တပ်ချုပ်နှင့် နိုင်ငံရေးပါတီတို့၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲကို မကြာခင် နာရီပိုင်းအတွင်း ကျင်းပမည်

 1609

ပုံစာ - နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်

မြူနစ် (NP News) - ဖေဖော်ဝါရီ ၁၃

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီတို့၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲကို မကြာခင် နာရီပိုင်း အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲကို ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်)၊ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် နေပြည်တော်၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ တွေ့ဆုံကြမှာပါ။ မနေ့က ပြည်ထောင်စုနေ့ ညစာစားပွဲမှာ တွေ့ဆုံဖို့ အကြောင်းကြား တာပါ။ အရင်က ဒီနေ့မှာ UEC ရယ်၊ NSPNC တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို မနက်ဖြန်ကို ရွှေ့သွားတယ်။ ဒီနေ့မှာက တပ်ချုပ်နဲ့ တွေ့ဆုံကြမှာပေါ့”ဟု နိုင်ငံရေးပါတီတစ်ခုမှ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးက NP News ကို ပြောသည်။

ယနေ့တွင် နိုင်ငံရေးပါတီများနှင့် UEC၊ NSPNC တို့ သီးခြားစီတွေ့ဆုံမည့်အစီအစဉ်ကို မနက်ဖြန် (ဖေဖော်ဝါရီလ ၁၄ ရက်)သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

ပြီးခဲ့သော လွတ်လွပ်ရေးနေ့အပြီး ဇန်နဝါရီလ ၆ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီတို့သည် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ထိုသို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၌ ပါတီများအပေါ် ကန့်သတ်ထားသော ပြဋ္ဌာန်းချက်အချို့ကို နစကဘက်က ဖြေလျှော့ပေးမှုရှိခဲ့သည်။

zawgyi version
တပ္ခ်ဳပ္ႏွင့္ ႏိုင္ငံေရးပါတီတို႔၏ ဒုတိယအႀကိမ္ေျမာက္ေတြ႕ဆုံပြဲကို မၾကာခင္ နာရီပိုင္းအတြင္း က်င္းပမည္

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၁၃

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႏိုင္ငံေရးပါတီတို႔၏ ဒုတိယအႀကိမ္ေျမာက္ေတြ႕ဆုံပြဲကို မၾကာခင္ နာရီပိုင္း အတြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါေတြ႕ဆုံပြဲကို ယေန႔(ေဖေဖာ္ဝါရီလ ၁၃ ရက္)၊ ေန႔လည္ ၁ နာရီဝန္းက်င္အခ်ိန္တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံသြားမည္ ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီအသိုင္းအဝိုင္းထံမွ သိရသည္။

“ဒီေန႔ ေန႔လည္ ၁ နာရီေလာက္မွာ ေတြ႕ဆုံၾကမွာပါ။ မေန႔က ျပည္ေထာင္စုေန႔ ညစာစားပြဲမွာ ေတြ႕ဆုံဖို႔ အေၾကာင္းၾကား တာပါ။ အရင္က ဒီေန႔မွာ UEC ရယ္၊ NSPNC တို႔နဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ထားတာကို မနက္ျဖန္ကို ေ႐ႊ႕သြားတယ္။ ဒီေန႔မွာက တပ္ခ်ဳပ္နဲ႔ ေတြ႕ဆုံၾကမွာေပါ့”ဟု ႏိုင္ငံေရးပါတီတစ္ခုမွ ထိပ္ပိုင္းေခါင္း ေဆာင္တစ္ဦးက NP News ကို ေျပာသည္။

ယေန႔တြင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ UEC၊ NSPNC တို႔ သီးျခားစီေတြ႕ဆုံမည့္အစီအစဥ္ကို မနက္ျဖန္ (ေဖေဖာ္ဝါရီလ ၁၄ ရက္)သို႔ ေ႐ႊ႕ေျပာင္းထားေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ လြတ္လြပ္ေရးေန႔အၿပီး ဇန္နဝါရီလ ၆ ရက္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႏိုင္ငံေရးပါတီတို႔သည္ ေနျပည္ေတာ္၌ ပထမဆုံးအႀကိမ္ ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးသည္။ထိုသို႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ပိုင္းတြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၌ ပါတီမ်ားအေပၚ ကန႔္သတ္ထားေသာ ျပ႒ာန္းခ်က္အခ်ိဳ႕ကို နစကဘက္က ေျဖေလွ်ာ့ေပးမႈရွိခဲ့သည္။

Related news

© 2021. All rights reserved.