လှိုင်သာယာတွင် အသက် (၂)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး မြောင်းထဲပြုတ်ကျသေဆုံးမှုဖြစ်ပွား

 2344

စော (NP News) - ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အသက် (၂)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး မြောင်းထဲပြုတ်ကျ သေဆုံးခဲ့ကြောင်း ကရုဏာတွဲလက်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်)၊ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်တွင် အထက်ပါကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးကို ပိုက်ဆံပေးလိုက်တာ။ မုန့်သွားစားမယ်ဆိုပြီး ထွက်သွားတာ။ ထွက်သွားတဲ့ဟာကို မြောင်းဘက်ကို ဘယ်လိုရောက်သွားလဲမသိဘူး။ ကလေးမတွေ့တော့လို့ ရှာတဲ့အခါမှာ မြောင်းထဲမှာ ဖိနပ်လေးတွေ့လို့ ဆွဲဆယ် လိုက်တာ။ မြောင်းထဲမှာတွေ့တာပဲ။ မိနစ်ပိုင်းလောက်ပဲခြားပြီး ရှာလိုက်တာတန်းတွေ့တယ်”ဟု ကရုဏာတွဲလက် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါကလေးငယ်သည် အသက် (၂)နှစ်နှင့် (၈)လအရွယ်ရှိ ယောကျ်ားလေးဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်း အား လှိုင်သာယာဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဘယ်သူ့ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့မရဘူးပေါ့။ တစ်ခုတော့ ရှိတာပေါ့။ ဒီအရွယ်ဆိုတာက လွှတ်ထားလို့ ရတဲ့အရွယ်မဟုတ်ဘူး။ လွှတ်ထားလို့ရတဲ့အရွယ်မဟုတ်တဲ့အတွက် ပြောချင်တာက မိဘတွေ အရမ်းပေါ့ဆလွန်း တယ်။ ဒီအရွယ်မှာ ကိုယ်နဲ့မကွာထားရမဲ့အချိန်မှာ ဒီလိုဖြစ်သွားတဲ့ဆိုတာ မဖြစ်သင့်တဲ့ အခြေအနေကြီးပေါ့။ အဲဒီတော့ နောက်နောင်လူတွေလည်း ဒါမျိုးလေးတွေ အထူးဂရုစိုက်ဖို့ ပြောချင်တယ်” ဟု ၎င်းက ဆက်လက် အကြုံပြုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့် တိုက်ပေါ်မှ အသက်(၁)နှစ် နှင့် (၇)နှစ် အရွယ်ရှိသော မိန်းကလေးငယ် (၂)ဦးလုံး ပြုတ်ကျခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ ဖူးသည်။

Zawgyi Version;
လႈိင္သာယာတြင္ အသက္ (၂)ႏွစ္ဝန္းက်င္အ႐ြယ္ ကေလးငယ္တစ္ဦး ေျမာင္းထဲျပဳတ္က်ေသဆုံးမႈျဖစ္ပြား
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၃

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္တြင္ အသက္ (၂)ႏွစ္ဝန္းက်င္အ႐ြယ္ ကေလးငယ္တစ္ဦး ေျမာင္းထဲျပဳတ္က် ေသဆုံးခဲ့ေၾကာင္း က႐ုဏာတြဲလက္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၁၃ ရက္)၊ မြန္းလြဲပိုင္းတြင္ လႈိင္သာယာၿမိဳ႕နယ္၊ (၅)ရပ္ကြက္တြင္ အထက္ပါကဲ့သို႔ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးကို ပိုက္ဆံေပးလိုက္တာ။ မုန႔္သြားစားမယ္ဆိုၿပီး ထြက္သြားတာ။ ထြက္သြားတဲ့ဟာကို ေျမာင္းဘက္ကို ဘယ္လိုေရာက္သြားလဲမသိဘူး။ ကေလးမေတြ႕ေတာ့လို႔ ရွာတဲ့အခါမွာ ေျမာင္းထဲမွာ ဖိနပ္ေလးေတြ႕လို႔ ဆြဲဆယ္ လိုက္တာ။ ေျမာင္းထဲမွာေတြ႕တာပဲ။ မိနစ္ပိုင္းေလာက္ပဲျခားၿပီး ရွာလိုက္တာတန္းေတြ႕တယ္”ဟု က႐ုဏာတြဲလက္ လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါကေလးငယ္သည္ အသက္ (၂)ႏွစ္ႏွင့္ (၈)လအ႐ြယ္ရွိ ေယာက်္ားေလးျဖစ္ၿပီး လက္ရွိတြင္ ႐ုပ္အေလာင္း အား လႈိင္သာယာေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

“ဘယ္သူ႔ဘယ္သူ႔ကိုမွေတာ့ အျပစ္တင္လို႔မရဘူးေပါ့။ တစ္ခုေတာ့ ရွိတာေပါ့။ ဒီအ႐ြယ္ဆိုတာက လႊတ္ထားလို႔ ရတဲ့အ႐ြယ္မဟုတ္ဘူး။ လႊတ္ထားလို႔ရတဲ့အ႐ြယ္မဟုတ္တဲ့အတြက္ ေျပာခ်င္တာက မိဘေတြ အရမ္းေပါ့ဆလြန္း တယ္။ ဒီအ႐ြယ္မွာ ကိုယ္နဲ႔မကြာထားရမဲ့အခ်ိန္မွာ ဒီလိုျဖစ္သြားတဲ့ဆိုတာ မျဖစ္သင့္တဲ့ အေျခအေနႀကီးေပါ့။ အဲဒီေတာ့ ေနာက္ေနာင္လူေတြလည္း ဒါမ်ိဳးေလးေတြ အထူးဂ႐ုစိုက္ဖို႔ ေျပာခ်င္တယ္” ဟု ၎က ဆက္လက္ အႀကဳံျပဳထားသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၆ ရက္တြင္ ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ရွိ ငါးလႊာအျမင့္ တိုက္ေပၚမွ အသက္(၁)ႏွစ္ ႏွင့္ (၇)ႏွစ္ အ႐ြယ္ရွိေသာ မိန္းကေလးငယ္ (၂)ဦးလုံး ျပဳတ္က်ခဲ့ၿပီး ေသဆုံးမႈျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.