ဝိုင်းစုခိုင်သိန်းကို ကွာရှင်းပြတ်စဲပေးမည်ဖြစ်သဖြင့် ပိုင်ဆိုင်မှုအညီအမျှ ခွဲယူရန် အဆိုတော်အောင်လ (ခ) ဇွဲရန်အောင်လှက အသိပေးအကြောင်းကြား

23517

အိဖြူသိမ့် (NP News) - ဖေဖော်ဝါရီ ၁၃
အဆိုတော်အောင်လ(ခ)ဇွဲရန်အောင်လှက ဇနီးဖြစ်သူ ဝိုင်းစုခိုင်သိန်းအား နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပေး တော့မည်ဖြစ်ကြောင်းနှင့် နှစ်ဦးသားပိုင်ဆိုင်မှုကို အညီအမျှခွဲယူကြမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် ဖေဖော်ဝါရီလ ၆ ရက်တွင် တရားဝင်အသိပေးအကြောင်းကြားလိုက်သည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ် မတ်လတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်လက်ထပ်၍ အကြင် လင်မယားအဖြစ် စတင်ပေါင်းသင်းနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ နှစ်ဦးသားပေါင်းသင်း နေထိုင်ခဲ့သည့် ကာလများအတွင်း အမှတ်(၄၁၅)၊ သရဖီ(၅)လမ်း၊ (၃၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ အကျယ်အဝန်း ပေ(၄၀/၆၀) ကျယ်ဝန်းသောမြေကွက်၊ အဆိုပါမြေကွက်ပေါ်တွင် ဆောက်လုပ်ထား သည့် နှစ်ထပ်တိုက်တစ်လုံး နှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ ရှမ်းပြည်နယ် ကလောမြို့ ကလော-ကယား လမ်းကြီး (၁၂) ရပ်ကွက်ရှိ အကျယ်အဝန်း(ဝ.၄) ဧကရှိ မြေ (၁) ကွက်၊ ရှမ်းပြည်နယ် ကလောမြို့ ရွာပု ရွာရှိ အကျယ်အဝန်း(၁၀)ဧကရှိ မြေ(၁)ကွက်၊ ယာဉ်အမှတ် (၇ဏ-၅၅၄၄) PEUGEOT 5008 အမျိုးအစား အဖြူရောင်ကား(၁)စီး၊ စတူဒီယိုခန်းအတွင်းရှိ တူရိယာပစ္စည်းများကို ပိုင်ဆိုင်ခဲ့ကြောင်း သတင်းစာ အတွင်း ဖော်ပြပါရှိချက်အရ သိရသည်။
အောင်လ (ခ) ဇွဲရန်အောင်လှသည် တည်ဆဲအစိုးရကို စော်ကားပုန်ကန်မှု အကြမ်းဖက်အားပေး အားမြောက်ပြုမှု များဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက် တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ခ) အရ ပြစ်မှုထင်ရှားခဲ့ရာ အင်းစိန်ဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံစေရန် ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေး နေ့) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ထို့သို့အကျဉ်းကျနေစဉ် ဇနီးမယားဖြစ်သူ ဝိုင်းစုခိုင်သိန်းသည် အောင်လ (ခ) ဇွဲရန်အောင်လှထံ ကွာရှင်းပြတ်စဲပေး ရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့တောင်းဆိုမှုများရှိခဲ့သော်လည်း အောင်လ(ခ)ဇွဲရန်အောင် ဘက်မှ ကွာရှင်းပြတ်စဲပေး မှု မပြုခဲ့ကြောင်း သိရသည်။
