အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ကမ်းပိန်း TikTok တွင် ပါဝင်လာ

 800

Pika (NP News) - ဖေဖော်ဝါရီ ၁၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ကမ်းပိန်းသည် နိုင်ငံရေးအရ အငြင်းပွားမှုများရှိနေသော ဆိုရှယ်မီဒီယာအပ်ပ် တစ်ခုဖြစ်သည့် TikTok တွင် ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန် ကမ်းပိန်းကလုပ်ဆောင်သော Biden-Harris HQ သည် ၎င်း၏ပထမဆုံး TikTok ပို့စ်ကို ဖေဖော်ဝါရီလ (၁၁)ရက် ညပိုင်းတွင် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပို့စ်တွင် ဂျိုးဘိုင်ဒန်သည် Super Bowl ဘောလုံး အားကစားနှင့်ပတ်သက်သည့်မေးခွန်းများကို ဖြေကြားပေးခဲ့ကြောင်းလည်း သိရသည်။

Super Bowl ဘောလုံးအားကစား အသင်းများဖြစ်သည့် Kansas City Chiefs (သို့မဟုတ်) the San Francisco 49ers အသင်းတို့ကို အားပေးနေသလားဆိုသည့်မေးခွန်းများကို ဂျိုးဘိုင်ဒန်က ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန် က "ကျွန်တော်ကတော့ Philadelphia Eagles အသင်းကိုပဲ အားပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ဇနီးဖြစ်သူက Philadelphia က မို့လို့ပါပဲ။ နို့မို့ဆို ကျွန်တော်တစ်ယောက်တည်း အိပ်နေရပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။ တရုတ်နိုင်ငံ၏ TikTok အပ်ပ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုများရှိနေသည့်အချိန်တွင် ဂျိုးဘိုင်ဒန်ကမ်းပိန်းက အဆိုပါဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ် ကြောင်း သိရသည်။

လုံခြုံရေးစိုးရိမ်မှုများနှင့်ပတ်သက်ပြီး TikTok အပ်ပ် အသုံးပြုမှုအား တားမြစ်ပိတ်ပင်ရန် နှစ်ဖက်ပါတီများရှိ လွှတ်တော်ခေါင်းဆောင်များက တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် အမေရိကန်အစိုးရသည် အစိုးရပိုင်စက်ပစ္စည်းများအားလုံးတွင် TikTok အပ်ပ်ကို ဖယ်ရှားရန် ဖက်ဒရယ်အေဂျင်စီများကို ရက်ပေါင်း(၃ဝ) အချိန်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန်၏ ပြည်နယ်အများစုသည် အစိုးရပိုင်စက်ပစ္စည်းများတွင် TikTok အပ်ပ် အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း TikTok သည် အသက်(၃ဝ)နှစ်အောက် အမေရိကန်နိုင်ငံသားများကြားတွင် အလွန်ရေပန်းစားနေသည့် အပ်ပ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက်များ၏(၆၃)ရာခိုင်နှုန်းသည် TikTok ကို အသုံးပြုနေကြောင်း Pew သုတေသန စင်တာက ပြောကြားခဲ့သည်။ ဂျိုးဘိုင်ဒန်သည် လူငယ်မဲဆန္ဒရှင်များထံမှ ထောက်ခံမှုများရရှိရန် ရုန်းကန်နေရသည့် အချိန်တွင် TikTokမှာ ဂျိုးဘိုင်ဒန်ကမ်းပိန်းထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version;
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၏ ကမ္းပိန္း TikTok တြင္ ပါဝင္လာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၏ ကမ္းပိန္းသည္ ႏိုင္ငံေရးအရ အျငင္းပြားမႈမ်ားရွိေနေသာ ဆိုရွယ္မီဒီယာအပ္ပ္ တစ္ခုျဖစ္သည့္ TikTok တြင္ ပါဝင္လာၿပီျဖစ္ေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒန္ ကမ္းပိန္းကလုပ္ေဆာင္ေသာ Biden-Harris HQ သည္ ၎၏ပထမဆုံး TikTok ပို႔စ္ကို ေဖေဖာ္ဝါရီလ (၁၁)ရက္ ညပိုင္းတြင္ တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါပို႔စ္တြင္ ဂ်ိဳးဘိုင္ဒန္သည္ Super Bowl ေဘာလုံး အားကစားႏွင့္ပတ္သက္သည့္ေမးခြန္းမ်ားကို ေျဖၾကားေပးခဲ့ေၾကာင္းလည္း သိရသည္။

