Pre Order ဖြင့် လျှပ်စစ်ကား မရောင်းချရန် နှင့် လိုက်နာမှုမရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်

 1509

ပုံစာ - ပြည်တွင်းသို့ တင်သွင်းလာသည့် လျှပ်စစ်ကားများ

NP News - ဖေဖော်ဝါရီ ၁၂

Pre Order စနစ်ဖြင့် လျှပ်စစ်ကားများ ရောင်းချနေမှုများမပြုလုပ်ရန် နှင့် လိုက်နာမှုမရှိပါက သွင်းကုန်/ပို့ကုန် လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကားတင်သွင်းရောင်းချမှုများကို သက် ဆိုင်ရာ ကားအရောင်းပြခန်းဖွင့်လှစ်ခြင်း နှင့် အ‌ရောင်းစာချုပ် စနစ်ဖြင့် ရောင်းချရန် ကန့်သတ်ထားပြီးဖြစ်သည်။ သို့သော်လက်ရှိတွင် အွန်လိုင်းမှတဆင့် ကြော်ငြာရောင်းချနေမှုများနှင့် ကြိုတင်အမှာ(Pre Order)ဖြင့် ရောင်းချမှုများရှိနေခြင်းကြောင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဟု သိရသည်။

“ပရီအော်ဒါ နဲ့မ‌ရောင်းဖို့ ၊အမြတ်ကိုလဲ CIF တန်ဖိုးရဲ့ ၂၀ ရာခိုင် နှုန်းမကျော်ဖို့ ပြဌာန်းချက်ကရှိပြီသားပါ။ အခု လျှပ်စစ်ကားတင်သွင်းသူတွေက မလိုက်နာလို့စာထပ်ထွက်လာတာပါ” ဟု မြန်မာ နိုင်ငံကားတင်သွင်းထုတ်လုပ်ဖြန်ဖြူးရောင်းချသူများအသင်းမှတာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် ကညန စာရင်းအရ လျှပ်စစ်ကားနှစ်ထောင်ဝန်းကျင်မှတ်ပုံတင်ထားပြိး ယခုနှစ်အတွင်း၌ လျှပ်စစ်ကားတင်သွင်းခွင့်ရရှိသောကုမ္ပဏီငါးဆယ်ကျော်က လျှပ်စစ်ကားများတင်သွင်းရန်ပြင်ဆင်နေကြသည်။ ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် စက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့် လျှပ်စစ်ကားဝယ် ယူမှုမြင့်တက်နေပြီး ဈေးကွက်ပေါက်ဈေးအရ ငွေကျပ်သိန်း ၈၀၀ မှ သိန်း ၂၀၀၀ အကြား လျှပ်စစ်ကားများမှာ ရေပန်းစားနေကြသည်။

zawgyi version
Pre Order ျဖင့္ လွ်ပ္စစ္ကား မေရာင္းခ်ရန္ ႏွင့္ လိုက္နာမႈမရွိပါက လုပ္ငန္းလိုင္စင္ပိတ္သိမ္းမည္
NP News - ေဖေဖာ္ဝါရီ ၁၂

Pre Order စနစ္ျဖင့္ လွ်ပ္စစ္ကားမ်ား ေရာင္းခ်ေနမႈမ်ားမျပဳလုပ္ရန္ ႏွင့္ လိုက္နာမႈမရွိပါက သြင္းကုန္/ပို႔ကုန္ လုပ္ငန္းလိုင္စင္မ်ား ပိတ္သိမ္းမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာနက ထပ္မံထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ကားတင္သြင္းေရာင္းခ်မႈမ်ားကို သက္ ဆိုင္ရာ ကားအေရာင္းျပခန္းဖြင့္လွစ္ျခင္း ႏွင့္ အ‌ေရာင္းစာခ်ဳပ္ စနစ္ျဖင့္ ေရာင္းခ်ရန္ ကန႔္သတ္ထားၿပီးျဖစ္သည္။ သို႔ေသာ္လက္ရွိတြင္ အြန္လိုင္းမွတဆင့္ ေၾကာ္ျငာေရာင္းခ်ေနမႈမ်ားႏွင့္ ႀကိဳတင္အမွာ(Pre Order)ျဖင့္ ေရာင္းခ်မႈမ်ားရွိေနျခင္းေၾကာင့္ လုပ္ငန္းလိုင္စင္ပိတ္သိမ္းသည္အထိ ျပစ္ဒဏ္ခ်မွတ္သြားမည္ဟု သိရသည္။

“ပရီေအာ္ဒါ နဲ႔မ‌ေရာင္းဖို႔ ၊အျမတ္ကိုလဲ CIF တန္ဖိုးရဲ႕ ၂၀ ရာခိုင္ ႏႈန္းမေက်ာ္ဖို႔ ျပဌာန္းခ်က္ကရွိၿပီသားပါ။ အခု လွ်ပ္စစ္ကားတင္သြင္းသူေတြက မလိုက္နာလို႔စာထပ္ထြက္လာတာပါ” ဟု ျမန္မာ ႏိုင္ငံကားတင္သြင္းထုတ္လုပ္ျဖန္ျဖဴးေရာင္းခ်သူမ်ားအသင္းမွတာဝန္ရွိသူက ေျပာသည္။

လတ္တေလာတြင္ ကညန စာရင္းအရ လွ်ပ္စစ္ကားႏွစ္ေထာင္ဝန္းက်င္မွတ္ပုံတင္ထားၿပိး ယခုႏွစ္အတြင္း၌ လွ်ပ္စစ္ကားတင္သြင္းခြင့္ရရွိေသာကုမၸဏီငါးဆယ္ေက်ာ္က လွ်ပ္စစ္ကားမ်ားတင္သြင္းရန္ျပင္ဆင္ေနၾကသည္။ ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕ႀကီးမ်ားတြင္ စက္သုံးဆီေဈးျမင့္တက္ေနျခင္းေၾကာင့္ လွ်ပ္စစ္ကားဝယ္ ယူမႈျမင့္တက္ေနၿပီး ေဈးကြက္ေပါက္ေဈးအရ ေငြက်ပ္သိန္း ၈၀၀ မွ သိန္း ၂၀၀၀ အၾကား လွ်ပ္စစ္ကားမ်ားမွာ ေရပန္းစားေနၾကသည္။

Related news

© 2021. All rights reserved.