မနက်ဖြန်တွင် UEC၊ NSPNC နှင့် နိုင်ငံရေးပါတီတို့ သီးခြားစီတွေ့ဆုံမည်

 1223

ပုံစာ - နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်က တွေ့ဆုံခဲ့စဉ်

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၂

မနက်ဖြန် (ဖေဖော်ဝါရီလ ၁၃ ရက်)တွင် UEC၊ NSPNC နှင့် နိုင်ငံရေးပါတီတို့ နေပြည်တော်၌ သီးခြားစီတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့သည် မနက်ဖြန် ၊ နံနက် ၉နာရီအချိန်တွင် ကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

ထို့ပြင် နေ့လည်ပိုင်းတွင် နိုင်ငံရေးပါတီများနှင့် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီ (NSPNC)တို့သည် နေပြည်တော်ရှိ MICC (2)၌ ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်က မနက်ပိုင်းမှာက UEC နဲ့တွေ့ဖို့ရှိတယ်။ ပါတီအကုန်လုံးပေါ့နော်။ နေ့ခင်းပိုင်းမှာတော့ NSPNC နဲ့တွေ့ဖို့ရှိတယ်။ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့နဲ့ပေါ့။ တပ်ချုပ်နဲ့တွေ့ဖို့ အစီအစဉ်ကမရှိလောက်ဘူး။ ဘာသံမှမကြားရသေးဘူး” ဟု နိုင်ငံရေးပါတီတစ်ခုမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးက NP News ကိုပြောသည်။

နိုင်ငံရေးပါတီများ နှင့် NSPNCတို့တွေ့ဆုံပွဲတွင် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ဆွေးနွေးသွားဖွယ်ရှိကြောင်း ၎င်းကထပ်မံပြောသည်။

ပြီးခဲ့သော လွတ်လပ်ရေးနေ့အခမ်းအနားအပြီး ဇန်နဝါရီလ ၆ ရက်တွင်လည်း နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

zawgyi version
မနက္ျဖန္တြင္ UEC၊ NSPNC ႏွင့္ ႏိုင္ငံေရးပါတီတို႔ သီးျခားစီေတြ႕ဆုံမည္

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၂

မနက္ျဖန္ (ေဖေဖာ္ဝါရီလ ၁၃ ရက္)တြင္ UEC၊ NSPNC ႏွင့္ ႏိုင္ငံေရးပါတီတို႔ ေနျပည္ေတာ္၌ သီးျခားစီေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) တို႔သည္ မနက္ျဖန္ ၊ နံနက္ ၉နာရီအခ်ိန္တြင္ ေကာ္မရွင္႐ုံး၌ ေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီအသိုင္းအဝိုင္းထံမွ သိရသည္။

ထို႔ျပင္ ေန႔လည္ပိုင္းတြင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ အမ်ိဳးသားစည္း လုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္ မတီ (NSPNC)တို႔သည္ ေနျပည္ေတာ္ရွိ MICC (2)၌ ထပ္မံေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မနက္ျဖန္က မနက္ပိုင္းမွာက UEC နဲ႔ေတြ႕ဖို႔ရွိတယ္။ ပါတီအကုန္လုံးေပါ့ေနာ္။ ေန႔ခင္းပိုင္းမွာေတာ့ NSPNC နဲ႔ေတြ႕ဖို႔ရွိတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္တို႔နဲ႔ေပါ့။ တပ္ခ်ဳပ္နဲ႔ေတြ႕ဖို႔ အစီအစဥ္ကမရွိေလာက္ဘူး။ ဘာသံမွမၾကားရေသးဘူး” ဟု ႏိုင္ငံေရးပါတီတစ္ခုမွ ထိပ္တန္းေခါင္းေဆာင္တစ္ဦးက NP News ကိုေျပာသည္။

ႏိုင္ငံေရးပါတီမ်ား ႏွင့္ NSPNCတို႔ေတြ႕ဆုံပြဲတြင္ UPDJC ၏ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ကို ျပန္လည္ေ႐ြးခ်ယ္ဖြဲ႕စည္းေရး ေဆြးေႏြးသြားဖြယ္ရွိေၾကာင္း ၎ကထပ္မံေျပာသည္။

ၿပီးခဲ့ေသာ လြတ္လပ္ေရးေန႔အခမ္းအနားအၿပီး ဇန္နဝါရီလ ၆ ရက္တြင္လည္း ႏိုင္ငံေရးပါတီမ်ားႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔သည္ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.