၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကြီးတွင် မျှော်လင့်မထားသောဖြစ်လာနိုင်သည့်ဟောကိန်းများ(ဘာသာပြန်ဆောင်းပါး)

 3633

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၃

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲ၊ အစ္စရေးနဲ့ဟားမတ်စ် လက်နက် ကိုင်အဖွဲ့ ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအပါအဝင် နိုင်ငံတချို့ရဲ့စစ်ပွဲတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ရိုက်ခတ်မှုတွေရှိ လာခဲ့ပြီး လူသန်းနဲ့ချီပြီးနေရပ်စွန့်ခွာထွက်ပြေးရတာ၊ စားနပ်ရိက္ခာလို အပ်ချက်တွေဖြစ်လာ တာတွေဖြစ်ပွားခဲ့ပါ တယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကြီးမှာ ဘာ တွေထပ်မံဖြစ်လာမလဲဆိုတဲ့အချက်က စိတ်ဝင်စားဖွယ် ကောင်းတဲ့ မေးခွန်းတစ်ရပ်အဖြစ်ရှိနေခဲ့ပါတယ်။ အထူးသ ဖြင့် ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အဆုံး သတ်မှာလား ဒါမှမဟုတ် ဆက်လက်ဖြစ်ပွားနေမှာလားဆို တဲ့အချက်အပြင် ၂၀၂၄ခုနှစ်အတွင်းမှာ ဘာတွေထပ်မံဖြစ် လာနိုင်မလဲဆိုတဲ့အချက်ကို လူအများစိတ်ဝင်စားနေလောက်ပါပြီ။ ဒါကြောင့်လည်း ကမ္ဘာကျော် အကြားအမြင်ပညာ ရှင်တွေရဲ့ ကြိုတင်ဟောကိန်းတွေနဲ့အတူ ရှောင်ရန်၊ ဆောင် ရန်တွေကို ကြိုတင်လေ့လာတာတွေလည်းရှိနေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာကျော်ပြင်သစ်အကြားအမြင် ပညာရှင်တစ်ဦးဖြစ်တဲ့ နိုစထရာဒါမက်ရဲ့ဟောကိန်းဟာ ကမ္ဘာ့နိုင်ငံတွေကြား စိတ်ဝင်စားဖွယ်ကောင်းနေတဲ့ ဟော ကိန်းတစ်ခုဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ ကြိုတင်ဟောကိန်းတွေထဲမှာ ရေတပ်တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ အချက်လည်းပါဝင် နေရာ ဘယ်နိုင်ငံတွေက ရေတပ်တိုက်ပွဲတွေကို ရင်ဆိုင်ရမလဲ ဆိုတဲ့အချက်က စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ နိုစထရာ ဒါမက်ဟာ ပြင်သစ်နက္ခတ္တဗေဒပညာရှင်၊ ဆေးဝါးဖော်စပ် ရောင်းချသူ၊ သမားတော်တစ်ဦးဖြစ်သလို အများကလက် ခံကြတဲ့ ရှေ့ ဖြစ်ဟောဆရာတစ်ဦးအဖြစ် ကမ္ဘာကျော်ခဲ့သူ ဖြစ်ပါတယ်။ ဂျူးလူမျိုးဖြစ်တဲ့ နိုစထရာဒါမက်ဟာ လက် ရှိအချိန်မှာ သက်ရှိထင်ရှားမရှိတော့ပေမယ့် သူမသေ ဆုံးခင် ၁၅၅၅ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ ကမ္ဘာကြီး မှာဖြစ်လာနိုင်ဖွယ်ရှိတဲ့ ကြိုတင်ဟောကိန်းအများစုကတော့ မှန်ကန်နေဆဲဖြစ်ပါတယ်။
