N1 ဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆုံးခဲ့တယ္လို႔ စမ္းသပ္စစ္ေဆးမႈေတြက အတည္ျပဳခဲ့ပါတယ္။

အေထာက္အထားေတြအရ လူနာရဲ႕အိမ္မွာ ၾကက္ငါးေကာင္နဲ႔ ဘဲသုံးေကာင္ဟာ လက္ငွက္တုပ္ေကြးနဲ႔ ေသဆုံးခဲ့ ၿပီး အဆိုပါၾကက္ေတြနဲ႔ ဘဲေတြကို မိသားစုက ခ်က္ျပဳတ္စားေသာက္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ က်န္းမာေရး အရာရွိေတြဟာ ဗိုင္းရပ္စ္ရဲ႕ရင္းျမစ္ကို စုံစမ္းစစ္ေဆးေနၿပီး ေနာက္ထပ္ျဖစ္ပြားမႈေတြကိုလည္း ဆက္လက္ရွာေဖြ ေနတယ္လို႔ သိရပါတယ္။

"H5N1 ဟာ ကြၽန္ေတာ္တို႔ျပည္သူေတြရဲ႕က်န္းမာေရးကို ဆက္လက္ၿခိမ္းေျခာက္ေနတာေၾကာင့္ ၾကက္ငွက္ တုပ္ေကြးေရာဂါကို ျပည္သူေတြအားလုံး သတိထားၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ထပ္မံသတိေပးထားပါတယ္” လို႔ ဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

၂ဝ၂၃ ခုႏွစ္က ႏိုင္ငံမွာ ၾကက္ငွက္တုပ္ေကြးေရာဂါေၾကာင့္ အသက္ႏွစ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး အပါအဝင္ အနည္းဆုံး လူသုံးဦး ေသဆုံးခဲ့ပါတယ္။

Related news

© 2021. All rights reserved.