ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ၆ ဦး ကို မလွှဲပြောင်းမီကပင် တရုတ်ဒုရဲချုပ်က မြန်မာနိုင်ငံတွင် ရောက်ရှိစောင့်ဆိုင်းခဲ့ဟုဆို

 2347

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၃

ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိက ခေါင်းဆောင် ၆ ဦးကိုမလွှဲပြောင်းမီ အချိန်အတော်ကြာကပင် တရုတ်နိုင်ငံမှ ဒုတိယရဲချုပ်အဆင့်ရှိသူက မြန်မာနိုင်ငံတွင် ရောက်ရှိကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက NP News သို့ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃ဝ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန် (Bai Suo Cheng)၊ ပယ်ရင်ချန် (Bai Ying Cang)၊ ဝေ့ဟွိုင်ရန် (Wei Huai Ren)၊ လျိုကျန့်ရှန် (Liu Zheng Xiang)၊ လျိုကျန့်မောက် (Liu Zheng Mao) ၊ ရွှီလောက်ဖာ (XuLaoFa) နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးကို တရားဥပဒေ နှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ ၁ဝ ဦးကို ထိုနေ့ ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် လောက်ကိုင် မြို့ မှ ဝေ့ဟွိုင်ရန် (Wei Huai Ren) အပါအဝင် လေးဦး ကို ဖမ်းဆီးကာ လားရှိုးထောင်တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းတွင် အထူးလေယာဉ် ဖြင့် နေပြည်တော်သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဦးပယ်ဆောက်ချိန် (Bai Suo Cheng)နှင့် အခြားတစ်ဦးကိုမူ ယခင်ကပင် နေပြည်တော်သို့ ခေါ်ယူထားခဲ့ရာ လွန်ခဲ့သော နှစ်လခန့်က စတင်၍ ပျဉ်းမနား အချုပ်ထောင်တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ သိရှိသူက ဆိုသည်။

“တရုတ်ရဲ့ ဒုဝန်ကြီး၊ ဒုရဲချုပ်က (မြန်မာနိုင်ငံမှာ) ရောက်နေတာကြာပြီ။ သူတို့ ပေါ်လစ်ဗျူရိုက မှာလိုက် တယ်ပေါ့၊ အဲဒီတရားခံတွေ မပါလာမချင်း မပြန်နဲ့ဆိုပြီးမှာလိုက်တော့ ဒီမှာ လာစောင့်နေတာ” ဟု ၎င်းက သိရှိရသည့်အချက် အလက်ကို အခြေခံကာ ပြောကြားသည်။

၎င်းတို့ကို ခေါ်ဆောင်သွားသော လေယာဉ်ကို တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေး ဗျူရိုမှ ငှားရမ်းထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်သတင်းဌာနများတွင် ရေးသားချက်အရ သိရ သည်။

“အဲဒီခြောက်ယောက် (ဦးပယ်ဆောက်ချိန်ပါ ခြောက်ဦး)ရယ်၊ ဦးမြီ (မြီရှောက်ချန်း) အိမ်မှာ သေနတ်ပစ်ပါတယ် ဆိုတဲ့ ဗမာသုံးယောက်၊ ရှမ်းလေး တစ်ယောက် အပါအဝင် ဆယ်ယောက်ကို ခေါ်သွားတာပါ။ ညနေ လေးနာရီ မတ်တင်းပေါ့။ လေးနာရီထိုးဖို့ ဆယ့်ငါးမိနစ်လောက် အလိုမှာ အဲဒီ (ခေါ်မယ့်) လေယာဉ် ရောက်လာတယ်။ နဂို က ငါးနာရီခွဲ ထွက်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ အဆင်မပြေဘဲ ခုနစ်နာရီ သုံးမိနစ်မှ ထွက်သွားတယ်” ဟု ဦးပယ်ဆောက်ချိန်တို့ကို တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် လေယာဉ်ထွက်ခွာသွားသည့် အခြေအနေနှင့်ပတ်သက်၍ အထက်ပါ သိရှိသူက ပြောသည်။

ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်း ဆောင်ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်းနှင့် ယင်းသည် နှစ်နိုင်ငံက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းသည့် ပြတ်သားသော သန္နိဋ္ဌာန်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့်အဝ ထင်ဟပ်စေသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကိုးကန့် ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချန် (Bai Ying Cang)၊ ဝေ့ဟွိုင်ရန် (Wei Huai Ren) အပါအဝင် (၁၀) ဦးကို ယခင်က ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်ပြီး အွန်လိုင်းလိမ်လည်သည့် အမှုနှင့် ပတ်သက်၍ ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးမှ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း အွန်လိုင်းလိမ်လည်မှု၊ လူကိုသွေးဆောင်ဆွဲခေါ်မှု များ၊ ပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းများကို အားပေးကူညီခြင်းများ ကျူးလွန်ခဲ့ကြောင်း ဝရမ်းထုတ်ခဲ့သည့် မြီရှောင်ချန်၊ မြီကော်ဖျင်း(ခ) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်း တို့ အနက် မြီရှောင်ချန်၊ မြီကော်ဖျင်း(ခ) မြီရှောက်ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့တွင် ဖမ်းဆီးခဲ့ရာ မြီရှောက်ချန်းသည် တရားမဝင်ကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကိုယ်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသူများကို တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် နိုဝင်ဘာလ ၁၆ ရက်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကာ မြီရှောက်ချန်း၏ ရုပ်အလောင်းကိုမူ တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွား ခြင်းမရှိဘဲ လိုအပ်သည့် စစ်ဆေးအတည် ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်း လိမ်လည်သည့် ကိစ္စနှင့် ပတ်သက်၍ UWSA ကလည်း ၎င်းတို့ဘက်တွင် ဖမ်းမိ သည့် အွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးခြင်းများရှိကာ မြန်မာ အစိုးရနှင့် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထား သည့် UWSA မှ အဆင့်မြင့် အရာရှိနှစ်ဦးဖြစ်သော ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်(ခေါ်) အိုက်ဟော် တို့ကို ဝ ရဲတပ်ဖွဲ့ UWSP က ဖမ်းဝရမ်း ထုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

UWSA ၏ ဆောက်လုပ်ရေးဌာနမှူး အဖြစ် ယခင် က တာဝန်ယူခဲ့ဖူးသူ ပေါက်အိုက်ပန်းသည် ဝ ခေါင်းဆောင် ပေါက်ယူချန်း ၏ တူတော်စပ်ကာ မွေးစားသား ဟုလည်း အချို့က ဆိုကြပြီး UWSA ၏ မိုင်းလင်းခရိုင်မှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ အိုက်ဟော်သည် ပေါက်ယူချန်း၏ သားမက်ဟောင်း ဖြစ်ကြောင်း ပြောကြားမှုများ ရှိကာ ၎င်းတို့ကို ရှာဖွေဖမ်းဆီးနိုင်ခွင့်နှင့် ပတ်သက်၍ UWSA ၏ အစိုးရခေါင်းဆောင်နေအိမ်၊ အေဂျင်စီ ကုမ္ပဏီလုပ်ငန်း၊ သီးသန့်နေရာ စသည့်ဖြင့် နေရာများတွင် အမေးအမြန်း မရှိ တိုက်ရိုက် ဝင်ရောက်ရှာဖွေနိုင်ကြောင်း UWSA ၏ ဝရမ်းစာတွင် ဖော်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၂၁၀)ဦးနှင့် အခြားနိုင်ငံခြားသား (၁၈၁၀)ဦးရှိခဲ့ရာ စုစုပေါင်း (၅၀ဝ၂၀)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ဇန်နဝါရီလ(၃၁)ရက်က နေပြည်တော်တော်တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး မှ သိရသည်။