နိုစထရာဒါမက်ဟာ Les Propheties အမည်ရှိ စာအုပ်ကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့ကာ အဲဒီစာအုပ်ထဲမှာ အနာဂတ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အချက်ပေါင်း ၉၄၂ ခုကို နှစ်အလိုက် ကြိုတင်ခန့်မှန်းဟော ကိန်း ထုတ်ထားရာ သူ့ကို ရှေ့ဖြစ်ဟောအနာဂတ်ကို ကြိုတင်ခန့်မှန်းတဲ့ ဆရာ တစ်ဦးအဖြစ် လူသိများ လက်ခံလာကြတာဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းရေးသားခဲ့တဲ့ သူ့စာအုပ်မှာ ခန့်မှန်းချက် တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှု ၊ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု‌ကြီးဖြစ်ပွားမှု နဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးဖြစ်ပွားမှုတို့က မှန်ကန်တဲ့ ခန့်မှန်းချက်တွေလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်အတွက်ဆိုရင် လည်း ကမ္ဘာအနှံ့စီးပွားရေးပျက်ကပ်ဖြစ်ပွားကာ ဂျုံစတဲ့စား သောက်ဖွယ်တွေလည်း ဈေးတက်လာမယ်လို့ ခန့်မှန်းခဲ့ရာ မှန်ကန်မှုတွေရှိနေခဲ့ပြီး သူရဲ့ Les Propheties စာအုပ်ထဲမှာရေးသားထားတဲ့ ကြိုတင်ဟော ကိန်း ၇၀ရာခိုင်နှုန်းက မှန်ကန်မှုတွေရှိနေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွက် နိုစထရာဒါမက်ရဲ့ခန့်မှန်းချက်တွေထဲမှာ ရေတပ်တိုက်ပွဲဖြစ် လာမယ့် အကြောင်းအရာ၊ ရေလွှမ်းမိုးမှုနဲ့ ဆူနာမီအပါအဝင် သဘာဝဘေးဖြစ်လာနိုင် တဲ့အကြောင်းအရာ၊ ပုပ်ရဟန်းမင်းကြီးအပြောင်းအလဲဖြစ် လာနိုင်မယ့်အကြောင်းအရာတွေ၊ ဗြိတိန်နိုင်ငံရဲ့ ချားလ်ဘု ရင် အပြောင်းအလဲဖြစ်လာမယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။

ရေတပ်တိုက်ပွဲတွေ ဖြစ်လာနိုင်သလား
နိုစထရာဒါမက်က ၂၀၂၄ ခုနှစ်အတွင်းမှာ ရေတပ်တိုက်ပွဲတွေဖြစ်လာဖွယ်ရှိနေပြီး အနီရောင်ရန်သူတွေ ကြောက်လန့်ကာ သမုဒ္ဒရာကြီးလည်း ကြောက်လန့်မှု ကြုံရ မယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူတချို့တော့ အနီရောင် ရန်သူဆိုတာ အလံအနီရောင်ဖြစ်တဲ့ တရုတ်နိုင်ငံကို ရည်ညွှန်းတာမျိုးဖြစ်တယ်လို့ ဆိုထားပြီး သမုဒ္ဒရာ ကြီးဆိုတာ အိန္ဒိယသမုဒ္ဒရာကို ပြောဆိုတာမျိုးဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကျွန်းနဲ့ တင်းမာမှုတွေရှိနေရာ ထိုင်ဝမ်နဲ့တရုတ်နိုင်ငံကြား ရေတပ်တိုက်ပွဲတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ တချို့ နက္ခတ္တဗေဒပညာရှင်တွေက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ် အရေး၊ ထိုင်ဝမ်ကျွန်းအရေးတို့နဲ့ အငြင်းပွားမှုတွေ ယခင် ထက် မြင့်တက်လာနေရာ နိုစထရာဒါမက်ရဲ့ဟောကိန်းက လက်တွေ့မှန်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။
