မကွေးမြို့၌ ကျောင်းသူတစ်ဦးကို တက္ကသိုလ်ဝန်းထဲအထိ ဝင်ရောက်သတ်ဖြတ်ခဲ့သူအား ထိရောက်စွာ အရေးယူပေးရန် မိသားစုဝင်များ တောင်းဆို

 10839

Pearl (NP News) - ဖေဖော်ဝါရီ ၁၂

မကွေးမြို့၌ ကျောင်းသူတစ်ဦးကို တက္ကသိုလ်ဝန်းထဲအထိ ဝင်ရောက်သတ်ဖြတ်ခဲ့သူအား ထိရောက်စွာ အရေးယူပေးရန်အတွက် မိသားစုဝင်များက တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်၊ နေ့လည် ၁နာရီခွဲခန့်တွင် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝန်းအတွင်း၌ တက္ကသိုလ်ကျောင်းသူတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

ထိုသို့ ဓားဖြင့်ထိုးခံရမှုကြောင့် အထက်ပါ ကျောင်းသူတွင် ရင်ဘဘတ်နှင့် ဝမ်းဗိုက်တို့၌ ဓားဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ကျူးလွန်သူသည် အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိ ကိုဝေဖြိုးအောင်ဆိုသူဖြစ်၍ တောင်တွင်းကြီးမြို့တွင် နေထိုင်သူဖြစ်ကြောင်းသိရပြီး လက်ရှိတွင် ၎င်းအား သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

"တက္ကသိုလ်ဝန်းထဲမှာ ဝင်သတ်ခံရတာ။ ကျူးလွန်သူကိုတော့ မိပါတယ်။ အခုကအချုပ်ထဲမှာ။ ကောင်လေးက တောင်တွင်းကြီးက။ တောင်တွင်းကြီးကနေ မကွေးတက္ကသိုလ်ထိ သွားသတ်တာ။ ရည်ရွယ်ချက်ရှိရှိနဲ့ သွားပြီးတော့။ အဓိကကတော့ မှန်မှန်ကန်ကန်လေးနဲ့ ထိထိရောက်ရောက် အရေးယူစေချင်တယ် " ဟု အသတ်ခံရသော တက္ကသိုလ်ကျောင်းသူ၏ မိသားစုဝင်က NP News ကို ပြောသည်။

ထိုသို့ သတ်ဖြတ်ခံရသော တက္ကသိုလ်ကျောင်းသူသည် အသက် (၂၁)နှစ်အရွယ်ရှိပြီး မကွေးတက္ကသိုလ်၌ သတ္တဗေဒဘာသာရပ်၊ ဂုဏ်ထူးတန်းတက်ရောက်နေသူဖြစ်ကြောင်း ၎င်း၏မိသားဝင်က ပြောသည်။

zawgyi version
မေကြးၿမိဳ႕၌ ေက်ာင္းသူတစ္ဦးကို တကၠသိုလ္ဝန္းထဲအထိ ဝင္ေရာက္သတ္ျဖတ္ခဲ့သူအား ထိေရာက္စြာ အေရးယူေပးရန္ မိသားစုဝင္မ်ား ေတာင္းဆို

Pearl (NP News) - ေဖေဖာ္ဝါရီ ၁၂

မေကြးၿမိဳ႕၌ ေက်ာင္းသူတစ္ဦးကို တကၠသိုလ္ဝန္းထဲအထိ ဝင္ေရာက္သတ္ျဖတ္ခဲ့သူအား ထိေရာက္စြာ အေရးယူေပးရန္အတြက္ မိသားစုဝင္မ်ားက ေတာင္းဆိုထားသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ ၈ ရက္၊ ေန႔လည္ ၁နာရီခြဲခန႔္တြင္ မေကြးၿမိဳ႕၊ မေကြးတကၠသိုလ္ဝန္းအတြင္း၌ တကၠသိုလ္ေက်ာင္းသူတစ္ဦးကို အမ်ိဳးသားတစ္ဦးက ဓားျဖင့္ထိုးကာ သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

ထိုသို႔ ဓားျဖင့္ထိုးခံရမႈေၾကာင့္ အထက္ပါ ေက်ာင္းသူတြင္ ရင္ဘဘတ္ႏွင့္ ဝမ္းဗိုက္တို႔၌ ဓားဒဏ္ရာ (၂)ခ်က္ရရွိကာ အခင္းျဖစ္ ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔က်ဴးလြန္သူသည္ အသက္(၂၀)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ ကိုေဝၿဖိဳးေအာင္ဆိုသူျဖစ္၍ ေတာင္တြင္းႀကီးၿမိဳ႕တြင္ ေနထိုင္သူျဖစ္ေၾကာင္းသိရၿပီး လက္ရွိတြင္ ၎အား သက္ဆိုင္ရာ ရဲစခန္းက ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

"တကၠသိုလ္ဝန္းထဲမွာ ဝင္သတ္ခံရတာ။ က်ဴးလြန္သူကိုေတာ့ မိပါတယ္။ အခုကအခ်ဳပ္ထဲမွာ။ ေကာင္ေလးက ေတာင္တြင္းႀကီးက။ ေတာင္တြင္းႀကီးကေန မေကြးတကၠသိုလ္ထိ သြားသတ္တာ။ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ သြားၿပီးေတာ့။ အဓိကကေတာ့ မွန္မွန္ကန္ကန္ေလးနဲ႔ ထိထိေရာက္ေရာက္ အေရးယူေစခ်င္တယ္ " ဟု အသတ္ခံရေသာ တကၠသိုလ္ေက်ာင္းသူ၏ မိသားစုဝင္က NP News ကို ေျပာသည္။

ထိုသို႔ သတ္ျဖတ္ခံရေသာ တကၠသိုလ္ေက်ာင္းသူသည္ အသက္ (၂၁)ႏွစ္အ႐ြယ္ရွိၿပီး မေကြးတကၠသိုလ္၌ သတၱေဗဒဘာသာရပ္၊ ဂုဏ္ထူးတန္းတက္ေရာက္ေနသူျဖစ္ေၾကာင္း ၎၏မိသားဝင္က ေျပာသည္။

Related news

© 2021. All rights reserved.