လယ်မြေ ၁ဝ ဧကအထက် တောင်သူတွေကို ဆန်စပါးအဖွဲ့ချုပ်က ချေးငွေထုတ်ပေးမည်

 1037

NP News - ဖေဖော်ဝါရီ ၁၂

၂ဝ၂၄ ခုနှစ် နွေစပါးစိုက်ရာသီမှာ လယ်ဧက ၁ဝ ဧကအထက်ရှိသည့် တောင်သူတွေကို ချေးငွေထုတ်ချေးခြင်းအား ဖေဖော်ဝါရီလအတွင်း ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှ သိရ သည်။

ချေးငွေထုတ်ချေးရန် ရန်ကုန် ၊ ပဲခူး ၊ နေပြည်တော် ၊ဧရာဝတီတိုင်းမှ တောင်သူဦးရေ ၁ သိန်းကို ကနဦး စိစစ် ရွေးချယ်ထားပြီးဖြစ်သည်။ "လာမယ့်အပတ်ထဲမှာ ထုတ်ချေးဖို့စီစဉ်ထားပါတယ်။ အခုလ ၁၅ ရက်အတွင်း ထုတ်ချေးပေးမှာပါ။ အဓိက တောင်သူတွေ စိုက်ပျိုးစရိတ်အတွက် စိတ်မပူရအောင် ကာလတို ထုတ်ချေးပေးတဲ့ သဘောပါ" ဟု MRF မှ ချေးငွေတာဝန်ခံက ပြောသည်။

ချေးငွေထုတ်ချေးရန် ရွေးချယ်ခံရသည့် တောင်သူတွေအနေဖြင့် လယ်တစ်ဧကို ငွေကျပ် ၄ သိန်း ထုတ်ချေးပေးမှာ ဖြစ်ပြီး ချေးငွေကာလက စပါးသီးနှံတစ်ရာသီ (၄)လမှ (၅)လ အထိဖြစ်ပြီး အတိုးနှုန်းမှာ (၁) နှစ်လျှင် (၁ဝ) ရာခိုင်နှုန်းပေးရမည်ဖြစ်သည်။
ယင်းချေးငွေကို MRF နှင့် ပုဂ္ဂလိကဘဏ်များ ပူးပေါင်းပြီးဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေကို ပုဂ္ဂလိက ဘဏ်တွေ ကနေ တဆင့် ထုတ်ချေးပေးမည်ဖြစ်သည်။
MRF က ချေးငွေ ရယူလိုသည့် တောင်သူတွေကို ချေးငွေလျှောက်ထားခြင်းကို ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်ကစပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် လျှောက်ထားသူအမည်၊ အဘအမည်၊ နိုင်ငံသားကတ်အမှတ်၊ ပုံစံ (၇)အရ - အမည်ပေါက်( တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်၊ကျေးရွာအုပ်စု/ကျေးရွာ၊ကွင်း/ ဦးပိုင်)၊ ဧရိယာဧက စုစုပေါင်း၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုသော ဧက၊ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားလိုသည့် စပါးရာသီ - ၂၀၂၃ ခုနှစ် နွေစပါး/ ၂ဝ၂၄ ခုနှစ် မိုးစပါး၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုသည့် (လ/ခုနှစ်)၊လျှောက်ထားသူ၏ နေရပ်လိပ်စာ အပြည့်အစုံ အပါအဝင် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လျှောက်ထားသူလက်မှတ်များကို ဖြည့်သွင်းပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ Email နဲ့ဖြစ်စေ Viber Phone No. (09-400067240) ဖြစ်စေ၊ တခြားနည်းလမ်းအရဖြစ်စေ ပေးပို့လျှောက်ထားရန် အသိပေးပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ နွေစပါးစိုက်ပျိုးနိုင်သည့်ဒေသများတွင် နွေစပါးကို စိုက်ပျိုးနေ ကြပြီ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဧပြီလ၊ မေလများတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
လယ္ေျမ ၁ဝ ဧကအထက္ ေတာင္သူေတြကို ဆန္စပါးအဖြဲ႕ခ်ဳပ္က ေခ်းေငြထုတ္ေပးမည္
NP News - ေဖေဖာ္ဝါရီ ၁၂

၂ဝ၂၄ ခုႏွစ္ ေႏြစပါးစိုက္ရာသီမွာ လယ္ဧက ၁ဝ ဧကအထက္ရွိသည့္ ေတာင္သူေတြကို ေခ်းေငြထုတ္ေခ်းျခင္းအား ေဖေဖာ္ဝါရီလအတြင္း ေခ်းေငြမ်ားထုတ္ေခ်းေပးသြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ MRF မွ သိရ သည္။