တော်ဝင်ဘုရင် မောင်းထုတ်ခံရမယ်
ဒါ့ပြင် နိုစထရာဒါမက်က ၂၀၂၄ ခုနှစ်အတွင်းမှာ တပ်သားတွေဟာ “King of the Isles” ကို မောင်း ထုတ်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ အဲဒီဟောကိန်း ထဲမှာ တပ်သားတွေ မောင်းထုတ်ခံရမယ့်ဘုရင်ကို အ တိအကျမပြောထားဘဲ “King of the Isles”ကို တပ် သားတွေမောင်းထုတ်မယ်ဆိုတဲ့အချက်ကို ဖော်ပြထားပြီး တချို့ကျွမ်းကျင်ပညာရှင်တွေကတော့ ဗြိတိန်တော်ဝင် ဘုရင်ကြီး ချားလ် III မောင်းထုတ် ခံရမယ်လို့ ခန့်မှန်း ထားကြပါတယ်။ နိုစထရာဒါမက်က ဆိုးရွားတဲ့စစ်ပွဲမှာ ဘုရင်အသစ်တစ်ပါး ဘိသိက်ခံရမယ်လို့ဆိုထားပြီး အဲဒီ ဘုရင်အသစ်က ကမ္ဘာကြီးကိုအေးချမ်းစေလိမ့်မယ်လို့ ဆိုထားပါတယ်။ ဗြိတိန်စာရေးဆရာတစ်ဦးဖြစ်တဲ့ မာရီ ယိုရီဒင်းကတော့ နိုစထရာဒါမက်ရဲ့ဟောကိန်းကို လေ့လာ ကြည့်မယ်ဆိုရင် ဗြိတိန်ဘုရင်ကြီး ရာထူးကဆင်ပေးရဖွယ် ရှိတယ်လို့ဆိုပါတယ်။ ၎င်းက ဗြိတိန်တော်ဝင်ဘုရင်ကြီး ချားလ် III နဲ့ မိဖုရား ကာမီလာတို့ နှစ်ဦးစလုံး အငြင်းပွားမှု တွေ တိုက်ခိုက်ခံရတာမျိုးတွေရှိလာနိုင်တယ်လို့ဆိုပါ တယ်။ ဗြိတိန် စာရေးဆရာတစ်ဦးဖြစ်တဲ့ မာရီယိုရီဒင်းက ဘုရင်ကြီးချားလ် III နေရာမှာ သားတော်တွေထဲက တော် ဝင်မင်းသားဟယ်ရီက ထီနန်းအရိုက်အရာဆက်ခံရဖွယ်ရှိတယ်လို့ဆိုပါတယ်။
ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ရမယ်
နိုစထရာဒါမက်က ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝ ဘေးအန္တရာယ်တွေဟာ ၂၀၂၄ ခုနှစ်မှာ ပိုမိုဆိုးလာနိုင်တယ် လို့ဆိုထားပါတယ်။ “ ခြောက်သွေ့တဲ့မြေကြီးဟာ ပိုပြီး ခြောက်သွေ့လာလိမ့်မယ်။ ကြီးစွာသောရေလွှမ်းမိုးမှုဖြစ် လိမ့်မယ်”လို့ နိုစထရာဒါမက်ရဲ့ ၂၀၂၄ ခုနှစ်အတွက် ကြိုတင်ဟောကိန်းထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် နိုစထရာဒါမက်က “ပျက်စီးသွားတဲ့ လှိုင်းလုံးတွေကြောင့် အလွန် ဆာလောင်မှုကြီးတယ်”လို့ပြောပါတယ်။ ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်းလိုလို ရေကြီးမှုတွေ၊ အပူလှိုင်းဖြတ်သန်းမှု တွေ၊ ငလျင်လှုပ်ခတ်မှုတွေ၊ မုန်တိုင်းကျရောက်မှုတွေ ဖြစ် လေ့ရှိနေရာ နိုစထရာဒါမက်ရဲ့ဟောကိန်းအရဆိုရင် ၂၀၂၄ ခုနှစ်မှာလည်း ကြီးမားတဲ့သဘာဝဘေးအန္တရာယ်တွေထပ် မံဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုကြပါတယ်။
ပုပ်ရဟန်းမင်းကြီးအသစ်မြင်တွေ့ရမယ်
