ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် ၅၄ ဦးအထိ ဆက်လက်မြင့်တက်လာ

 583

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၂

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားတဲ့မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာခဲ့ပြီး လူပေါင်းအနည်းဆုံး ၅၄ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ Masara ကျေးရွာအနီးရှိ ရွှေသတ္တုတွင်းနားမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် အပျက်အစီးတွေအောက်က လူပေါင်း ၁၉ ဦးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

မြေပြိုမှုတွေကြောင့် ရွှေတွင်းတူးသူနဲ့ ဒေသခံ ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မာကိုမြို့ အုပ်ချုပ်ရေးအရာရှိတွေက ပြောပါတယ်။ မြေပြိုမှုတွေကြောင့် အလုပ်သမားတွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး မြေကြီးထဲကျရောက်ခဲ့သလို အိမ်ပေါင်း ၅၅ ဦးလုံးခန့် မြေကြီးအောက် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါမြေပြိုမှုတွေကြောင့် ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ကျောက်တုံးများ၊ ရွှံ့နွံ့များနဲ့ သစ်ပင်များ ပြိုကျပျက်စီးမှုတွေရှိလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါဒေသမှာ မကြာသေးမီက မြေငလျင်လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ မြေပြိုမှုတွေ ထပ်မံဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြိုမှုကြောင့် ပျောက်ဆုံးသူအားလုံးကို ပြန်လည်ရှာဖွေတွေ့ရှိချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ေျမၿပိဳမႈေၾကာင့္ ေသဆုံးသူအေရအတြက္ ၅၄ ဦးအထိ ဆက္လက္ျမင့္တက္လာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၂

ဖိလစ္ပိုင္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားတဲ့ေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ ထပ္မံျမင့္တက္လာခဲ့ၿပီး လူေပါင္းအနည္းဆုံး ၅၄ ဦး ေသဆုံးခဲ့ေၾကာင္း ဖိလစ္ပိုင္အစိုးရက ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ Masara ေက်း႐ြာအနီးရွိ ေ႐ႊသတၱဳတြင္းနားမွာ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အပ်က္အစီးေတြေအာက္က လူေပါင္း ၁၉ ဦးရဲ႕႐ုပ္အေလာင္းကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္အစိုးရက ေျပာပါတယ္။

ေျမၿပိဳမႈေတြေၾကာင့္ ေ႐ႊတြင္းတူးသူနဲ႔ ေဒသခံ ၆၃ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံ မာကိုၿမိဳ႕ အုပ္ခ်ဳပ္ေရးအရာရွိေတြက ေျပာပါတယ္။ ေျမၿပိဳမႈေတြေၾကာင့္ အလုပ္သမားေတြတင္ေဆာင္လာတဲ့ ဘတ္စ္ကားတစ္စီး ေျမႀကီးထဲက်ေရာက္ခဲ့သလို အိမ္ေပါင္း ၅၅ ဦးလုံးခန႔္ ေျမႀကီးေအာက္ ေရာက္ရွိခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါေျမၿပိဳမႈေတြေၾကာင့္ ၃၂ ဦး ဒဏ္ရာရခဲ့ေၾကာင္း၊ ေက်ာက္တုံးမ်ား၊ ႐ႊံ႕ႏြံ႕မ်ားနဲ႔ သစ္ပင္မ်ား ၿပိဳက်ပ်က္စီးမႈေတြရွိလာခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါေဒသမွာ မၾကာေသးမီက ေျမငလ်င္လႈပ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ ေျမၿပိဳမႈေတြ ထပ္မံျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ေျမၿပိဳမႈေၾကာင့္ ေပ်ာက္ဆုံးသူအားလုံးကို ျပန္လည္ရွာေဖြေတြ႕ရွိခ်ိန္အထိ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္သြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.