ယခု ဘဏ္ဍာနှစ် ၉ လတာအတွင်းသစ်သီးဝလံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရရှိ

 218

NP News - ဖေဖော်ဝါရီ ၁၂

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ၉ လတာအတွင်းပြည်ပသို့ သစ်သီးဝလံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရရှိထားကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။

သစ်သီးဝလံများတွင် သရက်သီး၊ ထောပတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွါးမွှေးများပါဝင်ပြီး သရက်သီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၃၅ သန်း၊ တစ်ရှူးငှက်ပျောသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၅၇၄ သန်းနှင့် ငှက်ပျောသီးရိုးရိုးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁၃ သန်း ရရှိထားခြင်းဖြစ်သည်။

အလားတူဖရဲသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၀၅ သန်း၊ သခွားမွှေးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၉၅ သန်းနှင့် ထောပတ်သီးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၈၆ သန်း ရရှိထားပြီးစုစုပေါင်းသစ်သီးဝလံတင်ပို့မှုမှ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၆၉ သန်းရရှိထားကြောင်းသိရသည်။

ပြည်ပနိုင်ငံများသို့ သစ်သီးဝလံတင်ပို့မှုအနေဖြင့်လည်း နယ်စပ်လမ်းကြောင်းကသာအဓိက အများဆုံးတင်ပို့လျက်ရှိနေပြီး သရက်သီးကို ပင်လယ်ရေးကြောင်းမှ အနည်းငယ်တင်ပို့ခဲ့ကြောင်းသိရသည်။

Zawgyi Version;
ယခု ဘ႑ာႏွစ္ ၉ လတာအတြင္းသစ္သီးဝလံတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၉၆ သန္းေက်ာ္ရရွိ
NP News - ေဖေဖာ္ဝါရီ ၁၂

ယခု ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္၏ ဧၿပီလမွ ဒီဇင္ဘာလကုန္အထိ ၉ လတာအတြင္းျပည္ပသို႔ သစ္သီးဝလံတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၉၆ သန္းေက်ာ္ရရွိထားေၾကာင္း စီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

သစ္သီးဝလံမ်ားတြင္ သရက္သီး၊ ေထာပတ္သီး၊ ဖရဲသီး၊ ငွက္ေပ်ာသီး၊ သခြါးေမႊးမ်ားပါဝင္ၿပီး သရက္သီးတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၈ ဒသမ ၅၃၅ သန္း၊ တစ္ရႉးငွက္ေပ်ာသီးတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၇၄ ဒသမ ၅၇၄ သန္းႏွင့္ ငွက္ေပ်ာသီး႐ိုး႐ိုးတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁ ဒသမ ၁၁၃ သန္း ရရွိထားျခင္းျဖစ္သည္။

အလားတူဖရဲသီးတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၆ ဒသမ ၇၀၅ သန္း၊ သခြားေမႊးတင္ပို႔မႈမွ အေမရိကန္ ေဒၚလာ ၂ ဒသမ ၈၉၅ သန္းႏွင့္ ေထာပတ္သီးတင္ပို႔မႈမွ အေမရိကန္ ေဒၚလာ ၁ ဒသမ ၇၈၆ သန္း ရရွိထားၿပီးစုစုေပါင္းသစ္သီးဝလံတင္ပို႔မႈမွ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၉၆ ဒသမ ၀၆၉ သန္းရရွိထားေၾကာင္းသိရသည္။

ျပည္ပႏိုင္ငံမ်ားသို႔ သစ္သီးဝလံတင္ပို႔မႈအေနျဖင့္လည္း နယ္စပ္လမ္းေၾကာင္းကသာအဓိက အမ်ားဆုံးတင္ပို႔လ်က္ရွိေနၿပီး သရက္သီးကို ပင္လယ္ေရးေၾကာင္းမွ အနည္းငယ္တင္ပို႔ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.