နိုစထရာဒါမက်ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဟောကိန်း တွေထဲက နောက်ဆုံးတစ်ခုကတော့ ပုပ်ရဟန်းမင်းကြီး အသစ်အစားထိုးတာတွေ ဖြစ်လိမ့်မယ်လို့ဆိုထားပါတယ်။ နိုစထရာဒါမက်က “အသက်ကြီးတဲ့ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားတော့ အသက်အရွယ်ကြီးရင့်တဲ့ ရိုမန် ကက်သလစ်တွေကို ရွေးကောက်တင်မြှောက်မယ်”လို့ ရေးသားထားတာဖြစ်ပါတယ်။
နိုစထရာဒါမက်ရဲ့ဟောကိန်းအရဆိုရင် ၂၀၂၄ ခုနှစ်အတွင်းမှာ လက်ရှိပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီး သူ့နေရာမှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ထပ်မံအစားထိုး ရွေးချယ်ရမယ့် သဘောမျိုးရှိတယ်လို့ ကြိုတင်ဟောကိန်း တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ လက်ရှိအချိန်မှာ အသက် ၈၇ နှစ် အရွယ်ရှိနေပြီး ကျန်းမာရေး ချူချာတာတွေရှိနေသူလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ကျန်းမာရေးနဲ့ပတ်သက် ပြီး ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၂၄ ခုနှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိနေသ လားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
နိုစထရာဒါမက်ဟာ ကမ္ဘာကြီးမှာဖြစ်လာနိုင်တဲ့ အရာ တွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ရာ ဟောကိန်းတွေထဲက တချို့အချက်အလက်တွေ မှန်ကန်မှုရှိခဲ့သလို တချို့အချက် အလက်တွေ ဟောကိန်းတွေက မှန်ကန်မှုမရှိတာမျိုးတွေရှိနေခဲ့ပါတယ်။ နိုစထရာဒါမက်ရဲ့ဟောကိန်းကို လေ့လာသူ အများစုက Les Propheties အမည်ရှိ စာအုပ်ထဲမှာ ရေးသားထားတဲ့ဟောကိန်းတွေထဲကအများစုက မှန်ကန်ပေမယ့် လွဲချော်တာမျိုးတွေရှိတာတွေလည်း ရှိခဲ့ တယ်လို့ဆိုပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်အတွက် နိုစထရာဒါမက် ကြိုတင်ဟောကိန်းထုတ်ထားတဲ့ ခန့်မှန်း ချက်တွေထဲက ဘယ်အချက်တွေ မှန်ကန်ပြီး ဘယ်အချက် တွေလွဲချော်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

Zawgyi Version;
၂၀၂၄ ခုႏွစ္အတြင္း ကမာၻႀကီးတြင္ ေမွ်ာ္လင့္မထားေသာျဖစ္လာႏိုင္သည့္ေဟာကိန္းမ်ား(ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၃

ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္အတြင္းမွာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲ၊ အစၥေရးနဲ႔ဟားမတ္စ္ လက္နက္ ကိုင္အဖြဲ႕ ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲအပါအဝင္ ႏိုင္ငံတခ်ိဳ႕ရဲ႕စစ္ပြဲေတြေၾကာင့္ ကမာၻတစ္ဝန္းမွာ ႐ိုက္ခတ္မႈေတြရွိ လာခဲ့ၿပီး လူသန္းနဲ႔ခ်ီၿပီးေနရပ္စြန႔္ခြာထြက္ေျပးရတာ၊ စားနပ္ရိကၡာလို အပ္ခ်က္ေတြျဖစ္လာ တာေတြျဖစ္ပြားခဲ့ပါ တယ္။
