တင်းမာမှုများမြင့်တက်နေသည့်ကြားက အမေရိကန်နှင့် ဖိလစ်ပိုင်တို့ ရေကြောင်းပူးတွဲကင်းလှည့်မှု ထပ်မံပြုလုပ်

 455

Pika (NP News) - ဖေဖော်ဝါရီ ၁၂

တရုတ်နိုင်ငံနှင့်တင်းမာမှုများရှိနေသည့်ကြားက အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်တွင် အနည်းဆုံး(၃)လအတွင်း တတိယအကြိမ်မြောက် ရေကြောင်းပူးတွဲကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်အတွက် ယခုကဲ့သို့ ကင်းလှည့်မှု များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ အမေရိကန်ရေတပ် က "ဖိလစ်ပိုင်နဲ့ အမေရိကန်ရေတပ်တို့ဟာ ဖေဖော်ဝါရီလ(၉)ရက်မှာ အဆင့်မြင့်အစီအစဉ်ဆွဲမှုတွေနဲ့ ရေကြောင်း ဆက်သွယ်ရေး၊ စစ်ဆင်ရေးတွေ ပါဝင်တဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုကို တောင်တရုတ်ပင်လယ်အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်ခိုက်ရေးနဲ့ ကင်းလှည့်သင်္ဘောတွေအပြင် ရဟတ်ယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုက ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် အမေရိကန်နှင့် ဖိလစ်ပိုင် တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးလာနေခြင်းကို ပြသနိုင်ခဲ့ကြောင်းလည်းသိရသည်။ပြီးခဲ့သည့်နှစ်တွင် ဖိလစ်ပိုင်နှင့် တရုတ်တို့၏ သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်း တိုက်မိမှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် နှင့် ဖိလစ်ပိုင်တို့သည် အလားတူ ရေကြောင်းပူးတွဲလေ့ကျင့်မှုများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နှောင်းပိုင်းနှင့် ယခုနှစ်အစောပိုင်းတို့တွင် လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်နာဂျူနီယာက"ဒီလိုအဆက်မပြတ် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေဟာ ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်တပ်တို့ကြားမှာ တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးကို ထင်ရှားစေခဲ့ပါတယ်" ဟု ပြောခဲ့ သည်။

Zawgyi Version;
တင္းမာမႈမ်ားျမင့္တက္ေနသည့္ၾကားက အေမရိကန္ႏွင့္ ဖိလစ္ပိုင္တို႔ ေရေၾကာင္းပူးတြဲကင္းလွည့္မႈ ထပ္မံျပဳလုပ္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

တ႐ုတ္ႏိုင္ငံႏွင့္တင္းမာမႈမ်ားရွိေနသည့္ၾကားက အေမရိကန္ႏွင့္ ဖိလစ္ပိုင္တို႔သည္ ေတာင္တ႐ုတ္ပင္လယ္တြင္ အနည္းဆုံး(၃)လအတြင္း တတိယအႀကိမ္ေျမာက္ ေရေၾကာင္းပူးတြဲကင္းလွည့္မႈကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုအားေကာင္းေစရန္အတြက္ ယခုကဲ့သို႔ ကင္းလွည့္မႈ မ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။ အေမရိကန္ေရတပ္ က "ဖိလစ္ပိုင္နဲ႔ အေမရိကန္ေရတပ္တို႔ဟာ ေဖေဖာ္ဝါရီလ(၉)ရက္မွာ အဆင့္ျမင့္အစီအစဥ္ဆြဲမႈေတြနဲ႔ ေရေၾကာင္း ဆက္သြယ္ေရး၊ စစ္ဆင္ေရးေတြ ပါဝင္တဲ့ ေရေၾကာင္းပူးေပါင္းေဆာင္႐ြက္မႈကို ေတာင္တ႐ုတ္ပင္လယ္အတြင္း လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈအတြင္း တိုက္ခိုက္ေရးနဲ႔ ကင္းလွည့္သေဘၤာေတြအျပင္ ရဟတ္ယာဥ္ေတြလည္း ပါဝင္ခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

အဆိုပါ စစ္ေရးေလ့က်င့္မႈက ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာလက္ထက္တြင္ အေမရိကန္ႏွင့္ ဖိလစ္ပိုင္ တို႔ၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးလာေနျခင္းကို ျပသႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ၿပီးခဲ့သည့္ႏွစ္တြင္ ဖိလစ္ပိုင္ႏွင့္ တ႐ုတ္တို႔၏ သေဘၤာမ်ားသည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း တိုက္မိမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ား ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ ႏွင့္ ဖိလစ္ပိုင္တို႔သည္ အလားတူ ေရေၾကာင္းပူးတြဲေလ့က်င့္မႈမ်ားကို ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလ ေႏွာင္းပိုင္းႏွင့္ ယခုႏွစ္အေစာပိုင္းတို႔တြင္ လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္း သိရသည္။ ဖိလစ္ပိုင္စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ႐ိုမီယိုဘေရာင္နာဂ်ဴနီယာက"ဒီလိုအဆက္မျပတ္ ေရေၾကာင္းပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ဖိလစ္ပိုင္နဲ႔ အေမရိကန္ စစ္တပ္တို႔ၾကားမွာ တည္တံ့တဲ့ မိတ္ဖက္ဆက္ဆံေရးကို ထင္ရွားေစခဲ့ပါတယ္" ဟု ေျပာခဲ့ သည္။

Picture

YeMin Thein

13/02/2024 03:47

ကာချုပ်လို ဘုရားတကာထက် ဘုရင့်နောင်လို ဦးအောင်ဇေယျလို ဖိုက်တာစစ်စစ်တွေ ပေါ်လာမှ သာ ပြည်ထောင်စု တည်မြဲတော့မယ်

Related news

© 2021. All rights reserved.