ထို့ပြင် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကလည်း ရှမ်းပြည်နယ်၊ နမ့်စန်မြို့အနီးပတ်ဝန်းကျင်ရှိ နေရာ(၃)နေရာ၌ ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်းလား ဒေသမှ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသား (၁၀ဝ၂) ဦးနှင့် အမျိုးသမီး (၃၆) ဦး ပါဝင်သည့် တရုတ်နိုင်ငံသား (၁၀၃၈)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရကာ အဆိုပါ ဖမ်းဆီးရမိခဲ့ သည့် တရုတ်နိုင်ငံသားများကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကနဦးကာလ အဆက်မပြတ်တိုက်ဖျက်မှုကြောင့် လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှု ကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄၀ဝ၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကာ အွန်လိုင်းလိမ်လည်သည့်အဖွဲ့များကို ပြင်းထန်စွာထိုးနှက်လိုက်ပြီး တိုက်ဖျက်ရေးလုပ်ငန်းသည် သမိုင်းဝင် အရေးပါကြီးမားသော ရလဒ်များရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Zawgyi Version;
ကိုးကန႔္ေဒသ ဥကၠ႒ေဟာင္း ဦးပယ္ေဆာက္ခ်ိန္ အပါအဝင္ ၆ ဦး ကို မလႊဲေျပာင္းမီကပင္ တ႐ုတ္ဒုရဲခ်ဳပ္က ျမန္မာႏိုင္ငံတြင္ ေရာက္ရွိေစာင့္ဆိုင္းခဲ့ဟုဆို
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၃

ကိုးကန႔္ေဒသ ဥကၠ႒ေဟာင္း ဦးပယ္ေဆာက္ခ်ိန္ အပါအဝင္ ကိုးကန႔္ေဒသ အြန္လိုင္းလိမ္လည္မႈအဖြဲ႕ အဓိက ေခါင္းေဆာင္ ၆ ဦးကိုမလႊဲေျပာင္းမီ အခ်ိန္အေတာ္ၾကာကပင္ တ႐ုတ္ႏိုင္ငံမွ ဒုတိယရဲခ်ဳပ္အဆင့္ရွိသူက ျမန္မာႏိုင္ငံတြင္ ေရာက္ရွိကာ ေစာင့္ဆိုင္းေနခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါျဖစ္စဥ္ကို သိရွိသူတစ္ဦးက NP News သို႔ ေျပာၾကားခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ ဇန္နဝါရီလ ၃ဝ ရက္တြင္ တ႐ုတ္ႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕အစည္းထံသို႔ ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ကိုးကန႔္ေဒသ အြန္လိုင္းလိမ္လည္မႈအဖြဲ႕ အဓိကေခါင္းေဆာင္ ၆ ဦးျဖစ္သည့္ ပယ္ေဆာက္ခ်ိန္ (Bai Suo Cheng)၊ ပယ္ရင္ခ်န္ (Bai Ying Cang)၊ ေဝ့ဟြိဳင္ရန္ (Wei Huai Ren)၊ လ်ိဳက်န႔္ရွန္ (Liu Zheng Xiang)၊ လ်ိဳက်န႔္ေမာက္ (Liu Zheng Mao) ၊ ႐ႊီေလာက္ဖာ (XuLaoFa) ႏွင့္ အျခားအေရးႀကီး ျပစ္မႈက်ဴးလြန္ေၾကာင္း သံသယရွိသူ ၄ ဦးကို တရားဥပေဒ ႏွင့္အညီ လႊဲေျပာင္းေပးအပ္ခဲ့ရာ အဆိုပါ ၁ဝ ဦးကို ထိုေန႔ ညတြင္ပင္ တ႐ုတ္ႏိုင္ငံသို႔ ဖမ္းဆီးပို႔ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ ၁၈ ရက္တြင္ ေလာက္ကိုင္ ၿမိဳ႕ မွ ေဝ့ဟြိဳင္ရန္ (Wei Huai Ren) အပါအဝင္ ေလးဦး ကို ဖမ္းဆီးကာ လားရႈိးေထာင္တြင္ ထိန္းသိမ္းထားခဲ့ျခင္း ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၂၈ ရက္ ညပိုင္းတြင္ အထူးေလယာဥ္ ျဖင့္ ေနျပည္ေတာ္သို႔ ေခၚေဆာင္ခဲ့ျခင္းျဖစ္ကာ ဦးပယ္ေဆာက္ခ်ိန္ (Bai Suo Cheng)ႏွင့္ အျခားတစ္ဦးကိုမူ ယခင္ကပင္ ေနျပည္ေတာ္သို႔ ေခၚယူထားခဲ့ရာ လြန္ခဲ့ေသာ ႏွစ္လခန႔္က စတင္၍ ပ်ဥ္းမနား အခ်ဳပ္ေထာင္တြင္ ထိန္းသိမ္းထားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါ သိရွိသူက ဆိုသည္။

