မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေ ကမ္ဘာ့အဆင့်(၁)အဖြစ် သတ်မှတ်ခံထားရသည့် ရေဝက်များကို စစ်တမ်းပြုစုစောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်

 1883

ယွန်း (NP News ) - ဖေဖော်ဝါရီ ၁၃

မျိုးသုဉ်းပျောက်ကွယ်တော့မည့် ရေနေသတ္တဝါများတွင် အဆင့်(၁)သတ်မှတ်ခံထားရသည့် ရေဝက်များကို မြန်မာ နိုင်ငံအနေဖြင့် ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုထံမှ သိရ သည်။

ရေနေနို့တိုက်သတ္တဝါများဖြစ်သော ရေဝက်များသည် လက်ရှိတွင် မျိုးသုဉ်းပျောက်ကွယ်မှု အဆင့်(၁)နေရာ၌ သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့ကို စစ်တမ်းကောက်ယူရန် အခက်အခဲများရှိနေကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ သူကမျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့နိုင်ငံမှာပဲ မဟုတ်ဘူး တစ်ကမ္ဘာလုံးမှာဆို နိုင်ငံပေါင်း(၃၀)ကျော်၊ (၄၀)ကျော်လောက်မှာ ပျံ့နှံ့နေတာ။ ရှားပါးတဲ့အဆင့်မှာ ရှိနေတာပေါ့။ မျိုးသုဉ်းပျောက်ကွယ်တော့မယ့်နေရာမှာ ဆိုရင်တော့ ကမ္ဘာ့အဆင့်(၁)နေရာမှာရှိတာပေါ့။ ကျွန်တော်တို့ကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် သူတို့က အဲဒီအဆင့် လက်ခံသတ်မှတ်ထားတော့ ကျွန်တော်တို့ကလည်း အဲဒီလိုပဲ လက်ခံသတ်မှတ်ထားပါတယ်။ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်ထားတာပေါ့” ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ဝင်းက NP News ကို ပြောသည်။

ရေဝက်များသည် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီကမ်းရိုးတန်းများတွင် ငါးဖမ်းပိုက်ကွန်များနှင့်ငြိကာ မကြာခဏ သောင်တင်သေဆုံးလေ့ရှိပြီး ၎င်းတို့ကို မာန်အောင်ကျွန်းပတ်ဝန်းကျင်နှင့် ချောင်းသာကမ်းခြေအထက်ပိုင်းဒေသ တို့တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

၎င်းတို့ကို စစ်တမ်းကောက်ယူရာတွင် လင်းပိုင်များကဲ့သို့ ကောက်ယူ၍မရဘဲ ကျွမ်းကျင်ပညာရှင်များနှင့် အရင်းအနှီးများလိုအပ်ခြင်းကြောင့် ပြည်ပမှ အထောက်အပံ့များလည်း လိုအပ်နေကြောင်း သိရသည်။

“သူကကျတော့ လင်းပိုင်လို စစ်တမ်းကောက်ဖို့ မလွယ်ဘူး။ အပေါ်ကနေနှစ်ယောက်စီးလေယာဉ်နဲ့ ရှာတာတို့၊ ဒိုင်ဗင်လုပ်ပြီးရှာမှရတာ။ စက်လှေနဲ့ဆိုရင် စက်သံတို့၊ လူသံတို့ကြားရင် ချက်ချင်းငုပ်ပြီး ပျောက်သွားတော့ စစ်တမ်းကောက်ဖို့ကမလွယ်ဘူး။ လက်ရှိမှာတော့ စစ်တမ်းကောက်ဖို့က ခဲယဉ်းနေသေးတယ်။ ကျွမ်းကျင်ပညာရှင် လည်း လိုတယ်။ ငွေရေးကြေးရေးကအစ ထောက်ပံ့မှုတွေ လိုအပ်နေသေးတယ်လေ။ အရင်လိုစစ်တမ်း ကောက်ယူဖို့တွေ ပြန်လုပ်ဖို့ဆိုတာက ပြည်ပအထောက်အပံ့ပေါ်မှာလည်း မူတည်နေတယ်။ အဲဒီလိုအခွင့်အရေး တွေပေါ်လာရင်တော့ ကျွန်တော်တို့က လုပ်နိုင်မှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်ပနိုင်ငံများတွင် ရေဝက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိနေခြင်းကြောင့် မျိုးတုံးမှုဖြင့် ရင်ဆိုင်နေရပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုတို့ကလည်း ၎င်းတို့ အသက်ရှင် ရပ်တည်မှုအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိနေသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေနို့တိုက်သတ္တဝါများကို ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ ပြန်ကြားချက်အမှတ်(၁/၂၀၁၈) နှင့် òန်ကြားချက် အမှတ် (၅/၂၀၂၂)တို့ကို ထုတ်ပြန်ထားပြီး မျိုးသုဉ်းရှားပါး ရေနေ နို့တိုက်သတ္တဝါများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရဖြစ်စေခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန် òန်ကြားထားပြီး လိုက်နာရန် ပျက်ကွက်ပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပင်လယ်ရေနေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြသော မြန်မာနိုင်ငံရှိ လောင်းမန်း နှုတ်သီးပါ ဝေလငါး၊ ကျောဘို့ပါလင်းပိုင်၊ ကြောင်လိမ် ဂျွန်းထိုးလင်းပိုင်၊ အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ ပုလင်းနှုတ်သီးလင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ကျောရေ ယက်မဲ့လင်းရှူးနှင့် ရေဝက်မျိုးစိတ်များသည် မျိုးသုဉ်းရှား ပါးရေနေနို့တိုက် သတ္တဝါစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

