ခြံအမှတ်(၅၄) လေလံတင်မည့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိခဲ့ပြီးနောက် မှတ်ချက်မပြု

 13229

Iris (NP News) - ဖေဖော်ဝါရီ ၁၃

ဒေါ်လာသန်း(၉၀)ခန့်ဖြင့် ဈေးသတ်မှတ်၍ လေလံတင်မည်ဖြစ်သော တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄)ကိစ္စကို နေထိုင်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်က သိရှိထားပြီးဖြစ်ကာ မည်သည့်မှတ်ချက်မှ မပေးကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သတင်းရရှိ သည်။

ဒေါ်ခင်ကြည် အမည်ပေါက်ဖြင့် အကျယ်အဝန်း နှစ်ဧကနီးပါးရှိသော အဆိုပါမြေကွက်ကို လေလံတင်မည့်ကိစ္စမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်၌ သတင်းဌာနများထံ စတင်ပေါက်ကြားလာခဲ့ပြီး နောက်ဆက်တွဲ ဆိုးရွားသော ဂယက်များလည်း ထွက်ပေါ်လာနေသည်ကို တွေ့နေရသည်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်သည့်အတွက် လေလံတင်မည့်ကိစ္စသည် ဥပဒေ ကြောင်းအရ တရားဝင်မှုရှိ-မရှိ နှင့် ကာယကံရှင်များ သိရှိလက်ခံခြင်း ရှိမရှိဆိုသောမေးခွန်းများလည်း ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။

“ရုံးချိန်းက နှစ်လကျော်သွားတယ်လေ။ နှစ်ပတ်စီ ချိန်းဆိုခဲ့တာ အားလုံးပေါင်း လေးချိန်းရှိခဲ့တယ်။ ရုံးချိန်းတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာနဲ့ရေးသားပြီး ရှေ့နေတွေက အကြောင်းကြားပေးတယ်။ လေလံ ကြမ်းခင်းဈေး ဒီလောက်နဲ့ ဖြတ်မယ်ဆိုတာကိုလည်း ပေးသိခဲ့တယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) သိပြီးသားပါ။ အဲဒီအပေါ်မှာ သူက ဘာမှမပြောဘူး။ သိတာက သိတယ်” ဟု အမှုနှင့် ဆက်စပ်သော ရှေ့နေသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

အထူးသဖြင့် ပြည်ပြေးသတင်းဌာနများထံ တရားရုံးစာရွက်သတင်းပေါက်ကြားခဲ့မှုနှင့်သက်ဆိုင်သူ ရှေ့နေများက လည်း အတည်ပြုထားခြင်းမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမှုလိုက်ရှေ့နေများက တရားဝင်အသိပေးထားပြီး ဖြစ် ကြောင်းလည်း သိရသည်။ ပြည်ပြေးသတင်းဌာနများ ထံသို့ ပေါက်ကြားသွားခဲ့သော တရားရုံး အမိန့်စာ စာရွက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေ တိုင်းရပ်ကွက် အမှတ် ၃၆ ၊ ဧရိယာ (၁ ဒသမ ၉၂၃ ဧက) ရှိ မြေကွက်ကြီးနှင့် မြေပေါ်ရှိ အဆောက်အအုံများ အပါအဝင် အားလုံးကို လေလံ တင်ရောင်းချနိုင်ရန်အတွက် သတင်းစာကြော်ငြာထည့်သွင်းနိုင်ရန် လေလံကြမ်းခင်း ဈေး တင်သွင်း အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