“တ႐ုတ္ရဲ႕ ဒုဝန္ႀကီး၊ ဒုရဲခ်ဳပ္က (ျမန္မာႏိုင္ငံမွာ) ေရာက္ေနတာၾကာၿပီ။ သူတို႔ ေပၚလစ္ဗ်ဴ႐ိုက မွာလိုက္ တယ္ေပါ့၊ အဲဒီတရားခံေတြ မပါလာမခ်င္း မျပန္နဲ႔ဆိုၿပီးမွာလိုက္ေတာ့ ဒီမွာ လာေစာင့္ေနတာ” ဟု ၎က သိရွိရသည့္အခ်က္ အလက္ကို အေျခခံကာ ေျပာၾကားသည္။

၎တို႔ကို ေခၚေဆာင္သြားေသာ ေလယာဥ္ကို တ႐ုတ္ႏိုင္ငံ၏ ျပည္သူ႔လုံၿခဳံေရး ဗ်ဴ႐ိုမွ ငွားရမ္းထားျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕သို႔ ေခၚေဆာင္သြားခဲ့ျခင္း ျဖစ္သည္ဟု တ႐ုတ္သတင္းဌာနမ်ားတြင္ ေရးသားခ်က္အရ သိရ သည္။

“အဲဒီေျခာက္ေယာက္ (ဦးပယ္ေဆာက္ခ်ိန္ပါ ေျခာက္ဦး)ရယ္၊ ဦးၿမီ (ၿမီေရွာက္ခ်န္း) အိမ္မွာ ေသနတ္ပစ္ပါတယ္ ဆိုတဲ့ ဗမာသုံးေယာက္၊ ရွမ္းေလး တစ္ေယာက္ အပါအဝင္ ဆယ္ေယာက္ကို ေခၚသြားတာပါ။ ညေန ေလးနာရီ မတ္တင္းေပါ့။ ေလးနာရီထိုးဖို႔ ဆယ့္ငါးမိနစ္ေလာက္ အလိုမွာ အဲဒီ (ေခၚမယ့္) ေလယာဥ္ ေရာက္လာတယ္။ နဂို က ငါးနာရီခြဲ ထြက္ဖို႔ စီစဥ္ထားတယ္။ ဒါေပမဲ့ အဆင္မေျပဘဲ ခုနစ္နာရီ သုံးမိနစ္မွ ထြက္သြားတယ္” ဟု ဦးပယ္ေဆာက္ခ်ိန္တို႔ကို တ႐ုတ္ႏိုင္ငံသို႔ ဖမ္းဆီးေခၚေဆာင္သြားသည့္ ေလယာဥ္ထြက္ခြာသြားသည့္ အေျခအေနႏွင့္ပတ္သက္၍ အထက္ပါ သိရွိသူက ေျပာသည္။

ယခုအႀကိမ္လႈပ္ရွားမႈသည္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံက ႏိုင္ငံတကာရဲေရးရာ တရားဥပေဒစိုးမိုးမႈ ပူးေပါင္း ေဆာင္႐ြက္ရာတြင္ ေနာက္ထပ္ရရွိသည့္ အထင္ကရ ေအာင္ျမင္မႈရလဒ္ပင္ျဖစ္ေၾကာင္းႏွင့္ ယင္းသည္ ႏွစ္ႏိုင္ငံက ႏိုင္ငံျဖတ္ေက်ာ္ အြန္လိုင္းလိမ္လည္မႈကို ပူးတြဲတိုက္ဖ်က္ျခင္း၊ အတူလက္တြဲကာ လုံၿခဳံေရးႏွင့္ တည္ၿငိမ္မႈကို ထိန္းသိမ္းသည့္ ျပတ္သားေသာ သႏၷိ႒ာန္ႏွင့္ ခိုင္ၿမဲေသာစိတ္ဓာတ္ကို အျပည့္အဝ ထင္ဟပ္ေစသည္ဟု တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