Zawgyi Version;
မ်ိဳးသုဥ္းေပ်ာက္ကြယ္ႏိုင္ေျခ ကမာၻ႔အဆင့္(၁)အျဖစ္ သတ္မွတ္ခံထားရသည့္ ေရဝက္မ်ားကို စစ္တမ္းျပဳစုေစာင့္ေရွာက္ထိန္းသိမ္းရန္ လိုအပ္
ယြန္း (NP News ) - ေဖေဖာ္ဝါရီ ၁၃

မ်ိဳးသုဥ္းေပ်ာက္ကြယ္ေတာ့မည့္ ေရေနသတၱဝါမ်ားတြင္ အဆင့္(၁)သတ္မွတ္ခံထားရသည့္ ေရဝက္မ်ားကို ျမန္မာ ႏိုင္ငံအေနျဖင့္ ထိန္းသိမ္းမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္ေနေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ ပတ္ဝန္းက်င္ႏွင့္ မ်ိဳးသုဥ္းရွားပါးေရသတၱဝါမ်ား ထိန္းသိမ္းေရးဌာနစုထံမွ သိရ သည္။

ေရေနႏို႔တိုက္သတၱဝါမ်ားျဖစ္ေသာ ေရဝက္မ်ားသည္ လက္ရွိတြင္ မ်ိဳးသုဥ္းေပ်ာက္ကြယ္မႈ အဆင့္(၁)ေနရာ၌ သတ္မွတ္ခံထားရၿပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၎တို႔ကို စစ္တမ္းေကာက္ယူရန္ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။

“အခုလက္ရွိမွာေတာ့ သူကမ်ိဳးသုဥ္းေတာ့မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာပဲ မဟုတ္ဘူး တစ္ကမာၻလုံးမွာဆို ႏိုင္ငံေပါင္း(၃၀)ေက်ာ္၊ (၄၀)ေက်ာ္ေလာက္မွာ ပ်ံ႕ႏွံ႔ေနတာ။ ရွားပါးတဲ့အဆင့္မွာ ရွိေနတာေပါ့။ မ်ိဳးသုဥ္းေပ်ာက္ကြယ္ေတာ့မယ့္ေနရာမွာ ဆိုရင္ေတာ့ ကမာၻ႔အဆင့္(၁)ေနရာမွာရွိတာေပါ့။ ကြၽန္ေတာ္တို႔ကလည္း အဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့အတြက္ သူတို႔က အဲဒီအဆင့္ လက္ခံသတ္မွတ္ထားေတာ့ ကြၽန္ေတာ္တို႔ကလည္း အဲဒီလိုပဲ လက္ခံသတ္မွတ္ထားပါတယ္။ လုံးဝကာကြယ္ထားတဲ့ တိရစာၦန္အျဖစ္ သတ္မွတ္ထားတာေပါ့” ဟု ငါးလုပ္ငန္း ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးဟန္ဝင္းက NP News ကို ေျပာသည္။

ေရဝက္မ်ားသည္ ရခိုင္ကမ္း႐ိုးတန္းႏွင့္ ဧရာဝတီကမ္း႐ိုးတန္းမ်ားတြင္ ငါးဖမ္းပိုက္ကြန္မ်ားႏွင့္ၿငိကာ မၾကာခဏ ေသာင္တင္ေသဆုံးေလ့ရွိၿပီး ၎တို႔ကို မာန္ေအာင္ကြၽန္းပတ္ဝန္းက်င္ႏွင့္ ေခ်ာင္းသာကမ္းေျခအထက္ပိုင္းေဒသ တို႔တြင္ ေတြ႕ရေလ့ရွိေၾကာင္း သိရသည္။

၎တို႔ကို စစ္တမ္းေကာက္ယူရာတြင္ လင္းပိုင္မ်ားကဲ့သို႔ ေကာက္ယူ၍မရဘဲ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ အရင္းအႏွီးမ်ားလိုအပ္ျခင္းေၾကာင့္ ျပည္ပမွ အေထာက္အပံ့မ်ားလည္း လိုအပ္ေနေၾကာင္း သိရသည္။