လေလံ ကြမ်းခင်းဈေးမှာ မြန်မာငွေကျပ် သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) ဟူ၍ ဖော်ပြထားပြီး အမေရိကန်ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးရှိသည်ဟု တွက်ချက်ထားကြောင်းလည်း သိရသည်။ ဇန်နဝါရီလ (၂)ရက် ရက်စွဲဖြင့် တရားရုံးက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို အသုံးချ၍ ကိုယ်ကျိုးရှာသူများက ပြည်ပြေးမီဒီယာများထံ သတင်းပေါက်ကြားမှုများ ဖြစ်စေခဲ့သည့်အတွက် လူ့အသိုင်း အဝိုင်းအတွင်း၌ ဆိုးရွားလွန်းလှသော ခြိမ်းခြောက်သတ်ဖြတ်ရန် လှုံ့ဆော်မှုများကို NLD ထောက်ခံသူများဘက်မှ ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာ ကွန်ရက်များတွင် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် မတ်လ(၂၀)ရက်တွင် လေလံတင်မည်ဟု အသိပေးကြေညာထားသော အဆိုပါ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ခြံအမှတ်(၅၄)သည် မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်က အမည်ပေါက်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ဟုသော သက်ရှိထင်ရှား ရှိနေသေးသူ သားသမီးနှစ်ဦးက မိဘအမွေအဖြစ် ဥပဒေရ ခွဲဝေပိုင်ဆိုင်ခွင့် ရှိနေသည်။ နှစ်ဧကနီးပါး ကျယ်ဝန်းသော အဆိုပါခြံနှင့်အိမ်ကြီးတွင် ဦးအောင်ဆန်းဦးက လွန်ခဲ့သောနှစ်(၃၀)ထက်မနည်းသည့်ကာလ အတွင်း၌ နေထိုင်ခွင့် အလျှင်းမရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကသာလျှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မဖြစ်ခင် အထိ သိမ်းပိုက်နေထိုင်ခဲ့သည်ကို တွေ့ရသည်။
မြန်မာမှု မိသားစုဆိုင်ရာသတ်မှတ်ချက်များအရ ဖြစ်စေ၊ တည်ဆဲ တရားဝင်ဥပဒေများအရဖြစ်စေ ဦးအောင်ဆန်းဦး က မိဘများချန်ရစ်ခဲ့သောအမွေကို ခွဲဝေဆက်ခံပိုင်ခွင့်ရှိသည့်အတွက် ထုခွဲရောင်းချ၍ အမွေရပိုင်ခွင့်ပေးပါရန် တောင်းဆိုခွင့်ရှိကြောင်းလည်း ဥပဒေပညာရှင်များက အတည်ပြုသည်။
ယင်းအတွက်ကြောင့် တရားမျှတမှုအကြောင်းကို လူထုထံကိုယ်စားပြုပြောဆိုလေ့ရှိသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော်အကြီးအကဲဖြစ်ခဲ့စဉ်ကာလအထိ ဦးအောင်ဆန်းဦးဘက်က ဥပဒေကြောင်းမှ အမွေခွဲဝေခွင့် တောင်းဆိုမှုများ လုပ်ခဲ့ဖူးကြောင်းလည်း သိရသည်။ သို့သော်လည်း တရားမျှတမှုအ ကြောင်း အစဉ်တစိုက် လှုံ့ဆော်ပြောဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၎င်း၏နိုင်ငံတော်အတိုင်ပင်ခံရာထူး ရပ်ဆိုင်းသွားသည့် ကာလတိုင်အောင်ပင်လျှင် မည်သည့် အမွေခွဲဝေပေးမှုကိုပင် မလုပ်ခဲ့ကြောင်းလည်း တရားခွင်ဖြစ်စဉ်များအရ သိရသည်။

လက်ရှိအချိန်တွင် နေပြည်တော်အကျဉ်းထောင်အတွင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း ကိုယ်စားလှယ်ရှေ့နေများမှတစ်ဆင့် ဦးအောင်ဆန်းဦး၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဦးတိုက် လျှောက်ထားမှုကို နှစ်လတိုင်တိုင် တရား ခွင်ဖြတ်သန်း၍ အတည်ပြုဆုံးဖြတ်မှုခံယူပြီး ဖြစ်သည့် အတွက် လေလံတင် ရောင်းချရေးကိစ္စမှာ တရားဝင်အ တည်ဖြစ်ပေါ်လာပြီဟု ဆိုနိုင်သည်။ ယင်းအတွက်ကြောင့် လေလံတင် ရောင်းချရေးလုပ်ငန်းစဉ်မှာ မတ်လ(၂၀) ရက်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွင်း၌ ဖြစ်ပေါ် လာမည်ဖြစ်ပြီး လေလံတင်မှု အကြိမ်ကြိမ် မအောင်မြင်ပါက ယခုထက်လျော့နည်းသော ဈေးနှုန်းဖြင့်သာ ရောင်းချသွားရနိုင်ခြေရှိနေကြောင်းလည်း သိရသည်။