ဒါေၾကာင့္ ၂၀၂၄ ခုႏွစ္အတြင္း ကမာၻႀကီးမွာ ဘာ ေတြထပ္မံျဖစ္လာမလဲဆိုတဲ့အခ်က္က စိတ္ဝင္စားဖြယ္ ေကာင္းတဲ့ ေမးခြန္းတစ္ရပ္အျဖစ္ရွိေနခဲ့ပါတယ္။ အထူးသ ျဖင့္ ၂၀၂၃ ခုႏွစ္အတြင္းျဖစ္ပြားေနတဲ့ စစ္ပြဲေတြဟာ အဆုံး သတ္မွာလား ဒါမွမဟုတ္ ဆက္လက္ျဖစ္ပြားေနမွာလားဆို တဲ့အခ်က္အျပင္ ၂၀၂၄ခုႏွစ္အတြင္းမွာ ဘာေတြထပ္မံျဖစ္ လာႏိုင္မလဲဆိုတဲ့အခ်က္ကို လူအမ်ားစိတ္ဝင္စားေနေလာက္ပါၿပီ။ ဒါေၾကာင့္လည္း ကမာၻေက်ာ္ အၾကားအျမင္ပညာ ရွင္ေတြရဲ႕ ႀကိဳတင္ေဟာကိန္းေတြနဲ႔အတူ ေရွာင္ရန္၊ ေဆာင္ ရန္ေတြကို ႀကိဳတင္ေလ့လာတာေတြလည္းရွိေနခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ကမာၻေက်ာ္ျပင္သစ္အၾကားအျမင္ ပညာရွင္တစ္ဦးျဖစ္တဲ့ ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းဟာ ကမာၻ႔ႏိုင္ငံေတြၾကား စိတ္ဝင္စားဖြယ္ေကာင္းေနတဲ့ ေဟာ ကိန္းတစ္ခုျဖစ္ေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ၂၀၂၄ ခုႏွစ္အတြင္းျဖစ္လာႏိုင္ဖြယ္ရွိေနတဲ့ ႀကိဳတင္ေဟာကိန္းေတြထဲမွာ ေရတပ္တိုက္ပြဲေတြျဖစ္လာမယ္ဆိုတဲ့ အခ်က္လည္းပါဝင္ ေနရာ ဘယ္ႏိုင္ငံေတြက ေရတပ္တိုက္ပြဲေတြကို ရင္ဆိုင္ရမလဲ ဆိုတဲ့အခ်က္က ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ႏိုစထရာ ဒါမက္ဟာ ျပင္သစ္နကၡတၱေဗဒပညာရွင္၊ ေဆးဝါးေဖာ္စပ္ ေရာင္းခ်သူ၊ သမားေတာ္တစ္ဦးျဖစ္သလို အမ်ားကလက္ ခံၾကတဲ့ ေရွ႕ ျဖစ္ေဟာဆရာတစ္ဦးအျဖစ္ ကမာၻေက်ာ္ခဲ့သူ ျဖစ္ပါတယ္။ ဂ်ဴးလူမ်ိဳးျဖစ္တဲ့ ႏိုစထရာဒါမက္ဟာ လက္ ရွိအခ်ိန္မွာ သက္ရွိထင္ရွားမရွိေတာ့ေပမယ့္ သူမေသ ဆုံးခင္ ၁၅၅၅ ခုႏွစ္မွာ ေရးသားထုတ္ေဝခဲ့တဲ့ ကမာၻႀကီး မွာျဖစ္လာႏိုင္ဖြယ္ရွိတဲ့ ႀကိဳတင္ေဟာကိန္းအမ်ားစုကေတာ့ မွန္ကန္ေနဆဲျဖစ္ပါတယ္။
ႏိုစထရာဒါမက္ဟာ Les Propheties အမည္ရွိ စာအုပ္ကို ေရးသားပုံႏွိပ္ထုတ္ေဝခဲ့ကာ အဲဒီစာအုပ္ထဲမွာ အနာဂတ္ျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး အခ်က္ေပါင္း ၉၄၂ ခုကို ႏွစ္အလိုက္ ႀကိဳတင္ခန႔္မွန္းေဟာ ကိန္း ထုတ္ထားရာ သူ႔ကို ေရွ႕ျဖစ္ေဟာအနာဂတ္ကို ႀကိဳတင္ခန႔္မွန္းတဲ့ ဆရာ တစ္ဦးအျဖစ္ လူသိမ်ား လက္ခံလာၾကတာျဖစ္ပါတယ္။ ႀကိဳတင္ခန႔္မွန္းေရးသားခဲ့တဲ့ သူ႔စာအုပ္မွာ ခန႔္မွန္းခ်က္ ေတြျဖစ္တဲ့ အေမရိကန္သမၼတ ဂြၽန္အက္ဖ္ကေနဒီ လုပ္ႀကံခံရမႈ ၊ ၉/၁၁ အၾကမ္းဖက္တိုက္ခိုက္မႈ‌ႀကီးျဖစ္ပြားမႈ နဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါဆိုးျဖစ္ပြားမႈတို႔က