မလေးရှားမှာ ရောင်းချတဲ့ ပျားရည် ၉ဝ ရာခိုင်နှုန်းဟာ အတုတွေသာဖြစ်တယ်လို့ ကျွမ်းကျင်သူက ပြော

 352

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၃

မလေးရှားနိုင်ငံရှိ ပျားရည်လုပ်ငန်းဟာ စျေးကွက်မှာ ကုန်ပစ္စည်းအတုဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ မလေးရှားနိုင်ငံမှာ ရောင်းချနေတဲ့ထုတ်ကုန်ရဲ့ ၉ဝ ရာခိုင်နှုန်းအထိလောက်ဟာ ပျားရည်မစစ်နိုင်ဘူးလို့ ပြည်တွင်းပျားရည်ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

"အခု ပျားရည်လုပ်ငန်းရဲ့အကြီးမားဆုံးစိန်ခေါ်မှုဟာ စျေးကွက်မှာ ၉ဝ ရာခိုင်နှုန်းသော ပျားရည်ဟာ အတုဖြစ်နေခြင်းပဲ" လို့ Universiti Sains Malaysia (USM) မှအကြီးတန်းကထိက ဒေါက်တာ ဇူလ်ကီဖိလီမူစတာဖာ က ဒေသတွင်း ရေဒီယိုအသံလွှင့်ဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

"ပျားရည်အစစ်မှန်း ခွဲခြားသိရှိနိုင်ဖို့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေ လိုအပ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အင်တာဗျူးမှာ stingless bee များမှ ပျားရည် သုံးစွဲမှုမြှင့်တင်ခြင်းအတွက် ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Stingless bees ပျားမျိုးစိတ်များမှ ပျားရည်ဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့ အာဟာရဓာတ်အမျိုးမျိုး၊ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်၊ ကောင်းတဲ့ ဘတ်တီးရီးယားများနဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပြည့်စုံတဲ့ အစားအစာဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးများတာကြောင့်လည်း ယင်းပျားရည်ထုတ်ကုမ္ပဏီတွေက ရှာလကာရည်နဲ့ နနွင်းရောစပ်အရသာကို အတုပြုလုပ်ရောင်းချကြပါတယ်။ ဒါကြောင့် ပျားရည် ၉ဝ ရာခိုင်နှုန်းဟာ မစစ်နိုင်ဘူးလို့ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ပျားမွေးမြူသူပေါင်း ၄,ဝဝဝ ခန့်ဟာ USM ရဲ့အသုံးချပရိုဂရမ်နဲ့အတူ အထွေထွေစားသုံးသူတွေအတွက် စစ်မှန်တဲ့ stingless bees ပျားရည်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
မေလးရွားမွာ ေရာင္းခ်တဲ့ ပ်ားရည္ ၉ဝ ရာခိုင္ႏႈန္းဟာ အတုေတြသာျဖစ္တယ္လို႔ ကြၽမ္းက်င္သူက ေျပာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၃

မေလးရွားႏိုင္ငံရွိ ပ်ားရည္လုပ္ငန္းဟာ ေစ်းကြက္မွာ ကုန္ပစၥည္းအတုျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ဖို႔ စိန္ေခၚမႈနဲ႔ ရင္ဆိုင္ေနရတာ မေလးရွားႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ထုတ္ကုန္ရဲ႕ ၉ဝ ရာခိုင္ႏႈန္းအထိေလာက္ဟာ ပ်ားရည္မစစ္ႏိုင္ဘူးလို႔ ျပည္တြင္းပ်ားရည္ကြၽမ္းက်င္သူတစ္ဦးက ေျပာပါတယ္။

"အခု ပ်ားရည္လုပ္ငန္းရဲ႕အႀကီးမားဆုံးစိန္ေခၚမႈဟာ ေစ်းကြက္မွာ ၉ဝ ရာခိုင္ႏႈန္းေသာ ပ်ားရည္ဟာ အတုျဖစ္ေနျခင္းပဲ" လို႔ Universiti Sains Malaysia (USM) မွအႀကီးတန္းကထိက ေဒါက္တာ ဇူလ္ကီဖိလီမူစတာဖာ က ေဒသတြင္း ေရဒီယိုအသံလႊင့္ဌာနတစ္ခုနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္။

"ပ်ားရည္အစစ္မွန္း ခြဲျခားသိရွိႏိုင္ဖို႔ ဓာတ္ခြဲခန္းစစ္ေဆးမႈေတြ လိုအပ္ပါတယ္" လို႔ ၎က ဆိုပါတယ္။

အင္တာဗ်ဴးမွာ stingless bee မ်ားမွ ပ်ားရည္ သုံးစြဲမႈျမႇင့္တင္ျခင္းအတြက္ ေျပာဆိုေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ Stingless bees ပ်ားမ်ိဳးစိတ္မ်ားမွ ပ်ားရည္ဟာ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာ ရရွိႏိုင္တဲ့ အာဟာရဓာတ္အမ်ိဳးမ်ိဳး၊ စြမ္းအင္၊ ပ႐ိုတင္း၊ ဗီတာမင္၊ ေကာင္းတဲ့ ဘတ္တီးရီးယားမ်ားနဲ႔ ဓာတ္တိုး ဆန႔္က်င္ပစၥည္းမ်ား ျပည့္စုံတဲ့ အစားအစာျဖစ္ပါတယ္။ ဒီလိုအက်ိဳးေက်းဇူးမ်ားတာေၾကာင့္လည္း ယင္းပ်ားရည္ထုတ္ကုမၸဏီေတြက ရွာလကာရည္နဲ႔ နႏြင္းေရာစပ္အရသာကို အတုျပဳလုပ္ေရာင္းခ်ၾကပါတယ္။ ဒါေၾကာင့္ ပ်ားရည္ ၉ဝ ရာခိုင္ႏႈန္းဟာ မစစ္ႏိုင္ဘူးလို႔ ၎က ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ဒီျပႆနာကို ေျဖရွင္းဖို႔ ပ်ားေမြးျမဴသူေပါင္း ၄,ဝဝဝ ခန႔္ဟာ USM ရဲ႕အသုံးခ်ပ႐ိုဂရမ္နဲ႔အတူ အေထြေထြစားသုံးသူေတြအတြက္ စစ္မွန္တဲ့ stingless bees ပ်ားရည္ထုတ္လုပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.