တောင်ကိုရီးယားသရုပ်ဆောင် ဂျီချောင်ဝုခ် အခန်းတွင်း ဆေးလိပ်သောက်မိခြင်းအတွက် အေဂျင်စီမှ ပြန်လည်တောင်းပန်

 860

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၂

တောင်ကိုရီးယားသရုပ်ဆောင် ဂျီချောင်ဝုခ်ဟာ ဇန်နဝါရီ ၂၆ ရက်က အခန်းတွင်း ဆေးလိပ်သောက်မိခြင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒီအတွက်သူ့ရဲ့အေဂျင်စီက တရားဝင်တောင်းပန်ချက် ထုတ်ပြန်ခဲ့ ပါတယ်။

တောင်ကိုရီးယား ဒရာမာ "Welcome to Samdalri” ထဲက မင်းသားဂျီချောင်ဝုခ်ဟာ မိုးလုံလေလုံ အဆောက်အဦးခန်းထဲမှာ အီလက်ထရွန်နစ် စီးကရက် သောက်နေတဲ့ Behind the scene ဗီဒီယိုဖိုင်ကို ၎င်းရဲ့ "Welcome to Samdalri" team က အွန်လိုင်းမှာ တင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ သတ်မှတ်ထားတဲ့ ဆေးလိပ်သောက်ဖို့ နေရာများမှလွဲလို့ အများသူငှာနေရာတွေမှာ ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) vape သောက်ခြင်းဟာ တရားမဝင်ပါဘူး။ ဒါကြောင့် အဆိုပါဗီဒီယိုဖိုင်ဟာ အငြင်းပွားဖွယ်ရာတွေဖြစ်ပွားခဲ့ပြီး “Welcome to Samdalri” အဖွဲ့က အဆိုပါဗီဒီယိုကို ပြန်ဖျက်ပစ်ခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်မှာတော့ ဂျီချောင်ဝုခ် ရဲ့အေဂျင်စီ Spring Company က" ဇန်နဝါရီ ၂၆ ရက်က ထွက်ရှိခဲ့တဲ့ ဒရာမာရိုက်ကွင်းမှာ ဂျီချောင်ဝုခ်ရဲ့ ပုံရိပ်ဗီဒီယိုနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သူတိုင်းကို တောင်းပန်ပါတယ်။ မင်းသား ဂျီချောင်ဝုခ် ဟာလည်း သူ့အပြုအမူ မလျော်ကန်ကြောင်း သိရှိပြီး ပရိသတ်ကို စိတ်ပျက်စေခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ နောက် ဒီလိုမလျော်ကန်တဲ့ အပြုအမူမျိုး ထပ်မံမဖြစ်ပွားစေဖို့ အထူးဂရုစိုက်ပါမယ်" လို့ ရေးသားကာ တောင်းပန်ခဲ့ ပါတယ်။

မင်းသာ ဂျီချောင်ဝုဒ်ဟာ ၂ဝ၁၄ ခုနှစ်က Empress Ki ဇာတ်လမ်းတွဲနဲ့ လူသိများခဲ့ပြီး "Healer" "The K2" "Welcome to Samdal-ri" ဒရာမာနဲ့ အောင်မြင်မှုတွေ ရရှိထားသူဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ဂ်ီေခ်ာင္ဝုခ္ အခန္းတြင္း ေဆးလိပ္ေသာက္မိျခင္းအတြက္ ေအဂ်င္စီမွ ျပန္လည္ေတာင္းပန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၂

ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ဂ်ီေခ်ာင္ဝုခ္ဟာ ဇန္နဝါရီ ၂၆ ရက္က အခန္းတြင္း ေဆးလိပ္ေသာက္မိျခင္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။ ဒီအတြက္သူ႔ရဲ႕ေအဂ်င္စီက တရားဝင္ေတာင္းပန္ခ်က္ ထုတ္ျပန္ခဲ့ ပါတယ္။

ေတာင္ကိုရီးယား ဒရာမာ "Welcome to Samdalri” ထဲက မင္းသားဂ်ီေခ်ာင္ဝုခ္ဟာ မိုးလုံေလလုံ အေဆာက္အဦးခန္းထဲမွာ အီလက္ထ႐ြန္နစ္ စီးကရက္ ေသာက္ေနတဲ့ Behind the scene ဗီဒီယိုဖိုင္ကို ၎ရဲ႕ "Welcome to Samdalri" team က အြန္လိုင္းမွာ တင္ခဲ့ပါတယ္။ ေတာင္ကိုရီးယားမွာ သတ္မွတ္ထားတဲ့ ေဆးလိပ္ေသာက္ဖို႔ ေနရာမ်ားမွလြဲလို႔ အမ်ားသူငွာေနရာေတြမွာ ေဆးလိပ္ေသာက္ျခင္း (သို႔မဟုတ္) vape ေသာက္ျခင္းဟာ တရားမဝင္ပါဘူး။ ဒါေၾကာင့္ အဆိုပါဗီဒီယိုဖိုင္ဟာ အျငင္းပြားဖြယ္ရာေတြျဖစ္ပြားခဲ့ၿပီး “Welcome to Samdalri” အဖြဲ႕က အဆိုပါဗီဒီယိုကို ျပန္ဖ်က္ပစ္ခဲ့ရပါတယ္။ ေဖေဖာ္ဝါရီလ ၁၁ ရက္မွာေတာ့ ဂ်ီေခ်ာင္ဝုခ္ ရဲ႕ေအဂ်င္စီ Spring Company က" ဇန္နဝါရီ ၂၆ ရက္က ထြက္ရွိခဲ့တဲ့ ဒရာမာ႐ိုက္ကြင္းမွာ ဂ်ီေခ်ာင္ဝုခ္ရဲ႕ ပုံရိပ္ဗီဒီယိုနဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့သူတိုင္းကို ေတာင္းပန္ပါတယ္။ မင္းသား ဂ်ီေခ်ာင္ဝုခ္ ဟာလည္း သူ႔အျပဳအမူ မေလ်ာ္ကန္ေၾကာင္း သိရွိၿပီး ပရိသတ္ကို စိတ္ပ်က္ေစခဲ့တဲ့အတြက္ ဝမ္းနည္းမိပါတယ္။ ေနာက္ ဒီလိုမေလ်ာ္ကန္တဲ့ အျပဳအမူမ်ိဳး ထပ္မံမျဖစ္ပြားေစဖို႔ အထူးဂ႐ုစိုက္ပါမယ္" လို႔ ေရးသားကာ ေတာင္းပန္ခဲ့ ပါတယ္။

မင္းသာ ဂ်ီေခ်ာင္ဝုဒ္ဟာ ၂ဝ၁၄ ခုႏွစ္က Empress Ki ဇာတ္လမ္းတြဲနဲ႔ လူသိမ်ားခဲ့ၿပီး "Healer" "The K2" "Welcome to Samdal-ri" ဒရာမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.