အောင်လ (ခ) ဇွဲရန်အောင်လှ အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ချိန် တွင် ဇနီးမယားဖြစ်သူ ဝိုင်းစုခိုင်သိန်း နှင့် နှစ်ဦးသားကြားဖြေရှင်း၍မရနိုင်သည့် လူမှုရေး အရှုပ်အထွေးပြဿနာများ လူသိရှင်ကြား ထွက်ပေါ်လာခဲ့သည်။
၎င်းအကျဉ်းထောင်အတွင်းရှိနေစဉ် ဝိုင်းစု ခိုင်သိန်း သည် တခြားသော အမျိုးသားတစ်ဦးနှင့်ပတ် သက်မှုရှိခဲ့သည်ဟု ယူဆရသော ရုပ်သံဖိုင်တစ်ဖိုင် သည် ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာထက်တွင် ပျံ့နှံ့လာခဲ့သည့်အတွက် လူအများ၏ ဝေဖန်ပြောဆို မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။
ထို့နောက် ၎င်းတို့၏ လင်မယားကြား ပြဿနာများသည် ဆိုရှယ်မီဒီယာများ၊ ပလက်ဖောင်း များပေါ်ထိပျံ့နှံ့ခဲ့ပြီး အောင်လ၏ အသိုင်းအဝိုင်းမှ စတင်၍ အဆိုတော်ဝိုင်းစုခိုင်သိန်း၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့ကြ ပြီးနောက် ဝိုင်းစုခိုင်သိန်းသည်လည်း အောင်လ (ခ) ဇွဲရန်အောင်လှ၏ လူမှုရေးအရှုပ်အထွေးကိစ္စများနှင့် အိမ်တွင်းရေး အကြမ်းဖက်မှုလုပ်ရပ်တချို့ကို မီဒီယာ များထံ အသိပေးမှုများရှိခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
လက်ရှိတွင် အောင်လ (ခ) ဇွဲရန်အောင်လှ သည် ဇနီးမယားဖြစ်ခဲ့သူ ဝိုင်းစုခိုင်သိန်း၏ တောင်းဆိုသည့်ဆန္ဒအတိုင်း တရားဝင်အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပေးမည်ဖြစ်ကြောင်း နှင့် လင်မယားနှစ်ဦးသားပိုင် သာမန် လက်ထပ်ပွားပစ္စည်းများအား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အညီအမျှခွဲဝေယူရန် ဥပဒေအရအကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းစာဖော်ပြချက်များအရ သိရသည်။ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည့် နေ့/ရက်(ဖေဖော်ဝါရီ ၆)မှစ၍ (၁၅) ရက်တိတိ မြောက်သည့်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ပေး ပါရန် နှင့် မည်သည့်အကြောင်းနှင့်မဆို ဆောင်ရွက် ပေးခြင်း မပြုခဲ့ပါက ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အောင်လ (ခ) ဇွဲရန်အောင်လှဘက်မှ အသိပေးစာ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။
ထိုသို့ အောင်လ (ခ) ဇွဲရန်အောင်လှ၏ အသိပေးအကြောင်းကြားစာနှင့်ပတ်သက်၍ အဆိုတော် ဝိုင်းစုခိုင်သိန်း ဘက်မှ ဖေဖော်ဝါရီလ ၁၃ ရက် အထိ တစ်စုံတစ်ရာမှ လူသိရှင်ကြား ပြန်လည်အသိပေးဖြေရှင်းထားခြင်း မရှိသေးပေ။

Zawgyi Version;
