စစ်ပွဲများကို ရပ်စဲပြီး ဘက်အသီးသီးမှ ခေါင်းဆောင်များအနေ ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ပြည်သူ့ပါတီ တိုက်တွန်း

 2138

မြူနစ် (NP News) - ဖေဖော်ဝါရီ ၁၂

စစ်ပွဲများကို ရပ်စဲပြီး ဘက်အသီးသီးမှ ခေါင်းဆောင်များအနေ ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ပြည်သူ့ပါတီက တိုက် တွန်းလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီက ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျ ရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကြေညာ ချက်ထုတ်ပြန်ကာ အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်ထိ ပြည်ထောင်စုစစ်စစ်မူကို မတည်ဆောက်နိုင်ခဲ့ပဲ ပြည်ထောင်စုကြီးဆက်လက်တည်တံ့ရန်ကိုပင် စိန်ခေါ်မှု ကြီး မားစွာ ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်ဟု ပြည်သူ့ပါတီက ရှုမြင်ထားသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာသည်နှင့်အမျှ ပြည်ထောင်စုအိပ်မက်သည်လည်း မှေးမှိန်လာကာ လက်နက်မဲ့ ပြည်သူများ၏ သေကြေပျက်စီးမှုသည် အတိုင်းအဆမရှိ ဆက် လက်ကြီးထွားလာနေကြောင်းလည်း ပြည်သူ့ပါတီက ဆိုသည်။

သာမန်လက်နက်ကိုင်ပဋိပက္ခမှသည် နာကျည်းမုန်းတီမှု၊ အပြန် အလှန်လက်စားချေမှု၊ လူမျိုးရေးပဋိပက္ခများအသွင်အထိ ဦးတည်လာနိုင်ပြီး အတောမသတ်နိုင်သော အနိဋ္ဌာရုံများကိုလည်း ဆက်လက်ရင်ဆိုင်လာရနိုင်ကြောင်း ပြည်သူ့ပါတီ၏ ကြေညာချက်တွင် ထည့်သွင်းသုံးသပ်ထားသည်။

ထို့ကြောင့် လက်နက်မဲ့တိုင်းရင်းသားပြည်သူအားလုံး၏ အသက်ရှင်ရပ်တည်ရေး၊ အမျိုးသားခေါင်းဆောင်ကြီးများ ကြိုးပမ်း မျှော် မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေးတို့ကို ခြိမ်းခြောက်နေသော စစ်မက်ဖြစ်ပွားမှုများကို ရပ်စဲ၍ ဘက်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် ပြည်သူ့ပါတီက အနူး အညွတ်မေတ္တာရပ်ခံတိုက်တွန်းထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စတင်ခဲ့သော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသား (၆၈၈၀)ထက်မနည်းသည် အကြမ်း ဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရပြီးဖြစ်သည်။

zawgyi version
စစ္ပြဲမ်ားကို ရပ္စဲၿပီး ဘက္အသီးသီးမွ ေခါင္းေဆာင္မ်ားအေန ျဖင့္ ႏိုင္ငံေရးအရ ေတြ႕ဆုံေျဖရွင္းရန္ ျပည္သူ႔ပါတီ တိုက္တြန္း

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၁၂

စစ္ပြဲမ်ားကို ရပ္စဲၿပီး ဘက္အသီးသီးမွ ေခါင္းေဆာင္မ်ားအေန ျဖင့္ ႏိုင္ငံေရးအရ ေတြ႕ဆုံေျဖရွင္းရန္ ျပည္သူ႔ပါတီက တိုက္ တြန္းလိုက္သည္။

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ဦးကိုကိုႀကီး ဦးေဆာင္ေသာ ျပည္သူ႔ပါတီက ယေန႔(ေဖေဖာ္ဝါရီလ ၁၂ ရက္)တြင္ က် ေရာက္သည့္ (၇၇)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔တြင္ ေၾကညာ ခ်က္ထုတ္ျပန္ကာ အထက္ပါကဲ့သို႔ တိုက္တြန္းခဲ့ျခင္းျဖစ္သည္။

ယေန႔အခ်ိန္ထိ ျပည္ေထာင္စုစစ္စစ္မူကို မတည္ေဆာက္ႏိုင္ခဲ့ပဲ ျပည္ေထာင္စုႀကီးဆက္လက္တည္တံ့ရန္ကိုပင္ စိန္ေခၚမႈ ႀကီး မားစြာ ရင္ဆိုင္ေနရေသာ အေျခအေနျဖစ္သည္ဟု ျပည္သူ႔ပါတီက ရႈျမင္ထားသည္။

ထို႔ျပင္ လက္နက္ကိုင္ပဋိပကၡ ျမင့္မားလာသည္ႏွင့္အမွ် ျပည္ေထာင္စုအိပ္မက္သည္လည္း ေမွးမွိန္လာကာ လက္နက္မဲ့ ျပည္သူမ်ား၏ ေသေၾကပ်က္စီးမႈသည္ အတိုင္းအဆမရွိ ဆက္ လက္ႀကီးထြားလာေနေၾကာင္းလည္း ျပည္သူ႔ပါတီက ဆိုသည္။

သာမန္လက္နက္ကိုင္ပဋိပကၡမွသည္ နာက်ည္းမုန္းတီမႈ၊ အျပန္ အလွန္လက္စားေခ်မႈ၊ လူမ်ိဳးေရးပဋိပကၡမ်ားအသြင္အထိ ဦးတည္လာႏိုင္ၿပီး အေတာမသတ္ႏိုင္ေသာ အနိ႒ာ႐ုံမ်ားကိုလည္း ဆက္လက္ရင္ဆိုင္လာရႏိုင္ေၾကာင္း ျပည္သူ႔ပါတီ၏ ေၾကညာခ်က္တြင္ ထည့္သြင္းသုံးသပ္ထားသည္။

ထို႔ေၾကာင့္ လက္နက္မဲ့တိုင္းရင္းသားျပည္သူအားလုံး၏ အသက္ရွင္ရပ္တည္ေရး၊ အမ်ိဳးသားေခါင္းေဆာင္ႀကီးမ်ား ႀကိဳးပမ္း ေမွ်ာ္ မွန္းခဲ့သည့္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ႀကီး အဓြန႔္ရွည္တည္တံ့ေရးတို႔ကို ၿခိမ္းေျခာက္ေနေသာ စစ္မက္ျဖစ္ပြားမႈမ်ားကို ရပ္စဲ၍ ဘက္အသီးသီးမွ ေခါင္းေဆာင္မ်ားအေနျဖင့္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးေျဖရွင္းၾကရန္ ျပည္သူ႔ပါတီက အႏူး အၫြတ္ေမတၱာရပ္ခံတိုက္တြန္းထားသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ စတင္ခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံသား (၆၈၈၀)ထက္မနည္းသည္ အၾကမ္း ဖက္သတ္ျဖတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့ရၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.