မွန္ကန္တဲ့ ခန႔္မွန္းခ်က္ေတြလို႔ ဆိုပါတယ္။ ၂၀၂၃ ခုႏွစ္အတြက္ဆိုရင္ လည္း ကမာၻအႏွံ႔စီးပြားေရးပ်က္ကပ္ျဖစ္ပြားကာ ဂ်ဳံစတဲ့စား ေသာက္ဖြယ္ေတြလည္း ေဈးတက္လာမယ္လို႔ ခန႔္မွန္းခဲ့ရာ မွန္ကန္မႈေတြရွိေနခဲ့ၿပီး သူရဲ႕ Les Propheties စာအုပ္ထဲမွာေရးသားထားတဲ့ ႀကိဳတင္ေဟာ ကိန္း ၇၀ရာခိုင္ႏႈန္းက မွန္ကန္မႈေတြရွိေနခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္အတြက္ ႏိုစထရာဒါမက္ရဲ႕ခန႔္မွန္းခ်က္ေတြထဲမွာ ေရတပ္တိုက္ပြဲျဖစ္ လာမယ့္ အေၾကာင္းအရာ၊ ေရလႊမ္းမိုးမႈနဲ႔ ဆူနာမီအပါအဝင္ သဘာဝေဘးျဖစ္လာႏိုင္ တဲ့အေၾကာင္းအရာ၊ ပုပ္ရဟန္းမင္းႀကီးအေျပာင္းအလဲျဖစ္ လာႏိုင္မယ့္အေၾကာင္းအရာေတြ၊ ၿဗိတိန္ႏိုင္ငံရဲ႕ ခ်ားလ္ဘု ရင္ အေျပာင္းအလဲျဖစ္လာမယ္ဆိုတဲ့ အေၾကာင္းအရာေတြ ပါဝင္ေနပါတယ္။

ေရတပ္တိုက္ပြဲေတြ ျဖစ္လာႏိုင္သလား
ႏိုစထရာဒါမက္က ၂၀၂၄ ခုႏွစ္အတြင္းမွာ ေရတပ္တိုက္ပြဲေတြျဖစ္လာဖြယ္ရွိေနၿပီး အနီေရာင္ရန္သူေတြ ေၾကာက္လန႔္ကာ သမုဒၵရာႀကီးလည္း ေၾကာက္လန႔္မႈ ႀကဳံရ မယ္လို႔ဆိုပါတယ္။ ကြၽမ္းက်င္သူတခ်ိဳ႕ေတာ့ အနီေရာင္ ရန္သူဆိုတာ အလံအနီေရာင္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကို ရည္ၫႊန္းတာမ်ိဳးျဖစ္တယ္လို႔ ဆိုထားၿပီး သမုဒၵရာ ႀကီးဆိုတာ အိႏၵိယသမုဒၵရာကို ေျပာဆိုတာမ်ိဳးျဖစ္တယ္လို႔ သုံးသပ္ေျပာဆိုထားပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္ကြၽန္းနဲ႔ တင္းမာမႈေတြရွိေနရာ ထိုင္ဝမ္နဲ႔တ႐ုတ္ႏိုင္ငံၾကား ေရတပ္တိုက္ပြဲေတြျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ တခ်ိဳ႕ နကၡတၱေဗဒပညာရွင္ေတြက ခန႔္မွန္းထားပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ေတာင္တ႐ုတ္ပင္လယ္ အေရး၊ ထိုင္ဝမ္ကြၽန္းအေရးတို႔နဲ႔ အျငင္းပြားမႈေတြ ယခင္ ထက္ ျမင့္တက္လာေနရာ ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းက လက္ေတြ႕မွန္မလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါ တယ္။
ေတာ္ဝင္ဘုရင္ ေမာင္းထုတ္ခံရမယ္
ဒါ့ျပင္ ႏိုစထရာဒါမက္က ၂၀၂၄ ခုႏွစ္အတြင္းမွာ တပ္သားေတြဟာ “King of the Isles” ကို ေမာင္း ထုတ္မယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။ အဲဒီေဟာကိန္း ထဲမွာ တပ္သားေတြ ေမာင္းထုတ္ခံရမယ့္ဘုရင္ကို အ တိအက်မေျပာထားဘဲ “King of the Isles”ကို တပ္ သားေတြေမာင္းထုတ္မယ္ဆိုတဲ့အခ်က္ကို ေဖာ္ျပထားၿပီး တခ်ိဳ႕ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ ၿဗိတိန္ေတာ္ဝင္ ဘုရင္ႀကီး