Super Bowl ေဘာလုံးအားကစား အသင္းမ်ားျဖစ္သည့္ Kansas City Chiefs (သို႔မဟုတ္) the San Francisco 49ers အသင္းတို႔ကို အားေပးေနသလားဆိုသည့္ေမးခြန္းမ်ားကို ဂ်ိဳးဘိုင္ဒန္က ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒန္ က "ကြၽန္ေတာ္ကေတာ့ Philadelphia Eagles အသင္းကိုပဲ အားေပးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ဇနီးျဖစ္သူက Philadelphia က မို႔လို႔ပါပဲ။ ႏို႔မို႔ဆို ကြၽန္ေတာ္တစ္ေယာက္တည္း အိပ္ေနရပါလိမ့္မယ္" ဟု ေျဖၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံ၏ TikTok အပ္ပ္ႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိေနသည့္အခ်ိန္တြင္ ဂ်ိဳးဘိုင္ဒန္ကမ္းပိန္းက အဆိုပါဆိုရွယ္မီဒီယာပလက္ေဖာင္းတြင္ ပါဝင္ရန္ ဆုံးျဖတ္ခ်က္ထြက္ေပၚလာျခင္းျဖစ္ ေၾကာင္း သိရသည္။

လုံၿခဳံေရးစိုးရိမ္မႈမ်ားႏွင့္ပတ္သက္ၿပီး TikTok အပ္ပ္ အသုံးျပဳမႈအား တားျမစ္ပိတ္ပင္ရန္ ႏွစ္ဖက္ပါတီမ်ားရွိ လႊတ္ေတာ္ေခါင္းေဆာင္မ်ားက ေတာင္းဆိုခဲ့ၾကေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ အေမရိကန္အစိုးရသည္ အစိုးရပိုင္စက္ပစၥည္းမ်ားအားလုံးတြင္ TikTok အပ္ပ္ကို ဖယ္ရွားရန္ ဖက္ဒရယ္ေအဂ်င္စီမ်ားကို ရက္ေပါင္း(၃ဝ) အခ်ိန္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ အေမရိကန္၏ ျပည္နယ္အမ်ားစုသည္ အစိုးရပိုင္စက္ပစၥည္းမ်ားတြင္ TikTok အပ္ပ္ အသုံးျပဳမႈကို တားျမစ္ပိတ္ပင္ခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း TikTok သည္ အသက္(၃ဝ)ႏွစ္ေအာက္ အေမရိကန္ႏိုင္ငံသားမ်ားၾကားတြင္ အလြန္ေရပန္းစားေနသည့္ အပ္ပ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ အေမရိကန္ႏိုင္ငံရွိ ဆယ္ေက်ာ္သက္မ်ား၏(၆၃)ရာခိုင္ႏႈန္းသည္ TikTok ကို အသုံးျပဳေနေၾကာင္း Pew သုေတသန စင္တာက ေျပာၾကားခဲ့သည္။ ဂ်ိဳးဘိုင္ဒန္သည္ လူငယ္မဲဆႏၵရွင္မ်ားထံမွ ေထာက္ခံမႈမ်ားရရွိရန္ ႐ုန္းကန္ေနရသည့္ အခ်ိန္တြင္ TikTokမွာ ဂ်ိဳးဘိုင္ဒန္ကမ္းပိန္းထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.