တ႐ုတ္ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနက ကိုးကန႔္ ေဒသ ဥကၠ႒ေဟာင္း ဦးပယ္ေဆာက္ခ်ိန္၊ သားျဖစ္သူ ပယ္ရင္ခ်န္ (Bai Ying Cang)၊ ေဝ့ဟြိဳင္ရန္ (Wei Huai Ren) အပါအဝင္ (၁၀) ဦးကို ယခင္က ဖမ္းဝရမ္း ထုတ္ထားျခင္းျဖစ္ၿပီး အြန္လိုင္းလိမ္လည္သည့္ အမႈႏွင့္ ပတ္သက္၍ ကိုးကန႔္ လုပ္ငန္းရွင္ ၁၁ ဦးကို တ႐ုတ္ႏိုင္ငံသို႔ ေရာက္ရွိစဥ္ ဖမ္းဆီးထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ႏွစ္ ႏိုဝင္ဘာလ ၁၆ ရက္ နံနက္ပိုင္းကလည္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတရား႐ုံးမွ ရွမ္းျပည္နယ္ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အတြင္း အြန္လိုင္းလိမ္လည္မႈ၊ လူကိုေသြးေဆာင္ဆြဲေခၚမႈ မ်ား၊ ျပန္ေပးမႈမ်ား၊ တရားမဝင္ခ်ဳပ္ေႏွာင္မႈမ်ား၊ ေျခာက္လွန႔္ေတာင္းယူမႈမ်ားကို ဂိုဏ္းဖြဲ႕က်ဴးလြန္ျခင္း၊ က်ဴးလြန္ရန္ အားထုတ္ျခင္းမ်ားကို အားေပးကူညီျခင္းမ်ား က်ဴးလြန္ခဲ့ေၾကာင္း ဝရမ္းထုတ္ခဲ့သည့္ ၿမီေရွာင္ခ်န္၊ ၿမီေကာ္ဖ်င္း(ခ) ၿမီေရွာက္ဖ်င္း၊ ၿမီကြၽီလန္ႏွင့္ ၿမီက်ိန္းက်ိန္း တို႔ အနက္ ၿမီေရွာင္ခ်န္၊ ၿမီေကာ္ဖ်င္း(ခ) ၿမီေရွာက္ဖ်င္းႏွင့္ ၿမီက်ိန္းက်ိန္းတို႔ကို ေလာက္ကိုင္ၿမိဳ႕တြင္ ဖမ္းဆီးခဲ့ရာ ၿမီေရွာက္ခ်န္းသည္ တရားမဝင္ကိုင္ေဆာင္ထားသည့္ ပစၥတိုေသနတ္ျဖင့္ မိမိကိုယ္ကိုယ္ပစ္ခတ္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့သည္။

အဆိုပါ ဖမ္းဆီးရမိထားသူမ်ားကို တရားဥပေဒအရ အေရးယူႏိုင္ရန္အတြက္ ႏိုဝင္ဘာလ ၁၆ ရက္တြင္ ျမန္မာ-တ႐ုတ္ နယ္စပ္ရွိ ရန္လုံက်ိဳင္းနယ္စပ္ဂိတ္၌ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တာဝန္ရွိသူမ်ားက တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးအပ္ခဲ့ကာ ၿမီေရွာက္ခ်န္း၏ ႐ုပ္အေလာင္းကိုမူ တ႐ုတ္ႏိုင္ငံဘက္သို႔ ယူေဆာင္သြား ျခင္းမရွိဘဲ လိုအပ္သည့္ စစ္ေဆးအတည္ ျပဳမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အြန္လိုင္း လိမ္လည္သည့္ ကိစၥႏွင့္ ပတ္သက္၍ UWSA ကလည္း ၎တို႔ဘက္တြင္ ဖမ္းမိ သည့္ အြန္လိုင္းလိမ္လည္သူ တ႐ုတ္ႏိုင္ငံသားမ်ားကို တ႐ုတ္ႏိုင္ငံထံ ျပန္လည္လႊဲေျပာင္းေပးျခင္းမ်ားရွိကာ ျမန္မာ အစိုးရႏွင့္ တ႐ုတ္အစိုးရက ဖမ္းဝရမ္းထုတ္ထား သည့္ UWSA မွ အဆင့္ျမင့္ အရာရွိႏွစ္ဦးျဖစ္ေသာ ခ်န္ရန္ပန္(ခ)ေပါက္အိုက္ပန္းႏွင့္ ေရွာက္ရန္ပန္(ခ)ေဟာ္ခြၽင္ထင္(ေခၚ) အိုက္ေဟာ္ တို႔ကို ဝ ရဲတပ္ဖြဲ႕ UWSP က ဖမ္းဝရမ္း ထုတ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

