ရန်ကုန်မြို့လယ်ခေါင်၌ တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင်ပြီးနောက် ရပ်ထားသည့် ကား(၁၀)စီးအား ဝင်တိုက်မှုဖြစ်ပွား

 2731

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင်ပြီးနောက် ရပ်ထားသည့် ကား(၁၀)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရင်ဘက်တူ ညီကိုများပရဟိတလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၁၁ ရက်)၊ ည ၁၂ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တာမွေပလာဇာရှေ့မှာ လူ(၃)ယောက်က တက္ကစီတားစီးကြတယ်။ အဲဒီထဲက တစ်ယောက်က တက္ကစီသမားရဲ့လည်ပင်းနားကို ဓားနဲ့ထိုးပြီး အဲဒီအနားမှာ ပစ်ချခဲ့တာ။ ပြီးတော့ ကားကိုမောင်းပြေးလာခဲ့တာမှာ ယုဇနပလာဇာ ရှေ့လည်းရောက်ရော ရပ်ထားတဲ့ ကားတွေကို ဝင်တိုက်ပြီးတော့ ထိပ်ဆုံးကကားလည်းကြရော ကားဘီးက ကား(၂)စီးကြားထဲဝင်သွားတာ။ အဲဒီမှာဆက်မောင်းလို့ မရတော့တဲ့အခါကြ သူတို့က ဆင်းပြေးကြတာမှာ ရပ်ကွက်ထဲက လူတွေက ဝိုင်းဖမ်းလိုက်ကြတာ”ဟု ရင်ဘက်တူ ညီကိုများ ပရဟိတလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်အထိုးခံသည့် အသက်(၅၀)ကျော် တက္ကစီယာဉ်မောင်းအမျိုးသားသည် လည်ပင်းထိုးသွင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကားဖြင့်ဝင်တိုက်ခံရမှုကြောင့် ယုဇနပလာဇာရှေ့တွင် ရပ်ထားသည့် ကား(၁၀)စီးခန့်သည်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ ကြောင်း သိရသည်။

“ကားပေါ်မှာက မိန်းကလေးက(၂)ယောက်ပါတယ်။ ယောက်ျားလေးက တစ်ယောက်ပါတယ်။ သူတို့(၃)ဦးထဲကမှ ယောက်ျားလေးက အရက်သောက်ထားတဲ့ပုံစံပါ။ ကောင်မ လေး(၂)ယောက်ကတော့ စမ်းချောင်းကလို့သိရတယ်။ ကောင်လေးကတော့ သေချာမသိရ သေးဘူး။ လူငယ်တွေပါပဲ”ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို ရင်ဘက်တူ ညီကိုများလူမှုကယ်ဆယ်ရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား တာမွေမြို့မရဲစခန်းမှ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕လယ္ေခါင္၌ တကၠစီယာဥ္ေမာင္းကို ဓားျဖင့္ထိုးကာ ကားလုယက္ယူေဆာင္ ၿပီးေနာက္ ရပ္ထားသည့္ ကား(၁၀)စီးအား ဝင္တိုက္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၂

ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္တြင္ တကၠစီယာဥ္ေမာင္းကို ဓားျဖင့္ထိုးကာ ကားလုယက္ယူေဆာင္ၿပီးေနာက္ ရပ္ထားသည့္ ကား(၁၀)စီးအား ဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ရင္ဘက္တူ ညီကိုမ်ားပရဟိတလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁၁ ရက္)၊ ည ၁၂ နာရီအခ်ိန္ခန႔္တြင္ တာေမြၿမိဳ႕နယ္၊ ယုဇနပလာဇာေရွ႕၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“တာေမြပလာဇာေရွ႕မွာ လူ(၃)ေယာက္က တကၠစီတားစီးၾကတယ္။ အဲဒီထဲက တစ္ေယာက္က တကၠစီသမားရဲ႕လည္ပင္းနားကို ဓားနဲ႔ထိုးၿပီး အဲဒီအနားမွာ ပစ္ခ်ခဲ့တာ။ ၿပီးေတာ့ ကားကိုေမာင္းေျပးလာခဲ့တာမွာ ယုဇနပလာဇာ ေရွ႕လည္းေရာက္ေရာ ရပ္ထားတဲ့ ကားေတြကို ဝင္တိုက္ၿပီးေတာ့ ထိပ္ဆုံးကကားလည္းၾကေရာ ကားဘီးက ကား(၂)စီးၾကားထဲဝင္သြားတာ။ အဲဒီမွာဆက္ေမာင္းလို႔ မရေတာ့တဲ့အခါၾက သူတို႔က ဆင္းေျပးၾကတာမွာ ရပ္ကြက္ထဲက လူေတြက ဝိုင္းဖမ္းလိုက္ၾကတာ”ဟု ရင္ဘက္တူ ညီကိုမ်ား ပရဟိတလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ဓားျဖင့္အထိုးခံသည့္ အသက္(၅၀)ေက်ာ္ တကၠစီယာဥ္ေမာင္းအမ်ိဳးသားသည္ လည္ပင္းထိုးသြင္းဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ကားျဖင့္ဝင္တိုက္ခံရမႈေၾကာင့္ ယုဇနပလာဇာေရွ႕တြင္ ရပ္ထားသည့္ ကား(၁၀)စီးခန႔္သည္လည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ ေၾကာင္း သိရသည္။

“ကားေပၚမွာက မိန္းကေလးက(၂)ေယာက္ပါတယ္။ ေယာက္်ားေလးက တစ္ေယာက္ပါတယ္။ သူတို႔(၃)ဦးထဲကမွ ေယာက္်ားေလးက အရက္ေသာက္ထားတဲ့ပုံစံပါ။ ေကာင္မ ေလး(၂)ေယာက္ကေတာ့ စမ္းေခ်ာင္းကလို႔သိရတယ္။ ေကာင္ေလးကေတာ့ ေသခ်ာမသိရ ေသးဘူး။ လူငယ္ေတြပါပဲ”ဟု ၎ကဆက္လက္ေျပာသည္။

၎ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသားကို ရင္ဘက္တူ ညီကိုမ်ားလူမႈကယ္ဆယ္ေရးအသင္းမွ သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအား တာေမြၿမိဳ႕မရဲစခန္းမွ စစ္ေဆးအေရးယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.