Zawgyi Version;
ၿခံအမွတ္(၅၄) ေလလံတင္မည့္ကိစၥကို ေဒၚေအာင္ဆန္းစုၾကည္ ႀကိဳတင္သိရွိခဲ့ၿပီးေနာက္ မွတ္ခ်က္မျပဳ
Iris (NP News) - ေဖေဖာ္ဝါရီ ၁၃

ေဒၚလာသန္း(၉၀)ခန႔္ျဖင့္ ေဈးသတ္မွတ္၍ ေလလံတင္မည္ျဖစ္ေသာ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္ (၅၄)ကိစၥကို ေနထိုင္ခဲ့ဖူးသူ ေဒၚေအာင္ဆန္းစုၾကည္က သိရွိထားၿပီးျဖစ္ကာ မည္သည့္မွတ္ခ်က္မွ မေပးေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းထံမွ သတင္းရရွိ သည္။

ေဒၚခင္ၾကည္ အမည္ေပါက္ျဖင့္ အက်ယ္အဝန္း ႏွစ္ဧကနီးပါးရွိေသာ အဆိုပါေျမကြက္ကို ေလလံတင္မည့္ကိစၥမွာ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ (၂၅)ရက္၌ သတင္းဌာနမ်ားထံ စတင္ေပါက္ၾကားလာခဲ့ၿပီး ေနာက္ဆက္တြဲ ဆိုး႐ြားေသာ ဂယက္မ်ားလည္း ထြက္ေပၚလာေနသည္ကို ေတြ႕ေနရသည္။ အထူးသျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဟာင္း ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ခဲ့ဖူးေသာ ေနအိမ္ျဖစ္သည့္အတြက္ ေလလံတင္မည့္ကိစၥသည္ ဥပေဒ ေၾကာင္းအရ တရားဝင္မႈရွိ-မရွိ ႏွင့္ ကာယကံရွင္မ်ား သိရွိလက္ခံျခင္း ရွိမရွိဆိုေသာေမးခြန္းမ်ားလည္း ထြက္ေပၚ ခဲ့ျခင္းျဖစ္သည္။

“႐ုံးခ်ိန္းက ႏွစ္လေက်ာ္သြားတယ္ေလ။ ႏွစ္ပတ္စီ ခ်ိန္းဆိုခဲ့တာ အားလုံးေပါင္း ေလးခ်ိန္းရွိခဲ့တယ္။ ႐ုံးခ်ိန္းတိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ဆီကို စာနဲ႔ေရးသားၿပီး ေရွ႕ေနေတြက အေၾကာင္းၾကားေပးတယ္။ ေလလံ ၾကမ္းခင္းေဈး ဒီေလာက္နဲ႔ ျဖတ္မယ္ဆိုတာကိုလည္း ေပးသိခဲ့တယ္။ သူ (ေဒၚေအာင္ဆန္းစုၾကည္) သိၿပီးသားပါ။ အဲဒီအေပၚမွာ သူက ဘာမွမေျပာဘူး။ သိတာက သိတယ္” ဟု အမႈႏွင့္ ဆက္စပ္ေသာ ေရွ႕ေနသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