UWSA ၏ ေဆာက္လုပ္ေရးဌာနမႉး အျဖစ္ ယခင္ က တာဝန္ယူခဲ့ဖူးသူ ေပါက္အိုက္ပန္းသည္ ဝ ေခါင္းေဆာင္ ေပါက္ယူခ်န္း ၏ တူေတာ္စပ္ကာ ေမြးစားသား ဟုလည္း အခ်ိဳ႕က ဆိုၾကၿပီး UWSA ၏ မိုင္းလင္းခ႐ိုင္မႉးအျဖစ္ တာဝန္ယူခဲ့ဖူးသူ အိုက္ေဟာ္သည္ ေပါက္ယူခ်န္း၏ သားမက္ေဟာင္း ျဖစ္ေၾကာင္း ေျပာၾကားမႈမ်ား ရွိကာ ၎တို႔ကို ရွာေဖြဖမ္းဆီးႏိုင္ခြင့္ႏွင့္ ပတ္သက္၍ UWSA ၏ အစိုးရေခါင္းေဆာင္ေနအိမ္၊ ေအဂ်င္စီ ကုမၸဏီလုပ္ငန္း၊ သီးသန႔္ေနရာ စသည့္ျဖင့္ ေနရာမ်ားတြင္ အေမးအျမန္း မရွိ တိုက္႐ိုက္ ဝင္ေရာက္ရွာေဖြႏိုင္ေၾကာင္း UWSA ၏ ဝရမ္းစာတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္မွ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္အထိ တရားမဝင္ ဝင္ေရာက္ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသား (၄၈၂၁၀)ဦးႏွင့္ အျခားႏိုင္ငံျခားသား (၁၈၁၀)ဦးရွိခဲ့ရာ စုစုေပါင္း (၅၀ဝ၂၀)ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္ လႊဲေျပာင္းေပးခဲ့ေၾကာင္း ဇန္နဝါရီလ(၃၁)ရက္က ေနျပည္ေတာ္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး မွ သိရသည္။

ထို႔ျပင္ ယခုႏွစ္ ဇန္နဝါရီလ ၂၃ ရက္ကလည္း ရွမ္းျပည္နယ္၊ နမ့္စန္ၿမိဳ႕အနီးပတ္ဝန္းက်င္ရွိ ေနရာ(၃)ေနရာ၌ ပန္ဆန္း၊ ေလာက္ကိုင္၊ မိုင္းေပါက္၊ မိုင္းလား ေဒသမွ ထြက္ေျပးတိမ္းေရွာင္လာေသာ အမ်ိဳးသား (၁၀ဝ၂) ဦးႏွင့္ အမ်ိဳးသမီး (၃၆) ဦး ပါဝင္သည့္ တ႐ုတ္ႏိုင္ငံသား (၁၀၃၈)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရကာ အဆိုပါ ဖမ္းဆီးရမိခဲ့ သည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို လိုအပ္သည့္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ သက္ဆိုင္ရာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ကနဦးကာလ အဆက္မျပတ္တိုက္ဖ်က္မႈေၾကာင့္ လက္ရွိအထိ ျမန္မာႏိုင္ငံေျမာက္ပိုင္း အြန္လိုင္းလိမ္လည္မႈ ျပစ္မႈ က်ဴးလြန္ေၾကာင္းသံသယရွိသူေပါင္း ၄၄၀ဝ၀ ကို တ႐ုတ္ႏိုင္ငံဘက္သို႔ လႊဲေျပာင္းေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ၎တို႔အနက္ ေနာက္ကြယ္မွ “ေငြေၾကးေထာက္ပံ့သူ”၊ အဖြဲ႕ေခါင္းေဆာင္ႏွင့္အမာခံမ်ား ၁၇၁ ဦး၊ တရားခံေျပး ၂၉၀၈ ဦးပါဝင္ကာ အြန္လိုင္းလိမ္လည္သည့္အဖြဲ႕မ်ားကို ျပင္းထန္စြာထိုးႏွက္လိုက္ၿပီး တိုက္ဖ်က္ေရးလုပ္ငန္းသည္ သမိုင္းဝင္ အေရးပါႀကီးမားေသာ ရလဒ္မ်ားရရွိခဲ့သည္ဟု ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.