CI စာအုပ်ဖြင့် အလုပ်လုပ်ကိုင်နေသော ထိုင်းရောက်မြန်မာလုပ်သားများကို နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်ရရှိရန် Mobile Team ဖြင့် သွားရောက်ဆောင်ရွက်ပေးမည်

 4387

Pearl (NP News) - ဖေဖော်ဝါရီ ၁၂

CI စာအုပ်ဖြင့် အလုပ်လုပ်ကိုင်နေသော ထိုင်းရောက်မြန်မာလုပ်သားများကို နိုင်ငံကူး လက်မှတ်ထုတ်ယူခွင့်ရရှိရန် Mobile Team ဖြင့် သွားရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၁၂ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၌ CI စာအုပ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် မဟာချိုင်တွင် ဖွင့်လှစ်ထားသော TDCC ရုံးခွဲ၌ လိုအပ်သောစာရွက်စာတမ်းများဖြင့် လာရောက်လျှောက်ထားပါက CI စာအုပ်မှ နိုင်ငံကူးလက်မှတ် (PJ – Passport) စာအုပ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ထိုင်းနိုင်ငံအတွင်း CI စာအုပ်ကိုင်ဆောင်ပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်လုပ်နေသော မြန်မာလုပ်သားများကို စက်ရုံ/အလုပ်ရုံများသို့ Mobile Team ဖြင့် သွားရောက်၍ အချက်အလက်ကောက်ယူခြင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်ပြီး မှန်ကန်မှု ရှိ/မရှိ အတည်ပြုခြင်း နှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးခွင့်ရယူခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သံရုံးက ဆိုသည်။

အချက်အလက် ကောက်ယူချိန်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများအနေဖြင့် သတ် မှတ်ကိုယ်ရေးမှတ်တမ်းပုံစံ ဖြည့်စွက်ထားခြင်း (ဓါတ်ပုံပါ) နှင့် ကိုင်ဆောင်ထားသည့် CI စာအုပ်မူရင်း၊ CI စာအုပ်၏ ဓါတ်ပုံပါ စာမျက်နှာမိတ္တူ ၊ CI စာအုပ်၏ ဗီဇာပါ စာမျက်နှာမိတ္တူ ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မိတ္တူ ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ ၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ လက်ဝယ်၌ ရှိနေရမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံကူးလက်မှတ်ထုတ်ယူခွင့် ရရှိသူများသည် လက်မှတ်ထုတ်ယူပြီးပါက စက်ရုံ/အလုပ်ရုံ အစီအစဉ်ဖြင့် အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်ကာ MOU လုပ်သား အဖြစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်နိုင်သည်ဟု သံရုံးက ဆိုသည်။

ထို့ပြင် ဤစာအုပ်သက်တမ်းကုန်ပါက နိုင်ငံကူးလက်မှတ်စာအုပ်အသစ် ဆက်လက်လျှောက် ထား လဲလှယ်နိုင်ကြောင်းလည်း သိရသည်။ စက်ရုံ/အလုပ်ရုံများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများအနေဖြင့် ဖော်ပြပါ အချက်များအား စက်ရုံ/ အလုပ်ရုံများ၏ H.R Manager များသို့ အသိပေးသွားရန်နှင့် ကြိုတင်စာရင်းပြုစုထားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သံရုံးက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
CI စာအုပ္ျဖင့္ အလုပ္လုပ္ကိုင္ေနေသာ ထိုင္းေရာက္ျမန္မာလုပ္သားမ်ားကို ႏိုင္ငံကူး လက္မွတ္ ထုတ္ယူခြင့္ရရွိရန္ Mobile Team ျဖင့္ သြားေရာက္ေဆာင္႐ြက္ေပးမည္