အထူးသျဖင့္ ျပည္ေျပးသတင္းဌာနမ်ားထံ တရား႐ုံးစာ႐ြက္သတင္းေပါက္ၾကားခဲ့မႈႏွင့္သက္ဆိုင္သူ ေရွ႕ေနမ်ားက လည္း အတည္ျပဳထားျခင္းမ်ိဳးျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ အမႈလိုက္ေရွ႕ေနမ်ားက တရားဝင္အသိေပးထားၿပီး ျဖစ္ ေၾကာင္းလည္း သိရသည္။ ျပည္ေျပးသတင္းဌာနမ်ား ထံသို႔ ေပါက္ၾကားသြားခဲ့ေသာ တရား႐ုံး အမိန႔္စာ စာ႐ြက္တြင္ ရန္ကုန္တိုင္းေဒသႀကီး ဗဟန္းၿမိဳ႕နယ္ ေျမ တိုင္းရပ္ကြက္ အမွတ္ ၃၆ ၊ ဧရိယာ (၁ ဒသမ ၉၂၃ ဧက) ရွိ ေျမကြက္ႀကီးႏွင့္ ေျမေပၚရွိ အေဆာက္အအုံမ်ား အပါအဝင္ အားလုံးကို ေလလံ တင္ေရာင္းခ်ႏိုင္ရန္အတြက္ သတင္းစာေၾကာ္ျငာထည့္သြင္းႏိုင္ရန္ ေလလံၾကမ္းခင္း ေဈး တင္သြင္း အပ္ပါသည္ဟု ေဖာ္ျပပါရွိသည္။

ေလလံ ၾကမ္းခင္းေဈးမွာ ျမန္မာေငြက်ပ္ သိန္းေပါင္း သုံးသန္း တစ္သိန္း ငါးေသာင္းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) ဟူ၍ ေဖာ္ျပထားၿပီး အေမရိကန္ေဒၚလာသန္း(၉၀)ခန႔္ တန္ေၾကးရွိသည္ဟု တြက္ခ်က္ထားေၾကာင္းလည္း သိရသည္။ ဇန္နဝါရီလ (၂)ရက္ ရက္စြဲျဖင့္ တရား႐ုံးက ထုတ္ျပန္ေပးခဲ့ျခင္းျဖစ္ၿပီး ယင္းထုတ္ျပန္ခ်က္ကို အသုံးခ်၍ ကိုယ္က်ိဳးရွာသူမ်ားက ျပည္ေျပးမီဒီယာမ်ားထံ သတင္းေပါက္ၾကားမႈမ်ား ျဖစ္ေစခဲ့သည့္အတြက္ လူ႔အသိုင္း အဝိုင္းအတြင္း၌ ဆိုး႐ြားလြန္းလွေသာ ၿခိမ္းေျခာက္သတ္ျဖတ္ရန္ လႈံ႕ေဆာ္မႈမ်ားကို NLD ေထာက္ခံသူမ်ားဘက္မွ ေဖ့စ္ဘြတ္ခ္ႏွင့္ ဆိုရွယ္မီဒီယာ ကြန္ရက္မ်ားတြင္ ေရးသားေဖာ္ျပေနၾကသည္ကို ေတြ႕ရသည္။