“သူကက်ေတာ့ လင္းပိုင္လို စစ္တမ္းေကာက္ဖို႔ မလြယ္ဘူး။ အေပၚကေနႏွစ္ေယာက္စီးေလယာဥ္နဲ႔ ရွာတာတို႔၊ ဒိုင္ဗင္လုပ္ၿပီးရွာမွရတာ။ စက္ေလွနဲ႔ဆိုရင္ စက္သံတို႔၊ လူသံတို႔ၾကားရင္ ခ်က္ခ်င္းငုပ္ၿပီး ေပ်ာက္သြားေတာ့ စစ္တမ္းေကာက္ဖို႔ကမလြယ္ဘူး။ လက္ရွိမွာေတာ့ စစ္တမ္းေကာက္ဖို႔က ခဲယဥ္းေနေသးတယ္။ ကြၽမ္းက်င္ပညာရွင္ လည္း လိုတယ္။ ေငြေရးေၾကးေရးကအစ ေထာက္ပံ့မႈေတြ လိုအပ္ေနေသးတယ္ေလ။ အရင္လိုစစ္တမ္း ေကာက္ယူဖို႔ေတြ ျပန္လုပ္ဖို႔ဆိုတာက ျပည္ပအေထာက္အပံ့ေပၚမွာလည္း မူတည္ေနတယ္။ အဲဒီလိုအခြင့္အေရး ေတြေပၚလာရင္ေတာ့ ကြၽန္ေတာ္တို႔က လုပ္ႏိုင္မွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ျပည္ပႏိုင္ငံမ်ားတြင္ ေရဝက္မ်ားကို ဖမ္းဆီးသတ္ျဖတ္ျခင္းမ်ားရွိေနျခင္းေၾကာင့္ မ်ိဳးတုံးမႈျဖင့္ ရင္ဆိုင္ေနရၿပီး ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ေၾကာင့္ အပူခ်ိန္ျမင့္မားမႈ၊ ပင္လယ္ေရထုညစ္ညမ္းမႈတို႔ကလည္း ၎တို႔ အသက္ရွင္ ရပ္တည္မႈအတြက္ အခက္အခဲျဖစ္ေပၚလ်က္ရွိေနသည္။

ငါးလုပ္ငန္းဦးစီးဌာနအေနျဖင့္ ေရေနႏို႔တိုက္သတၱဝါမ်ားကို ထိန္းသိမ္းကာကြယ္ႏိုင္ေရးႏွင့္ပတ္သက္၍ ျပန္ၾကားခ်က္အမွတ္(၁/၂၀၁၈) ႏွင့္ òန္ၾကားခ်က္ အမွတ္ (၅/၂၀၂၂)တို႔ကို ထုတ္ျပန္ထားၿပီး မ်ိဳးသုဥ္းရွားပါး ေရေန ႏို႔တိုက္သတၱဝါမ်ားကို ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ဒဏ္ရာအနာတရျဖစ္ေစျခင္း၊ ေရာင္းခ်ျခင္းမျပဳလုပ္ရန္ òန္ၾကားထားၿပီး လိုက္နာရန္ ပ်က္ကြက္ပါက ျမန္မာ့ပင္လယ္ငါးလုပ္ငန္းဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

ပင္လယ္ေရေန ႏို႔တိုက္သတၱဝါ (Marine Mammals) မ်ားျဖစ္ၾကေသာ ျမန္မာႏိုင္ငံရွိ ေလာင္းမန္း ႏႈတ္သီးပါ ေဝလငါး၊ ေက်ာဘို႔ပါလင္းပိုင္၊ ေၾကာင္လိမ္ ဂြၽန္းထိုးလင္းပိုင္၊ အပူပိုင္းေဒသ လင္းပိုင္ေျပာက္၊ ပုလင္းႏႈတ္သီးလင္းပိုင္၊ ဧရာဝတီလင္းပိုင္၊ ေက်ာေရ ယက္မဲ့လင္းရႉးႏွင့္ ေရဝက္မ်ိဳးစိတ္မ်ားသည္ မ်ိဳးသုဥ္းရွား ပါးေရေနႏို႔တိုက္ သတၱဝါစာရင္းတြင္ ပါဝင္ေနေၾကာင္း သိရသည္။

Picture

ko zaw min

13/02/2024 19:18

ဆရာ ရယ် ရေဝက် တင် မဟုတ်ပါဘူး ဗမာ ပါထည့်ရမှာ သူတိုကမှ ပိုက်ကွန်မိတာတို ရာသီဥတု ကြောင့် ဆိုတာ တို့ နဲ့ နဲနဲ ဝေးသေးတယ် ဗမာ က အောက်နေမှီုင်းလေးတိုက်လိုက်ရင် တဖုတ်ဖုတ်နဲ့ အောက်ကြလာပြိးသေကြတဲ့ သရက်ပိုးတွေလိုပဲ မျီုးတုန်း တော့မယ် သတ္တဝါ တွေပါ

Related news

© 2021. All rights reserved.