ဝိုင္းစုခိုင္သိန္းကို ကြာရွင္းျပတ္စဲေပးမည္ျဖစ္သျဖင့္ ပိုင္ဆိုင္မႈအညီအမွ် ခြဲယူရန္ အဆိုေတာ္ေအာင္လ (ခ) ဇြဲရန္ေအာင္လွက အသိေပးအေၾကာင္းၾကား
အိျဖဴသိမ့္ (NP News) - ေဖေဖာ္ဝါရီ ၁၃
အဆိုေတာ္ေအာင္လ(ခ)ဇြဲရန္ေအာင္လွက ဇနီးျဖစ္သူ ဝိုင္းစုခိုင္သိန္းအား ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲေပး ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ ႏွစ္ဦးသားပိုင္ဆိုင္မႈကို အညီအမွ်ခြဲယူၾကမည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမွတဆင့္ ေဖေဖာ္ဝါရီလ ၆ ရက္တြင္ တရားဝင္အသိေပးအေၾကာင္းၾကားလိုက္သည္။
၎တို႔ႏွစ္ဦးသည္ ၂၀၁၈ ခုႏွစ္ မတ္လတြင္ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ တရားဝင္လက္ထပ္၍ အၾကင္ လင္မယားအျဖစ္ စတင္ေပါင္းသင္းေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုအခ်ိန္မွစ၍ ႏွစ္ဦးသားေပါင္းသင္း ေနထိုင္ခဲ့သည့္ ကာလမ်ားအတြင္း အမွတ္(၄၁၅)၊ သရဖီ(၅)လမ္း၊ (၃၄) ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ ရန္ကုန္တိုင္း ေဒသႀကီးရွိ အက်ယ္အဝန္း ေပ(၄၀/၆၀) က်ယ္ဝန္းေသာေျမကြက္၊ အဆိုပါေျမကြက္ေပၚတြင္ ေဆာက္လုပ္ထား သည့္ ႏွစ္ထပ္တိုက္တစ္လုံး ႏွင့္ အိမ္ေထာင္ပရိေဘာဂပစၥည္းမ်ား၊ ရွမ္းျပည္နယ္ ကေလာၿမိဳ႕ ကေလာ-ကယား လမ္းႀကီး (၁၂) ရပ္ကြက္ရွိ အက်ယ္အဝန္း(ဝ.၄) ဧကရွိ ေျမ (၁) ကြက္၊ ရွမ္းျပည္နယ္ ကေလာၿမိဳ႕ ႐ြာပု ႐ြာရွိ အက်ယ္အဝန္း(၁၀)ဧကရွိ ေျမ(၁)ကြက္၊ ယာဥ္အမွတ္ (၇ဏ-၅၅၄၄) PEUGEOT 5008 အမ်ိဳးအစား အျဖဴေရာင္ကား(၁)စီး၊ စတူဒီယိုခန္းအတြင္းရွိ တူရိယာပစၥည္းမ်ားကို ပိုင္ဆိုင္ခဲ့ေၾကာင္း သတင္းစာ အတြင္း ေဖာ္ျပပါရွိခ်က္အရ သိရသည္။
ေအာင္လ (ခ) ဇြဲရန္ေအာင္လွသည္ တည္ဆဲအစိုးရကို ေစာ္ကားပုန္ကန္မႈ အၾကမ္းဖက္အားေပး အားေျမာက္ျပဳမႈ မ်ားျဖင့္ ၂၀၂၂ ခုႏွစ္ ဧၿပီလ ၄ ရက္ တြင္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က(ခ) အရ ျပစ္မႈထင္ရွားခဲ့ရာ အင္းစိန္ဗဟို အက်ဥ္းေထာင္၌ ျပစ္ဒဏ္က်ခံေစရန္ ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရၿပီး၊ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ေရး ေန႔) တြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန႔္ျဖင့္ ျပန္လည္လြတ္ေျမာက္ခဲ့ျခင္း ျဖစ္သည္။
ထို႔သို႔အက်ဥ္းက်ေနစဥ္ ဇနီးမယားျဖစ္သူ ဝိုင္းစုခိုင္သိန္းသည္ ေအာင္လ (ခ) ဇြဲရန္ေအာင္လွထံ ကြာရွင္းျပတ္စဲေပး ရန္ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေၾကာင္း၊ ထိုသို႔ေတာင္းဆိုမႈမ်ားရွိခဲ့ေသာ္လည္း ေအာင္လ(ခ)ဇြဲရန္ေအာင္ ဘက္မွ ကြာရွင္းျပတ္စဲေပး မႈ မျပဳခဲ့ေၾကာင္း သိရသည္။
