တောင်တွင်းကြီးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

 4020

Pearl (NP News) - ဖေဖော်ဝါရီ ၁၃

တောင်တွင်းကြီးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ၊ နေ့လည် (၁)နာရီ (၃ဝ) မိနစ် ခန့်တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရခိုင်ဘုရားကြီးဝန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရခိုင်ဘုရားကြီးဝင်းအတွင်းရှိ ထမင်းဆိုင်အနီးတွင် တောင်တွင်းကြီးမြို့နယ်၊ ပင်းချောင်းကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင် အပါအဝင် (၃)ဦးတို့ ကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း သိရသည်။

"ရခိုင်ဘုရားကြီးဝိုင်းအတွင်းက ထမင်းဆိုင်နားမှာ နေ့လည်လောက်က ပစ်ခံရတာ။ အားလုံးသေကုန်တာပေါ့" ဟု ဒေသခံတစ်ဦး က NP News ကို ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ၎င်းတို့(၃)ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းတို့ရုပ်အလောင်းအား တောင်တွင်းကြီးပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်‌ပေးထားကြောင်း သိရသည်။

Zawgyi Version;
ေတာင္တြင္းႀကီးၿမိဳ႕တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အပါအဝင္ (၃)ဦးကို အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၃

ေတာင္တြင္းႀကီးၿမိဳ႕တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အပါအဝင္ (၃)ဦးကို အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၂ ရက္) ၊ ေန႔လည္ (၁)နာရီ (၃ဝ) မိနစ္ ခန႔္တြင္ မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕၊ ရခိုင္ဘုရားႀကီးဝန္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါရခိုင္ဘုရားႀကီးဝင္းအတြင္းရွိ ထမင္းဆိုင္အနီးတြင္ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ပင္းေခ်ာင္းေက်း႐ြာ၏ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးဝင္းေအာင္ အပါအဝင္ (၃)ဦးတို႔ ကို အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

"ရခိုင္ဘုရားႀကီးဝိုင္းအတြင္းက ထမင္းဆိုင္နားမွာ ေန႔လည္ေလာက္က ပစ္ခံရတာ။ အားလုံးေသကုန္တာေပါ့" ဟု ေဒသခံတစ္ဦး က NP News ကို ေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ၎တို႔(၃)ဦးတြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး လက္ရွိတြင္ ၎တို႔႐ုပ္အေလာင္းအား ေတာင္တြင္းႀကီးျပည္သူေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္‌ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.