ေခ်းေငြထုတ္ေခ်းရန္ ရန္ကုန္ ၊ ပဲခူး ၊ ေနျပည္ေတာ္ ၊ဧရာဝတီတိုင္းမွ ေတာင္သူဦးေရ ၁ သိန္းကို ကနဦး စိစစ္ ေ႐ြးခ်ယ္ထားၿပီးျဖစ္သည္။ "လာမယ့္အပတ္ထဲမွာ ထုတ္ေခ်းဖို႔စီစဥ္ထားပါတယ္။ အခုလ ၁၅ ရက္အတြင္း ထုတ္ေခ်းေပးမွာပါ။ အဓိက ေတာင္သူေတြ စိုက္ပ်ိဳးစရိတ္အတြက္ စိတ္မပူရေအာင္ ကာလတို ထုတ္ေခ်းေပးတဲ့ သေဘာပါ" ဟု MRF မွ ေခ်းေငြတာဝန္ခံက ေျပာသည္။

ေခ်းေငြထုတ္ေခ်းရန္ ေ႐ြးခ်ယ္ခံရသည့္ ေတာင္သူေတြအေနျဖင့္ လယ္တစ္ဧကို ေငြက်ပ္ ၄ သိန္း ထုတ္ေခ်းေပးမွာ ျဖစ္ၿပီး ေခ်းေငြကာလက စပါးသီးႏွံတစ္ရာသီ (၄)လမွ (၅)လ အထိျဖစ္ၿပီး အတိုးႏႈန္းမွာ (၁) ႏွစ္လွ်င္ (၁ဝ) ရာခိုင္ႏႈန္းေပးရမည္ျဖစ္သည္။
ယင္းေခ်းေငြကို MRF ႏွင့္ ပုဂၢလိကဘဏ္မ်ား ပူးေပါင္းၿပီးေဆာင္႐ြက္ျခင္းျဖစ္ၿပီး ေခ်းေငြကို ပုဂၢလိက ဘဏ္ေတြ ကေန တဆင့္ ထုတ္ေခ်းေပးမည္ျဖစ္သည္။
MRF က ေခ်းေငြ ရယူလိုသည့္ ေတာင္သူေတြကို ေခ်းေငြေလွ်ာက္ထားျခင္းကို ၂၀၂၃ ဒီဇင္ဘာလ ၂၀ ရက္ကစၿပီး ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
ေခ်းေငြရယူလိုသည့္ ေတာင္သူမ်ားအေနျဖင့္ ေလွ်ာက္ထားသူအမည္၊ အဘအမည္၊ ႏိုင္ငံသားကတ္အမွတ္၊ ပုံစံ (၇)အရ - အမည္ေပါက္( တိုင္းေဒသႀကီး/ျပည္နယ္/ၿမိဳ႕နယ္၊ေက်း႐ြာအုပ္စု/ေက်း႐ြာ၊ကြင္း/ ဦးပိုင္)၊ ဧရိယာဧက စုစုေပါင္း၊ ဖြံ႕ၿဖိဳးေရးေခ်းေငြရယူလိုေသာ ဧက၊ ဖြံ႕ၿဖိဳးေရးေခ်းေငြေလွ်ာက္ထားလိုသည့္ စပါးရာသီ - ၂၀၂၃ ခုႏွစ္ ေႏြစပါး/ ၂ဝ၂၄ ခုႏွစ္ မိုးစပါး၊ ဖြံ႕ၿဖိဳးေရးေခ်းေငြရယူလိုသည့္ (လ/ခုႏွစ္)၊ေလွ်ာက္ထားသူ၏ ေနရပ္လိပ္စာ အျပည့္အစုံ အပါအဝင္ ဆက္သြယ္ရန္ ဖုန္းနံပါတ္၊ ေလွ်ာက္ထားသူလက္မွတ္မ်ားကို ျဖည့္သြင္းၿပီး ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္သို႔ Email နဲ႔ျဖစ္ေစ Viber Phone No. (09-400067240) ျဖစ္ေစ၊ တျခားနည္းလမ္းအရျဖစ္ေစ ေပးပို႔ေလွ်ာက္ထားရန္ အသိေပးၿပီး ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသမ်ား၌ ေႏြစပါးစိုက္ပ်ိဳးႏိုင္သည့္ေဒသမ်ားတြင္ ေႏြစပါးကို စိုက္ပ်ိဳးေန ၾကၿပီ ျမန္မာႏိုင္ငံ အထက္ပိုင္းတြင္ ဧၿပီလ၊ ေမလမ်ားတြင္ စတင္စိုက္ပ်ိဳးေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.