ေအာင္လ (ခ) ဇြဲရန္ေအာင္လွ အေနျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ အက်ဥ္းေထာင္မွ ျပန္လည္ လြတ္ေျမာက္ခ်ိန္ တြင္ ဇနီးမယားျဖစ္သူ ဝိုင္းစုခိုင္သိန္း ႏွင့္ ႏွစ္ဦးသားၾကားေျဖရွင္း၍မရႏိုင္သည့္ လူမႈေရး အရႈပ္အေထြးျပႆနာမ်ား လူသိရွင္ၾကား ထြက္ေပၚလာခဲ့သည္။
၎အက်ဥ္းေထာင္အတြင္းရွိေနစဥ္ ဝိုင္းစု ခိုင္သိန္း သည္ တျခားေသာ အမ်ိဳးသားတစ္ဦးႏွင့္ပတ္ သက္မႈရွိခဲ့သည္ဟု ယူဆရေသာ ႐ုပ္သံဖိုင္တစ္ဖိုင္ သည္ ေဖ့ဘြတ္လူမႈကြန္ရက္စာမ်က္ႏွာထက္တြင္ ပ်ံ႕ႏွံ႔လာခဲ့သည့္အတြက္ လူအမ်ား၏ ေဝဖန္ေျပာဆို မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရသည္။
ထို႔ေနာက္ ၎တို႔၏ လင္မယားၾကား ျပႆနာမ်ားသည္ ဆိုရွယ္မီဒီယာမ်ား၊ ပလက္ေဖာင္း မ်ားေပၚထိပ်ံ႕ႏွံ႔ခဲ့ၿပီး ေအာင္လ၏ အသိုင္းအဝိုင္းမွ စတင္၍ အဆိုေတာ္ဝိုင္းစုခိုင္သိန္း၏ ဂုဏ္သိကၡာ ညႇိဳးႏြမ္းေစရန္ ေရးသားေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ၾက ၿပီးေနာက္ ဝိုင္းစုခိုင္သိန္းသည္လည္း ေအာင္လ (ခ) ဇြဲရန္ေအာင္လွ၏ လူမႈေရးအရႈပ္အေထြးကိစၥမ်ားႏွင့္ အိမ္တြင္းေရး အၾကမ္းဖက္မႈလုပ္ရပ္တခ်ိဳ႕ကို မီဒီယာ မ်ားထံ အသိေပးမႈမ်ားရွိခဲ့သည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။
လက္ရွိတြင္ ေအာင္လ (ခ) ဇြဲရန္ေအာင္လွ သည္ ဇနီးမယားျဖစ္ခဲ့သူ ဝိုင္းစုခိုင္သိန္း၏ ေတာင္းဆိုသည့္ဆႏၵအတိုင္း တရားဝင္အၾကင္လင္မယားအျဖစ္မွ ကြာရွင္းျပတ္စဲေပးမည္ျဖစ္ေၾကာင္း ႏွင့္ လင္မယားႏွစ္ဦးသားပိုင္ သာမန္ လက္ထပ္ပြားပစၥည္းမ်ားအား ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒႏွင့္အညီ အညီအမွ်ခြဲေဝယူရန္ ဥပေဒအရအေၾကာင္း ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သတင္းစာေဖာ္ျပခ်က္မ်ားအရ သိရသည္။ ႏိုင္ငံပိုင္သတင္းစာတြင္ ေဖာ္ျပပါရွိသည့္ ေန႔/ရက္(ေဖေဖာ္ဝါရီ ၆)မွစ၍ (၁၅) ရက္တိတိ ေျမာက္သည့္ေန႔ ေနာက္ဆုံးထား၍ ေဆာင္႐ြက္ေပး ပါရန္ ႏွင့္ မည္သည့္အေၾကာင္းႏွင့္မဆို ေဆာင္႐ြက္ ေပးျခင္း မျပဳခဲ့ပါက ဥပေဒအရ ဆက္လက္အေရးယူ ေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ေအာင္လ (ခ) ဇြဲရန္ေအာင္လွဘက္မွ အသိေပးစာ ထုတ္ျပန္ခဲ့သည္ကိုလည္း ေတြ႕ရသည္။
ထိုသို႔ ေအာင္လ (ခ) ဇြဲရန္ေအာင္လွ၏ အသိေပးအေၾကာင္းၾကားစာႏွင့္ပတ္သက္၍ အဆိုေတာ္ ဝိုင္းစုခိုင္သိန္း ဘက္မွ ေဖေဖာ္ဝါရီလ ၁၃ ရက္ အထိ တစ္စုံတစ္ရာမွ လူသိရွင္ၾကား ျပန္လည္အသိေပး ေျဖရွင္းထားျခင္း မရွိေသးေပ။