Pearl (NP News) - ေဖေဖာ္ဝါရီ ၁၂

CI စာအုပ္ျဖင့္ အလုပ္လုပ္ကိုင္ေနေသာ ထိုင္းေရာက္ျမန္မာလုပ္သားမ်ားကို ႏိုင္ငံကူး လက္မွတ္ထုတ္ယူခြင့္ရရွိရန္ Mobile Team ျဖင့္ သြားေရာက္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးက ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံ၌ CI စာအုပ္ကိုင္ေဆာင္၍ အလုပ္လုပ္ကိုင္ေနသူမ်ားအေနျဖင့္ မဟာခ်ိဳင္တြင္ ဖြင့္လွစ္ထားေသာ TDCC ႐ုံးခြဲ၌ လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားျဖင့္ လာေရာက္ေလွ်ာက္ထားပါက CI စာအုပ္မွ ႏိုင္ငံကူးလက္မွတ္ (PJ – Passport) စာအုပ္မ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ယခုအခါ ထိုင္းႏိုင္ငံအတြင္း CI စာအုပ္ကိုင္ေဆာင္ၿပီး စက္႐ုံ/အလုပ္႐ုံမ်ား၌ အလုပ္လုပ္ေနေသာ ျမန္မာလုပ္သားမ်ားကို စက္႐ုံ/အလုပ္႐ုံမ်ားသို႔ Mobile Team ျဖင့္ သြားေရာက္၍ အခ်က္အလက္ေကာက္ယူျခင္း၊ ျမန္မာႏိုင္ငံ သက္ဆိုင္ရာဌာနမ်ားသို႔ ပို႔ေဆာင္ၿပီး မွန္ကန္မႈ ရွိ/မရွိ အတည္ျပဳျခင္း ႏွင့္ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးခြင့္ရယူျခင္းတို႔ကို ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း သံ႐ုံးက ဆိုသည္။

အခ်က္အလက္ ေကာက္ယူခ်ိန္တြင္ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္လိုသူမ်ားအေနျဖင့္ သတ္ မွတ္ကိုယ္ေရးမွတ္တမ္းပုံစံ ျဖည့္စြက္ထားျခင္း (ဓါတ္ပုံပါ) ႏွင့္ ကိုင္ေဆာင္ထားသည့္ CI စာအုပ္မူရင္း၊ CI စာအုပ္၏ ဓါတ္ပုံပါ စာမ်က္ႏွာမိတၱဴ ၊ CI စာအုပ္၏ ဗီဇာပါ စာမ်က္ႏွာမိတၱဴ ၊ အလုပ္လုပ္ကိုင္ခြင့္လက္မွတ္ မိတၱဴ ၊ ႏိုင္ငံသားစိစစ္ေရးကတ္မူရင္းႏွင့္ မိတၱဴ ၊ အိမ္ေထာင္စုစာရင္း မိတၱဴတို႔ လက္ဝယ္၌ ရွိေနရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏိုင္ငံကူးလက္မွတ္ထုတ္ယူခြင့္ ရရွိသူမ်ားသည္ လက္မွတ္ထုတ္ယူၿပီးပါက စက္႐ုံ/အလုပ္႐ုံ အစီအစဥ္ျဖင့္ အလုပ္သမား သံအရာရွိ႐ုံးသို႔ ဆက္သြယ္ကာ MOU လုပ္သား အျဖစ္ စာရင္းဝင္ေရး ဆက္လက္ေဆာင္႐ြက္ႏိုင္သည္ဟု သံ႐ုံးက ဆိုသည္။

ထို႔ျပင္ ဤစာအုပ္သက္တမ္းကုန္ပါက ႏိုင္ငံကူးလက္မွတ္စာအုပ္အသစ္ ဆက္လက္ေလွ်ာက္ ထား လဲလွယ္ႏိုင္ေၾကာင္းလည္း သိရသည္။ စက္႐ုံ/အလုပ္႐ုံမ်ားတြင္ လုပ္ကိုင္ေနေသာ ျမန္မာလုပ္သားမ်ားအေနျဖင့္ ေဖာ္ျပပါ အခ်က္မ်ားအား စက္႐ုံ/ အလုပ္႐ုံမ်ား၏ H.R Manager မ်ားသို႔ အသိေပးသြားရန္ႏွင့္ ႀကိဳတင္စာရင္းျပဳစုထားႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရန္ သံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.