ပြင်သစ်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူတွေက ပြတိုက်ရှိ Monet ပန်းချီကားကို ဟင်းရည်နဲ့ပက်ကာ ဖျက်ဆီး

 1056

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၂

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဒီဂျွန်မြို့၊ ပြတိုက်ရှိ Monet ပန်းချီကားတစ်ချပ်ကို ဖေဖော်ဝါရီ ၁ဝ ရက်က ဆန္ဒပြ သူတွေက ဟင်းရည်နဲ့ ပက်ကာ ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဒီဂျွန်မြို့၊ Musee des Beaux-Arts ပြတိုက်မှာ ဖေဖော်ဝါရီ ၁ဝ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃ဝ မိနစ်က ပန်းချီအနုပညာရှင် Claude Monet ရဲ့ Le Printemps (Spring) ပန်းချီကား ဖျက်စီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ ၁၈၇၂ ခုနှစ် က ရေးဆွဲခဲ့တဲ့ အဆိုပါရှေးပန်းချီကားကို မှန်နဲ့ ကာကွယ်ထားပေမယ့်လည်း အနီးကပ် စစ်ဆေးခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းကို ဆက်လက်လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ ပြတိုက်မှ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလကလည်း အဆိုပါ အဖွဲ့က Louvre ပြတိုက်က လီယိုနာဒို ဒါဗင်ချီရဲ့ Mona Lisa ပန်းချီကားကို ဟင်းရည်နဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်ခဲ့တဲ့ တက်ကြွသူ နှစ်ဦးကိုတော့ ပရဟိတ အသင်းတစ်ခုအတွက် စေတနာ့ဝန်ထမ်း လုပ်ဆောင်ဖို့ ပြင်သစ်တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ Riposte Alimentaire တက်ကြွလှုပ်ရှားသူများအဖွဲ့ကတော့ ၎င်းတို့ လုပ်ရပ်ဟာ ပတ်ဝန်းကျင်နဲ့လူ့အဖွဲ့အစည်းအတွက် အစွန်းရောက်လူ့အဖွဲ့အစည်းကို အပြောင်းအလဲဖြစ်စေအောင် လှုံ့ဆော်ဖို့ ရည်ရွယ်တဲ့ ပြင်သစ် လူထုတော်လှန်ရေးလှုပ်ရှားမှု" လို့ ဆိုပါတယ်။ လိုင်ယွန်မြို့တော်ဝန်ကတော့ ဒီအတွက် ပြတ်ပြတ်သားသား အရေးယူမှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံမွာ တက္ႂကြလႈပ္ရွားသူေတြက ျပတိုက္ရွိ Monet ပန္းခ်ီကားကို ဟင္းရည္နဲ႔ပက္ကာ ဖ်က္ဆီး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၂

ျပင္သစ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဒီဂြၽန္ၿမိဳ႕၊ ျပတိုက္ရွိ Monet ပန္းခ်ီကားတစ္ခ်ပ္ကို ေဖေဖာ္ဝါရီ ၁ဝ ရက္က ဆႏၵျပ သူေတြက ဟင္းရည္နဲ႔ ပက္ကာ ဖ်က္စီးခဲ့ၾကတယ္လို႔ သိရပါတယ္။

ျပင္သစ္ႏိုင္ငံရဲ႕တတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ဒီဂြၽန္ၿမိဳ႕၊ Musee des Beaux-Arts ျပတိုက္မွာ ေဖေဖာ္ဝါရီ ၁ဝ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီ ၃ဝ မိနစ္က ပန္းခ်ီအႏုပညာရွင္ Claude Monet ရဲ႕ Le Printemps (Spring) ပန္းခ်ီကား ဖ်က္စီးခံရတာျဖစ္တယ္လို႔ သိရပါတယ္။ ၁၈၇၂ ခုႏွစ္ က ေရးဆြဲခဲ့တဲ့ အဆိုပါေရွးပန္းခ်ီကားကို မွန္နဲ႔ ကာကြယ္ထားေပမယ့္လည္း အနီးကပ္ စစ္ေဆးျခင္းနဲ႔ ျပန္လည္ျပဳျပင္ျခင္းကို ဆက္လက္လုပ္ေဆာင္ရဦးမွာ ျဖစ္တယ္လို႔ ျပတိုက္မွ ေျပာၾကားခဲ့ပါတယ္။

ဇန္နဝါရီလကလည္း အဆိုပါ အဖြဲ႕က Louvre ျပတိုက္က လီယိုနာဒို ဒါဗင္ခ်ီရဲ႕ Mona Lisa ပန္းခ်ီကားကို ဟင္းရည္နဲ႔ ပစ္ေပါက္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီ တိုက္ခိုက္ခဲ့တဲ့ တက္ႂကြသူ ႏွစ္ဦးကိုေတာ့ ပရဟိတ အသင္းတစ္ခုအတြက္ ေစတနာ့ဝန္ထမ္း လုပ္ေဆာင္ဖို႔ ျပင္သစ္တရား႐ုံးက စီရင္ခ်က္ခ်ခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္မႈေတြျပဳလုပ္ခဲ့တဲ့ Riposte Alimentaire တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕ကေတာ့ ၎တို႔ လုပ္ရပ္ဟာ ပတ္ဝန္းက်င္နဲ႔လူ႔အဖြဲ႕အစည္းအတြက္ အစြန္းေရာက္လူ႔အဖြဲ႕အစည္းကို အေျပာင္းအလဲျဖစ္ေစေအာင္ လႈံ႕ေဆာ္ဖို႔ ရည္႐ြယ္တဲ့ ျပင္သစ္ လူထုေတာ္လွန္ေရးလႈပ္ရွားမႈ" လို႔ ဆိုပါတယ္။ လိုင္ယြန္ၿမိဳ႕ေတာ္ဝန္ကေတာ့ ဒီအတြက္ ျပတ္ျပတ္သားသား အေရးယူမႈေတြနဲ႔ တုံ႔ျပန္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.