၂၀၂၄ ခုႏွစ္ မတ္လ(၂၀)ရက္တြင္ ေလလံတင္မည္ဟု အသိေပးေၾကညာထားေသာ အဆိုပါ တကၠသိုလ္ရိပ္သာ လမ္းေပၚရွိ ၿခံအမွတ္(၅၄)သည္ ျမန္မာ့အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဇနီးျဖစ္သူ ေဒၚခင္ၾကည္က အမည္ေပါက္ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္ၿပီး ၎တို႔ ဇနီးေမာင္ႏွံတြင္ ဦးေအာင္ဆန္းဦးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ဟုေသာ သက္ရွိထင္ရွား ရွိေနေသးသူ သားသမီးႏွစ္ဦးက မိဘအေမြအျဖစ္ ဥပေဒရ ခြဲေဝပိုင္ဆိုင္ခြင့္ ရွိေနသည္။ ႏွစ္ဧကနီးပါး က်ယ္ဝန္းေသာ အဆိုပါၿခံႏွင့္အိမ္ႀကီးတြင္ ဦးေအာင္ဆန္းဦးက လြန္ခဲ့ေသာႏွစ္(၃၀)ထက္မနည္းသည့္ကာလ အတြင္း၌ ေနထိုင္ခြင့္ အလွ်င္းမရရွိခဲ့ဘဲ ေဒၚေအာင္ဆန္းစုၾကည္ကသာလွ်င္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ မျဖစ္ခင္ အထိ သိမ္းပိုက္ေနထိုင္ခဲ့သည္ကို ေတြ႕ရသည္။
ျမန္မာမႈ မိသားစုဆိုင္ရာသတ္မွတ္ခ်က္မ်ားအရ ျဖစ္ေစ၊ တည္ဆဲ တရားဝင္ဥပေဒမ်ားအရျဖစ္ေစ ဦးေအာင္ဆန္းဦး က မိဘမ်ားခ်န္ရစ္ခဲ့ေသာအေမြကို ခြဲေဝဆက္ခံပိုင္ခြင့္ရွိသည့္အတြက္ ထုခြဲေရာင္းခ်၍ အေမြရပိုင္ခြင့္ေပးပါရန္ ေတာင္းဆိုခြင့္ရွိေၾကာင္းလည္း ဥပေဒပညာရွင္မ်ားက အတည္ျပဳသည္။
ယင္းအတြက္ေၾကာင့္ တရားမွ်တမႈအေၾကာင္းကို လူထုထံကိုယ္စားျပဳေျပာဆိုေလ့ရွိေသာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ႏိုင္ငံေတာ္အႀကီးအကဲျဖစ္ခဲ့စဥ္ကာလအထိ ဦးေအာင္ဆန္းဦးဘက္က ဥပေဒေၾကာင္းမွ အေမြခြဲေဝခြင့္ ေတာင္းဆိုမႈမ်ား လုပ္ခဲ့ဖူးေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း တရားမွ်တမႈအ ေၾကာင္း အစဥ္တစိုက္ လႈံ႕ေဆာ္ေျပာဆိုခဲ့သူ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ၎၏ႏိုင္ငံေတာ္အတိုင္ပင္ခံရာထူး ရပ္ဆိုင္းသြားသည့္ ကာလတိုင္ေအာင္ပင္လွ်င္ မည္သည့္ အေမြခြဲေဝေပးမႈကိုပင္ မလုပ္ခဲ့ေၾကာင္းလည္း တရားခြင္ျဖစ္စဥ္မ်ားအရ သိရသည္။

လက္ရွိအခ်ိန္တြင္ ေနျပည္ေတာ္အက်ဥ္းေထာင္အတြင္းသို႔ ေရာက္ရွိေနေသာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ကလည္း ကိုယ္စားလွယ္ေရွ႕ေနမ်ားမွတစ္ဆင့္ ဦးေအာင္ဆန္းဦး၏ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ထံ ဦးတိုက္ ေလွ်ာက္ထားမႈကို ႏွစ္လတိုင္တိုင္ တရား ခြင္ျဖတ္သန္း၍ အတည္ျပဳဆုံးျဖတ္မႈခံယူၿပီး ျဖစ္သည့္ အတြက္ ေလလံတင္ ေရာင္းခ်ေရးကိစၥမွာ တရားဝင္အ တည္ျဖစ္ေပၚလာၿပီဟု ဆိုႏိုင္သည္။ ယင္းအတြက္ေၾကာင့္ ေလလံတင္ ေရာင္းခ်ေရးလုပ္ငန္းစဥ္မွာ မတ္လ(၂၀) ရက္တြင္ တကၠသိုလ္ရိပ္သာလမ္းရွိ ေနအိမ္အတြင္း၌ ျဖစ္ေပၚ လာမည္ျဖစ္ၿပီး ေလလံတင္မႈ အႀကိမ္ႀကိမ္ မေအာင္ျမင္ပါက ယခုထက္ေလ်ာ့နည္းေသာ ေဈးႏႈန္းျဖင့္သာ ေရာင္းခ်သြားရႏိုင္ေျခရွိေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.