ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်များ အပါအဝင် အစိုးရအဖွဲ့ဝင်များအားလုံး ကျန်းမာရေးစစ်ဆေးမှု ခံယူထားရ

 3171

Iris (NP News) - ဖေဖော်ဝါရီ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီး နှင့် ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ အားလုံး ဇန်နဝါရီလကုန်ပိုင်းက ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရ ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးများအပါအဝင် အစိုးရထိပ်ပိုင်း အရာရှိအားလုံး ကျန်းမာရေးစစ်ဆေးမှုခံယူရခြင်းကို နိုင်ငံတော်၏ ရုံးတွင်းနှုတ်မိန့်ညွှန်ကြားချက်ဆန်ဆန် အသိပေးထားခြင်းမျိုးဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ် တစ်ဦး NP News ကို အတည်ပြုသည်။

“မနေ့က ဆေးစစ်ပြီးကြပြီလို့ ပြောတယ်။ ပုံမှန်(၆)လတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု မဖြစ်မနေလုပ်ရတာလို့ သိရ တယ်” ဟု အစိုးရထိပ်ပိုင်းတာဝန်ရှိသူများနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ဦးကလည်း NP News ကို အတည်ပြုပြောကြားသည်။
အထူးသဖြင့် အစိုးရတာဝန် ထမ်းဆောင်နေသာ နိုင်ငံရေးရာထူးရှိသူ အားလုံး၏ ကျန်းမာရေးအခြေအနေကို လေ့လာဆန်းစစ်၍ ရှေ့ဆက်တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ-မရှိကို နိုင်ငံတော်အကြီးအကဲက လေ့လာသုံးသပ်သည့် သဘောမျိုးဖြစ်ကြောင်း၊ အကြီးအကဲကိုယ်တိုင်ပင်လျှင် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူလေ့ရှိကြောင်း သိရသည်။ ယခင်အစိုးရများ လက်ထက်အတွင်းက ယခုကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာဆေးစစ်မှုခံယူခြင်းမျိုး တိတိပပ ညွှန်ကြားလုပ်ဆောင်ခြင်းမျိုးမရှိ မိမိသဘောဆန္ဒအတိုင်းသာ လုပ်ဆောင်စေခဲ့ကြောင်း ကြားသိရသည်။

“ဝန်ကြီးအပြောင်းအလဲတွေ၊ အနားပေးတာတွေမှာ ကျန်းမာရေးအရ အနားပေးတာတွေကလည်း ထည့်စဉ်းစား ကြတဲ့အချက်တစ်ချက်ဖြစ်လာတာပေါ့။ နစက တက်ကတည်းက ဒါကို (ကျန်းမာရေးစစ်ဆေးမှုခံယူစေခြင်း) လုပ်နေတာပါ” ဟု သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။

နစက အိမ်စောင့်အစိုးရ၏သက်တမ်းကာလမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၃၁)ရက်တွင် သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သုံးနှစ်တာ ကာလအတွင်း ပြည်ထောင်စုဝန်ကြီးအချို့၊ ဝန်ကြီးချုပ်အချို့၊ ဒုဝန်ကြီးနှင့် ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးများ အပြောင်းအလဲမျိုးစုံကို ကျန်းမာရေး အ ကြောင်းပြချက်များဖြင့် ပြုလုပ်ခဲ့ဖူးကြောင်းလည်းကြားသိရသည်။

Zawgyi Version;
ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဝန္ႀကီးခ်ဳပ္မ်ား အပါအဝင္ အစိုးရအဖြဲ႕ဝင္မ်ားအားလုံး က်န္းမာေရးစစ္ေဆးမႈ ခံယူထားရ
Iris (NP News) - ေဖေဖာ္ဝါရီ ၁၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ အိမ္ေစာင့္အစိုးရအဖြဲ႕မွ ျပည္ေထာင္စုဝန္ႀကီး၊ ဝန္ႀကီးခ်ဳပ္၊ ဒုဝန္ႀကီး ႏွင့္ ျပည္နယ္တိုင္းေဒသႀကီး ဝန္ႀကီးအဆင့္ပုဂၢိဳလ္မ်ား အားလုံး ဇန္နဝါရီလကုန္ပိုင္းက က်န္းမာေရးစစ္ေဆးမႈခံယူခဲ့ရ ေၾကာင္း သတင္းရရွိသည္။

