အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးပြော

 1513

Pika (NP News) - ဖေဖော်ဝါရီ ၁၂

ဒေသတွင်းပဋိပက္ခများဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ အစ္စရေးနိုင်ငံနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ရေးပဋိပက္ခ နှင့်ပတ်သက်ပြီး ဆီးရီးယားနိုင်ငံက ၎င်း၏နယ်မြေများကို ကာကွယ်ရန်အတွက် အပြည့်အဝပြင်ဆင်ထားကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်မက်ခ်ဒဒ်က ပြောကြားခဲ့သည်။

ဖိုင်ဆယ်မက်ခ်ဒဒ်သည် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian နှင့် Damascus မြို့တွင် တွေ့ဆုံချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့နှစ်ဦးသည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ပါလက်စတိုင်းလူမျိုးများအတွက် ပူးတွဲကူညီပံ့ပိုးမှုများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဖိုင်ဆယ်မက်ခ်ဒဒ်က "ဆီးရီးယားဟာ အစ္စရေးရဲ့သိမ်းပိုက်မှုတွေကို ဆန့်ကျင်ပြီး စစ်ပွဲတွေတိုက်ဖို့ အဆင်သင့်ဖြစ် နေပါပြီ။ ဘယ်အချိန်နဲ့ ဘယ်လိုတိုက်ခိုက်မယ်ဆိုတာကိုပဲ ဆုံးဖြတ်ဖို့လိုတော့တာပါ" ဟု ပြောခဲ့သည်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့ ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ ဂိုလန် ကုန်းမြင့်များ၏ အရေးပါမှုကိုလည်း သတိပြုမိကြောင်း ဖိုင်ဆယ်မက်ခ်ဒဒ်က ပြောကြားခဲ့သည်။ ဖိုင်ဆယ်မက်ခ်ဒဒ် က "ဂိုလန်ကုန်းမြင့်တွေကို အစ္စရေးရဲ့သိမ်းပိုက်မှု အဆုံးသတ်ဖို့က ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးအချက်ပါ။ ဒီလွတ်မြောက်ရေးစစ်ဆင်ရေးအတွက် တန်ဖိုးတွေကို ပေးဆပ်ဖို့ဆီးရီးယားက အဆင်သင့်ဖြစ်နေ ပါပြီ" ဟု ပြောခဲ့သည်။

ထို့အပြင် ဆီးရီးယားနိုင်ငံအတွင်းတွင် အမေရိကန်နှင့်တူရကီတပ်ဖွဲ့ဝင်များ ရှိနေခြင်းသည် တရားမဝင်ကြောင်းနှင့် အဆုံးသတ်ချိန်နီးလာပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ ၎င်းက "နိုင်ငံခြားတပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံ အတွင်းမှာ တရားမဝင်ရှိနေတာပါ။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပါလက်စတိုင်းလူမျိုးတွေအပေါ် လူမျိုးသုဥ◌်း သတ်ဖြတ်မှုကို ကျူးလွန်နေတာပါဟု ပြောဆိုသည်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အစၥေရးႏွင့္ စစ္ပြဲျဖစ္ပြားရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

ေဒသတြင္းပဋိပကၡမ်ားဆက္လက္ျဖစ္ပြားေနမႈႏွင့္အတူ အစၥေရးႏိုင္ငံႏွင့္ျဖစ္ပြားလာႏိုင္ေျခရွိေသာ စစ္ေရးပဋိပကၡ ႏွင့္ပတ္သက္ၿပီး ဆီးရီးယားႏိုင္ငံက ၎၏နယ္ေျမမ်ားကို ကာကြယ္ရန္အတြက္ အျပည့္အဝျပင္ဆင္ထားေၾကာင္း ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီး ဖိုင္ဆယ္မက္ခ္ဒဒ္က ေျပာၾကားခဲ့သည္။

ဖိုင္ဆယ္မက္ခ္ဒဒ္သည္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Hossein Amir-Abdollahian ႏွင့္ Damascus ၿမိဳ႕တြင္ ေတြ႕ဆုံခ်ိန္အတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ၎တို႔ႏွစ္ဦးသည္ အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္ၿပီး ပါလက္စတိုင္းလူမ်ိဳးမ်ားအတြက္ ပူးတြဲကူညီပံ့ပိုးမႈမ်ားကို ေဆြးေႏြးခဲ့ၾက ေၾကာင္း သိရသည္။

ဖိုင္ဆယ္မက္ခ္ဒဒ္က "ဆီးရီးယားဟာ အစၥေရးရဲ႕သိမ္းပိုက္မႈေတြကို ဆန႔္က်င္ၿပီး စစ္ပြဲေတြတိုက္ဖို႔ အဆင္သင့္ျဖစ္ ေနပါၿပီ။ ဘယ္အခ်ိန္နဲ႔ ဘယ္လိုတိုက္ခိုက္မယ္ဆိုတာကိုပဲ ဆုံးျဖတ္ဖို႔လိုေတာ့တာပါ" ဟု ေျပာခဲ့သည္။

၁၉၆၇ ခုႏွစ္ကတည္းက အစၥေရးတို႔ ထိန္းခ်ဳပ္ထားေသာ ဆီးရီးယားႏိုင္ငံအေနာက္ေတာင္ပိုင္းရွိ ဂိုလန္ ကုန္းျမင့္မ်ား၏ အေရးပါမႈကိုလည္း သတိျပဳမိေၾကာင္း ဖိုင္ဆယ္မက္ခ္ဒဒ္က ေျပာၾကားခဲ့သည္။ ဖိုင္ဆယ္မက္ခ္ဒဒ္ က "ဂိုလန္ကုန္းျမင့္ေတြကို အစၥေရးရဲ႕သိမ္းပိုက္မႈ အဆုံးသတ္ဖို႔က ကြၽန္ေတာ္တို႔ရဲ႕ အဓိကဦးစားေပးအခ်က္ပါ။ ဒီလြတ္ေျမာက္ေရးစစ္ဆင္ေရးအတြက္ တန္ဖိုးေတြကို ေပးဆပ္ဖို႔ဆီးရီးယားက အဆင္သင့္ျဖစ္ေန ပါၿပီ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ဆီးရီးယားႏိုင္ငံအတြင္းတြင္ အေမရိကန္ႏွင့္တူရကီတပ္ဖြဲ႕ဝင္မ်ား ရွိေနျခင္းသည္ တရားမဝင္ေၾကာင္းႏွင့္ အဆုံးသတ္ခ်ိန္နီးလာၿပီျဖစ္ေၾကာင္း ၎က ထပ္မံေျပာခဲ့သည္။ ၎က "ႏိုင္ငံျခားတပ္ဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံ အတြင္းမွာ တရားမဝင္ရွိေနတာပါ။ အေမရိကန္နဲ႔ အစၥေရးတို႔ဟာ ပါလက္စတိုင္းလူမ်ိဳးေတြအေပၚ လူမ်ိဳးသုဥ◌္း သတ္ျဖတ္မႈကို က်ဴးလြန္ေနတာပါဟု ေျပာဆိုသည္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.