ကမ္ဘာ့မာရသွန် စံချိန်တင်အပြေးသမား ကယ်လ်ဗင်ကီတွန် အသက် ၂၄ နှစ်မှာ ကွယ်လွန်

 2200

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၂

ကမ္ဘာ့စံချိန်တင် မာရသွန်ပြိုင်ပွဲဝင် ကင်ညာနိုင်ငံသား အသက် ၂၄ နှစ်အရွယ် ကယ်လ်ဗင်ကီတွန်ဟာ ကင်ညာနိုင်ငံအနောက်ပိုင်းမှာ ကားတိုက်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် မာရသွန်အားကစားသမားအမျိုးသားဟာ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီ (စင်ကာပူစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက်) က ကတ်တာဂတ် မှ အဲလ်ဒေါ်ရတ်မြို့ကို မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ကယ်လ်ဗင် အပါအဝင် ရဝမ်ဒါနည်းပြ ဂါဗစ်ဟာကီဇီမာနာလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲလ်ဒေါ်ရတ်ဟာ ကင်ညာနိုင်ငံအနောက်ပိုင်းရှိ အတော်ဆုံး တာဝေးအပြေးသမားတွေကို မွေးထုတ်ပေးတဲ့ နာမည်ကြီးမြို့တစ်မြို့ဖြစ်ပါတယ်။ "ကားပေါ်မှာ လိုက်ပါလာသူ လူ ၃ ယောက်ရှိပြီး ၂ ယောက် ပွဲချင်းပြီး သေဆုံးကာ ကျန်တစ်ယောက်ကတော့ ဆေးရုံကို ပို့ထားရတယ်" လို့ ကင်ညာနိုင်ငံအနောက်ပိုင်း အယ်လ်ဂီယိုမာရာကွက် ကောင်တီမှ ရဲမှူး ပီတာမူလင်က ပြောကြားခဲ့ပါတယ်။

ကယ်လ်ဗင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချီကာဂိုမှာ ပြုလုပ်တဲ့ မာရသွန်ပြေးပွဲမှာ ကမ္ဘာ့စံချိန်တင် ၂ နာရီ ၃၅ စက္ကန့်(ယခင်စံချိန်ထက် ၃၄ စက္ကန့် ပိုမြန်စွာနဲ့) စံချိန်တင် အနိုင်ရခဲ့ပါတယ်။ ဒါအပြင် ကယ်လ်ဗင်ဟာ လာမယ့်ဧပြီလ ၁၄ ရက်မှာ ရာ့တာဒမ်မှာပြုလုပ်တဲ့ နှစ်နာရီကြာ မာရသွန်ပြိုင်ပွဲကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာထားသူဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းကို ပဲရစ်မြို့မှာကျင်းပမယ့် ၂ဝ၂၄ ခုနှစ်၊ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်မယ်လို့လည်း ခန့်မှန်းထားကြတာဖြစ်ပါတယ်။

Zawgyi Version;
ကမာၻ႔မာရသြန္ စံခ်ိန္တင္အေျပးသမား ကယ္လ္ဗင္ကီတြန္ အသက္ ၂၄ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၂

ကမာၻ႔စံခ်ိန္တင္ မာရသြန္ၿပိဳင္ပြဲဝင္ ကင္ညာႏိုင္ငံသား အသက္ ၂၄ ႏွစ္အ႐ြယ္ ကယ္လ္ဗင္ကီတြန္ဟာ ကင္ညာႏိုင္ငံအေနာက္ပိုင္းမွာ ကားတိုက္မႈအတြင္း ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ မာရသြန္အားကစားသမားအမ်ိဳးသားဟာ ေဖေဖာ္ဝါရီ ၁၁ ရက္ ည ၁၁ နာရီ (စင္ကာပူစံေတာ္ခ်ိန္ ေဖေဖာ္ဝါရီ ၁၂ ရက္) က ကတ္တာဂတ္ မွ အဲလ္ေဒၚရတ္ၿမိဳ႕ကို ေမာင္းႏွင္လာစဥ္ ယာဥ္တိုက္မႈျဖစ္ခဲ့တာျဖစ္ၿပီး ကယ္လ္ဗင္ အပါအဝင္ ရဝမ္ဒါနည္းျပ ဂါဗစ္ဟာကီဇီမာနာလည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

အဲလ္ေဒၚရတ္ဟာ ကင္ညာႏိုင္ငံအေနာက္ပိုင္းရွိ အေတာ္ဆုံး တာေဝးအေျပးသမားေတြကို ေမြးထုတ္ေပးတဲ့ နာမည္ႀကီးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ "ကားေပၚမွာ လိုက္ပါလာသူ လူ ၃ ေယာက္ရွိၿပီး ၂ ေယာက္ ပြဲခ်င္းၿပီး ေသဆုံးကာ က်န္တစ္ေယာက္ကေတာ့ ေဆး႐ုံကို ပို႔ထားရတယ္" လို႔ ကင္ညာႏိုင္ငံအေနာက္ပိုင္း အယ္လ္ဂီယိုမာရာကြက္ ေကာင္တီမွ ရဲမႉး ပီတာမူလင္က ေျပာၾကားခဲ့ပါတယ္။

ကယ္လ္ဗင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက ခ်ီကာဂိုမွာ ျပဳလုပ္တဲ့ မာရသြန္ေျပးပြဲမွာ ကမာၻ႔စံခ်ိန္တင္ ၂ နာရီ ၃၅ စကၠန႔္(ယခင္စံခ်ိန္ထက္ ၃၄ စကၠန႔္ ပိုျမန္စြာနဲ႔) စံခ်ိန္တင္ အႏိုင္ရခဲ့ပါတယ္။ ဒါအျပင္ ကယ္လ္ဗင္ဟာ လာမယ့္ဧၿပီလ ၁၄ ရက္မွာ ရာ့တာဒမ္မွာျပဳလုပ္တဲ့ ႏွစ္နာရီၾကာ မာရသြန္ၿပိဳင္ပြဲကို ပထမဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ေၾကညာထားသူျဖစ္ပါတယ္။

ဒါ့အျပင္ ၎ကို ပဲရစ္ၿမိဳ႕မွာက်င္းပမယ့္ ၂ဝ၂၄ ခုႏွစ္၊ ေႏြရာသီ အိုလံပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆု ဆြတ္ခူးရယူႏိုင္မယ္လို႔လည္း ခန္႔မွန္းထားၾကတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.