ပစ်ခတ်တိုက်ခိုက်ရန် အချိန်ကိုက်စီစဉ်ထားသော ၁၀၇(မမ)ရှော့တိုက်ဒုံး (၃)လုံးကို ငမိုးရိပ်ချောင်းအနီး၌တွေ့ရှိ

 5640

ပုံစာ - ယခင်က ဖမ်းဆီးရမိခဲ့သည့် ရှော့တိုက်ဒုံးများအားတွေ့ရစဉ်
NP News - ဖေဖော်ဝါရီ ၁၂

ပစ်ခတ်တိုက်ခိုက်ရန် အချိန်ကိုက်စီစဉ်ထားသော ၁၀၇(မမ)ရှော့တိုက်ဒုံး (၃)လုံးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ငမိုးရိပ်ချောင်းအနီး၌ တွေ့ရှိခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြောသည်။

အဆိုပါ ရှော့တိုက်ဒုံး (၃)လုံးကို ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) ၊ နံနက် ၆ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၁)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ငမိုးရိပ်ချောင်းဘေးရှိ မြေကွက်လပ်အတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“၁၀၇(မမ)ရှော့တိုက်ဒုံးတွေပါ။ စုစုပေါင်း (၃)လုံးတွေ့တာပေါ့။ အချိန်ကိုက်ပစ်ဖို့ စီစဉ်ထားတဲ့သဘောတွေ့ရတယ်။ ရန်ကုန်လေဆိပ်ဘက်ကို ပစ်ဖို့ ပြင်ဆင်ထားတယ်လို့ပဲ ယူဆရတယ်။ အဲဒါတွေကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ရှင်း လင်းသွားတယ်”ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါရှော့တိုက်ဒုံးများသည် ရန်ကုန်လေဆိပ်ဘက်သို့ ပစ်ခတ်ရန် အချိန်ကိုက်စီစဉ်ထားခြင်းဖြစ်ကြောင်း ယူဆရသည်ဟုလည်း ၎င်းက ဆိုသည်။ လက်ရှိတွင် ၎င်းရှော့တိုက်ဒုံး (၃)လုံးကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်းကာ သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ကာလအတွင်းတွင်လည်း မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် စီစဉ်ထားသော ရှော့တိုက်ဒုံးများကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

Zawgyi Version;
ပစ္ခတ္တိုက္ခိုက္ရန္ အခ်ိန္ကိုက္စီစဥ္ထားေသာ ၁၀၇(မမ)ေရွာ့တိုက္ဒုံး (၃)လုံးကို ငမိုးရိပ္ေခ်ာင္းအနီး၌ေတြ႕ရွိ

NP News - ေဖေဖာ္ဝါရီ ၁၂

ပစ္ခတ္တိုက္ခိုက္ရန္ အခ်ိန္ကိုက္စီစဥ္ထားေသာ ၁၀၇(မမ)ေရွာ့တိုက္ဒုံး (၃)လုံးကို ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ ငမိုးရိပ္ေခ်ာင္းအနီး၌ ေတြ႕ရွိခဲ့ရေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက NP News ကို ေျပာသည္။

အဆိုပါ ေရွာ့တိုက္ဒုံး (၃)လုံးကို ယေန႔(ေဖေဖာ္ဝါရီလ ၁၂ ရက္) ၊ နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ (၄၁)ရပ္ကြက္၊ မင္းရဲေက်ာ္စြာလမ္း၊ ငမိုးရိပ္ေခ်ာင္းေဘးရွိ ေျမကြက္လပ္အတြင္း၌ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

“၁၀၇(မမ)ေရွာ့တိုက္ဒုံးေတြပါ။ စုစုေပါင္း (၃)လုံးေတြ႕တာေပါ့။ အခ်ိန္ကိုက္ပစ္ဖို႔ စီစဥ္ထားတဲ့သေဘာေတြ႕ရတယ္။ ရန္ကုန္ေလဆိပ္ဘက္ကို ပစ္ဖို႔ ျပင္ဆင္ထားတယ္လို႔ပဲ ယူဆရတယ္။ အဲဒါေတြကို သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ေတြက ရွင္း လင္းသြားတယ္”ဟု ေဒသခံသတင္းအရင္းအျမစ္က ေျပာသည္။

အဆိုပါေရွာ့တိုက္ဒုံးမ်ားသည္ ရန္ကုန္ေလဆိပ္ဘက္သို႔ ပစ္ခတ္ရန္ အခ်ိန္ကိုက္စီစဥ္ထားျခင္းျဖစ္ေၾကာင္း ယူဆရသည္ဟုလည္း ၎က ဆိုသည္။ လက္ရွိတြင္ ၎ေရွာ့တိုက္ဒုံး (၃)လုံးကို သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သက္မဲ့ျပဳလုပ္ရွင္းလင္းကာ သိမ္းဆည္းသြားခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ကာလအတြင္းတြင္လည္း ေမွာ္ဘီေလတပ္စခန္းကို ပစ္ခတ္ရန္ စီစဥ္ထားေသာ ေရွာ့တိုက္ဒုံးမ်ားကို ဖမ္းဆီးရမိသည့္ျဖစ္စဥ္မ်ား ရွိခဲ့ဖူးသည္။

ပုံစာ - ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ငမိုးရိပ်ချောင်းအနီး တွေ့ရသည့် ရှော့တိုက်ဒုံးများ

Related news

© 2021. All rights reserved.