တိုက်ပွဲဖော်ဆောင်နေမှုများကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များစွာ ဆုံးရှုံးနစ်နာနေဟု တပ်ချုပ်ပြော

 2561

Pearl (NP News) - ဖေဖော်ဝါရီ ၁၂

တိုက်ပွဲဖော်ဆောင်နေမှုများကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များစွာ ဆုံးရှုံးနစ်နာနေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

အဆိုပါ သဝဏ်လွှာတွင် လက်ရှိကာလ၌ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများသည် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများ ဖော်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားသည်။

ထိုသို့ မတည်ငြိမ်မှုများကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာရပြီး ဒေသခံတိုင်းရင်းသားများမှာလည်း ဆင်းရဲဒုက္ခများစွာ ခံစားနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရေရှည်တွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ အန္တရာယ်ကြီးမားသည်ကို အားလုံးက သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

ထို့ပြင် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသား အဖွဲ့အချို့က တောင်းဆိုနေသောအချက်များ အားလုံးပါဝင်ပြီးဖြစ်ပြီး ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေး လုပ်ငန်းစဉ် သုံးရပ်အဖြစ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထား ခြင်းဖြစ်သဖြင့် အထိခိုက်ခံမည်မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည် ဖြစ်သဖြင့် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ထားသည်။

Zawgyi Version;
တိုက္ပြဲေဖာ္ေဆာင္ေနမႈမ်ားေၾကာင့္ ျပည္သူမ်ား ေသဆုံးဒဏ္ရာရျခင္းအျပင္ ႏိုင္ငံ့အရင္းအျမစ္မ်ားစြာ ဆုံးရႈံးနစ္နာေနဟု တပ္ခ်ဳပ္ေျပာ

Pearl (NP News) - ေဖေဖာ္ဝါရီ ၁၂

တိုက္ပြဲေဖာ္ေဆာင္ေနမႈမ်ားေၾကာင့္ ျပည္သူမ်ား ေသဆုံးဒဏ္ရာရျခင္းအျပင္ ႏိုင္ငံ့အရင္းအျမစ္မ်ားစြာ ဆုံးရႈံးနစ္နာေနေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ ရက္)တြင္ က်ေရာက္ေသာ (၇၇)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားသို႔ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားထားျခင္းျဖစ္သည္။

အဆိုပါ သဝဏ္လႊာတြင္ လက္ရွိကာလ၌ ျပည္တြင္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ႏွင့္ ျပည္တြင္းျပည္ပမွ အဖ်က္သမားမ်ားသည္ ဆူပူအၾကမ္းဖက္မႈမ်ိဳးစုံႏွင့္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားထားသည္။

ထိုသို႔ မတည္ၿငိမ္မႈမ်ားေၾကာင့္ ျပည္သူမ်ား ေသဆုံးဒဏ္ရာရျခင္းအျပင္ ႏိုင္ငံ့အရင္းအျမစ္မ်ား မ်ားစြာဆုံးရႈံးနစ္နာရၿပီး ေဒသခံတိုင္းရင္းသားမ်ားမွာလည္း ဆင္းရဲဒုကၡမ်ားစြာ ခံစားေနရေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေရရွည္တြင္ ႏိုင္ငံေတာ္အတြက္ အဘက္ဘက္မွ အႏၲရာယ္ႀကီးမားသည္ကို အားလုံးက သတိတရားျဖင့္ ထိန္းသိမ္းကာကြယ္ရန္ အလြန္အေရးႀကီးေနၿပီျဖစ္ေၾကာင္း ၎က ထပ္မံေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္က ဦးတည္ေဆာင္႐ြက္လ်က္ရွိသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုစနစ္တြင္ တိုင္းရင္းသား အဖြဲ႕အခ်ိဳ႕က ေတာင္းဆိုေနေသာအခ်က္မ်ား အားလုံးပါဝင္ၿပီးျဖစ္ၿပီး ဒို႔တာဝန္အေရး(၃)ပါးကို အမ်ိဳးသားေရး လုပ္ငန္းစဥ္ သုံးရပ္အျဖစ္အေျခခံ၍ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ႏိုင္ငံေတာ္ကို ခိုင္ခိုင္မာမာ တည္ေဆာက္ထား ျခင္းျဖစ္သျဖင့္ အထိခိုက္ခံမည္မဟုတ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔အတူ ႏိုင္ငံေတာ္အတြင္း ျဖစ္ေပၚလာသည့္ အက်ိဳးဆက္မ်ားကို သက္ဆိုင္ရာေဒသႏွင့္ ေဒသခံမ်ားကသာ ခံစားရမည္ ျဖစ္သျဖင့္ ေဒသအက်ိဳး၊ တိုင္းျပည္အက်ိဳးကိုၾကည့္၍ ႏိုင္ငံေရးနည္းလမ္းအရေျဖရွင္းရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္း ထားသည္။

Picture

hai mun

12/02/2024 23:14

တော်သင့်ပြီ

Picture

Mel Gyi

13/02/2024 06:38

ပျော့နေတုန်းလားကွာ

Picture

Mel Gyi

13/02/2024 06:53

ဘာအရည်အချင်းမှကို မရှိတာ ဒီကအသံတွေကြားပြီး လဲသေသင်သင့်တယ်

Related news

© 2021. All rights reserved.