ျပည္ေထာင္စုဝန္ႀကီးမ်ားအပါအဝင္ အစိုးရထိပ္ပိုင္း အရာရွိအားလုံး က်န္းမာေရးစစ္ေဆးမႈခံယူရျခင္းကို ႏိုင္ငံေတာ္၏ ႐ုံးတြင္းႏႈတ္မိန႔္ၫႊန္ၾကားခ်က္ဆန္ဆန္ အသိေပးထားျခင္းမ်ိဳးျဖစ္ေၾကာင္း အစိုးရသတင္းရင္းျမစ္ တစ္ဦး NP News ကို အတည္ျပဳသည္။

“မေန႔က ေဆးစစ္ၿပီးၾကၿပီလို႔ ေျပာတယ္။ ပုံမွန္(၆)လတစ္ႀကိမ္ က်န္းမာေရးစစ္ေဆးမႈ မျဖစ္မေနလုပ္ရတာလို႔ သိရ တယ္” ဟု အစိုးရထိပ္ပိုင္းတာဝန္ရွိသူမ်ားႏွင့္ ရင္းႏွီးေသာ သတင္းရင္းျမစ္တစ္ဦးကလည္း NP News ကို အတည္ျပဳေျပာၾကားသည္။
အထူးသျဖင့္ အစိုးရတာဝန္ ထမ္းေဆာင္ေနသာ ႏိုင္ငံေရးရာထူးရွိသူ အားလုံး၏ က်န္းမာေရးအေျခအေနကို ေလ့လာဆန္းစစ္၍ ေရွ႕ဆက္တာဝန္ထမ္းေဆာင္ႏိုင္ျခင္း ရွိ-မရွိကို ႏိုင္ငံေတာ္အႀကီးအကဲက ေလ့လာသုံးသပ္သည့္ သေဘာမ်ိဳးျဖစ္ေၾကာင္း၊ အႀကီးအကဲကိုယ္တိုင္ပင္လွ်င္ က်န္းမာေရးစစ္ေဆးမႈ ပုံမွန္ခံယူေလ့ရွိေၾကာင္း သိရသည္။ ယခင္အစိုးရမ်ား လက္ထက္အတြင္းက ယခုကဲ့သို႔ က်န္းမာေရးေစာင့္ ေရွာက္မႈဆိုင္ရာေဆးစစ္မႈခံယူျခင္းမ်ိဳး တိတိပပ ၫႊန္ၾကားလုပ္ေဆာင္ျခင္းမ်ိဳးမရွိ မိမိသေဘာဆႏၵအတိုင္းသာ လုပ္ေဆာင္ေစခဲ့ေၾကာင္း ၾကားသိရသည္။

“ဝန္ႀကီးအေျပာင္းအလဲေတြ၊ အနားေပးတာေတြမွာ က်န္းမာေရးအရ အနားေပးတာေတြကလည္း ထည့္စဥ္းစား ၾကတဲ့အခ်က္တစ္ခ်က္ျဖစ္လာတာေပါ့။ နစက တက္ကတည္းက ဒါကို (က်န္းမာေရးစစ္ေဆးမႈခံယူေစျခင္း) လုပ္ေနတာပါ” ဟု သတင္းရင္းျမစ္က အတည္ျပဳေျပာၾကားသည္။

နစက အိမ္ေစာင့္အစိုးရ၏သက္တမ္းကာလမွာ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီ(၃၁)ရက္တြင္ သုံးႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး သုံးႏွစ္တာ ကာလအတြင္း ျပည္ေထာင္စုဝန္ႀကီးအခ်ိဳ႕၊ ဝန္ႀကီးခ်ဳပ္အခ်ိဳ႕၊ ဒုဝန္ႀကီးႏွင့္ ျပည္နယ္တိုင္းေဒသႀကီး ဝန္ႀကီးမ်ား အေျပာင္းအလဲမ်ိဳးစုံကို က်န္းမာေရး အ ေၾကာင္းျပခ်က္မ်ားျဖင့္ ျပဳလုပ္ခဲ့ဖူးေၾကာင္းလည္းၾကားသိရသည္။

Related news

© 2021. All rights reserved.