စိန်ဖူးတော်ပင့်ပြီးပြန်လာသည့် ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့ရာ ကိုရင်(၁၁)ပါး ထိခိုက်ဒဏ်ရာရ

 1553

စော (NP News) - ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စိန်ဖူးတော်ပင့်ပြီး ကျောင်းတိုက်သို့ ပြန်လာသည့် ကားတစ်စီး ဘရိတ်ပေါက်၍ မြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ရာ ကိုရင်အပါအဝင် (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖေးမကူညီလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ကားသည် ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)၊ နေ့လည်ပိုင်းတွင် မန္တလေးမြို့မှမော်လမြိုင်မြို့သို့ စိန်ဖူးတော်ပင့်ပြီး ပြန်လာစဉ် ဝေါမြို့နယ်၊ ညောင်ခါးရှည် စံပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဦးဇင်းပြောပြတာအရဆိုရင် သူတို့အရှေ့က ကားတစ်စီးကို တွေ့တော့ ရှောင်လိုက်တာ ဘရိတ်ပေါက်ပြီး မြောင်းထဲထိုးကျသွားတာ။ ကိုရင်တွေပါတဲ့ ကားကတော့ Canter ပါ။ ဟိုဘက်ကားနဲ့ဘာမှမဖြစ်ဘူး။ ဒီဘက်ကိုရင်တွေကားပဲ မြောင်းထဲကျသွားတာ။ လက်ရှိ ကိုရင်က ၁၁ ပါး ၊ ကျောင်းသားက တစ်ယောက် ထိခိုက်ဒဏ်ရာ ရပါတယ်”ဟု ဖေးမကူညီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်ပေါ်တွင် ဦးဇင်း (၃)ပါး၊ ကိုရင်(၁၆)ပါးနှင့် ကျောင်းသား (၆)ဦး စုစုပေါင်း(၂၅)ဦး လိုက်ပါစီးနင်းလာခဲ့ပြီး ကိုရင် (၁၁)ပါးနှင့် ကျောင်းသားတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ဖေးမကူညီလူမှုကူညီရေးအသင်းမှ ညောင်ခါးရှည်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
စိန္ဖူးေတာ္ပင့္ၿပီးျပန္လာသည့္ ကားတစ္စီး ေျမာင္းထဲထိုးက် တိမ္းေမွာက္ခဲ့ရာ ကိုရင္(၁၁)ပါး ထိခိုက္ဒဏ္ရာရ

ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၂

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္တြင္ စိန္ဖူးေတာ္ပင့္ၿပီး ေက်ာင္းတိုက္သို႔ ျပန္လာသည့္ ကားတစ္စီး ဘရိတ္ေပါက္၍ ေျမာင္းထဲထိုးက်တိမ္းေမွာက္ခဲ့ရာ ကိုရင္အပါအဝင္ (၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဖးမကူညီလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါ ကားသည္ ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ ရက္)၊ ေန႔လည္ပိုင္းတြင္ မႏၲေလးၿမိဳ႕မွေမာ္လၿမိဳင္ၿမိဳ႕သို႔ စိန္ဖူးေတာ္ပင့္ၿပီး ျပန္လာစဥ္ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ စံျပေက်း႐ြာ၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဦးဇင္းေျပာျပတာအရဆိုရင္ သူတို႔အေရွ႕က ကားတစ္စီးကို ေတြ႕ေတာ့ ေရွာင္လိုက္တာ ဘရိတ္ေပါက္ၿပီး ေျမာင္းထဲထိုးက်သြားတာ။ ကိုရင္ေတြပါတဲ့ ကားကေတာ့ Canter ပါ။ ဟိုဘက္ကားနဲ႔ဘာမွမျဖစ္ဘူး။ ဒီဘက္ကိုရင္ေတြကားပဲ ေျမာင္းထဲက်သြားတာ။ လက္ရွိ ကိုရင္က ၁၁ ပါး ၊ ေက်ာင္းသားက တစ္ေယာက္ ထိခိုက္ဒဏ္ရာ ရပါတယ္”ဟု ေဖးမကူညီလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္ေပၚတြင္ ဦးဇင္း (၃)ပါး၊ ကိုရင္(၁၆)ပါးႏွင့္ ေက်ာင္းသား (၆)ဦး စုစုေပါင္း(၂၅)ဦး လိုက္ပါစီးနင္းလာခဲ့ၿပီး ကိုရင္ (၁၁)ပါးႏွင့္ ေက်ာင္းသားတစ္ဦးတို႔မွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေဖးမကူညီလူမႈကူညီေရးအသင္းမွ ေညာင္ခါးရွည္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.