ခ်ားလ္ III ေမာင္းထုတ္ ခံရမယ္လို႔ ခန႔္မွန္း ထားၾကပါတယ္။ ႏိုစထရာဒါမက္က ဆိုး႐ြားတဲ့စစ္ပြဲမွာ ဘုရင္အသစ္တစ္ပါး ဘိသိက္ခံရမယ္လို႔ဆိုထားၿပီး အဲဒီ ဘုရင္အသစ္က ကမာၻႀကီးကိုေအးခ်မ္းေစလိမ့္မယ္လို႔ ဆိုထားပါတယ္။ ၿဗိတိန္စာေရးဆရာတစ္ဦးျဖစ္တဲ့ မာရီ ယိုရီဒင္းကေတာ့ ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းကို ေလ့လာ ၾကည့္မယ္ဆိုရင္ ၿဗိတိန္ဘုရင္ႀကီး ရာထူးကဆင္ေပးရဖြယ္ ရွိတယ္လို႔ဆိုပါတယ္။ ၎က ၿဗိတိန္ေတာ္ဝင္ဘုရင္ႀကီး ခ်ားလ္ III နဲ႔ မိဖုရား ကာမီလာတို႔ ႏွစ္ဦးစလုံး အျငင္းပြားမႈ ေတြ တိုက္ခိုက္ခံရတာမ်ိဳးေတြရွိလာႏိုင္တယ္လို႔ဆိုပါ တယ္။ ၿဗိတိန္ စာေရးဆရာတစ္ဦးျဖစ္တဲ့ မာရီယိုရီဒင္းက ဘုရင္ႀကီးခ်ားလ္ III ေနရာမွာ သားေတာ္ေတြထဲက ေတာ္ ဝင္မင္းသားဟယ္ရီက ထီနန္းအ႐ိုက္အရာဆက္ခံရဖြယ္ရွိတယ္လို႔ဆိုပါတယ္။
ရာသီဥတု ေျပာင္းလဲမႈဒဏ္ကို ရင္ဆိုင္ရမယ္
ႏိုစထရာဒါမက္က ရာသီဥတုေျပာင္းလဲမႈနဲ႔ သဘာဝ ေဘးအႏၲရာယ္ေတြဟာ ၂၀၂၄ ခုႏွစ္မွာ ပိုမိုဆိုးလာႏိုင္တယ္ လို႔ဆိုထားပါတယ္။ “ ေျခာက္ေသြ႕တဲ့ေျမႀကီးဟာ ပိုၿပီး ေျခာက္ေသြ႕လာလိမ့္မယ္။ ႀကီးစြာေသာေရလႊမ္းမိုးမႈျဖစ္ လိမ့္မယ္”လို႔ ႏိုစထရာဒါမက္ရဲ႕ ၂၀၂၄ ခုႏွစ္အတြက္ ႀကိဳတင္ေဟာကိန္းထဲမွာ ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ ႏိုစထရာဒါမက္က “ပ်က္စီးသြားတဲ့ လႈိင္းလုံးေတြေၾကာင့္ အလြန္ ဆာေလာင္မႈႀကီးတယ္”လို႔ေျပာပါတယ္။ ကမာၻႀကီးမွာ ႏွစ္စဥ္ႏွစ္တိုင္းလိုလို ေရႀကီးမႈေတြ၊ အပူလႈိင္းျဖတ္သန္းမႈ ေတြ၊ ငလ်င္လႈပ္ခတ္မႈေတြ၊ မုန္တိုင္းက်ေရာက္မႈေတြ ျဖစ္ ေလ့ရွိေနရာ ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းအရဆိုရင္ ၂၀၂၄ ခုႏွစ္မွာလည္း ႀကီးမားတဲ့သဘာဝေဘးအႏၲရာယ္ေတြထပ္ မံျဖစ္လာႏိုင္တယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြကဆိုၾကပါတယ္။
ပုပ္ရဟန္းမင္းႀကီးအသစ္ျမင္ေတြ႕ရမယ္
ႏိုစထရာဒါမက္ရဲ႕ ၂၀၂၄ ခုႏွစ္အတြက္ ေဟာကိန္း ေတြထဲက ေနာက္ဆုံးတစ္ခုကေတာ့ ပုပ္ရဟန္းမင္းႀကီး အသစ္အစားထိုးတာေတြ ျဖစ္လိမ့္မယ္လို႔ဆိုထားပါတယ္။ ႏိုစထရာဒါမက္က “အသက္ႀကီးတဲ့ ပုပ္ရဟန္းမင္းႀကီး ကြယ္လြန္သြားေတာ့ အသက္အ႐ြယ္ႀကီးရင့္တဲ့ ႐ိုမန္ ကက္သလစ္ေတြကို ေ႐ြးေကာက္တင္ေျမႇာက္မယ္”လို႔ ေရးသားထားတာျဖစ္ပါတယ္။
ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းအရဆိုရင္ ၂၀၂၄ ခုႏွစ္အတြင္းမွာ လက္ရွိပုပ္ရဟန္းမင္းႀကီး ကြယ္လြန္ၿပီး သူ႔ေနရာမွာ ပုပ္ရဟန္းမင္းႀကီးအသစ္ကို ထပ္မံအစားထိုး ေ႐ြးခ်ယ္ရမယ့္ သေဘာမ်ိဳးရွိတယ္လို႔ ႀကိဳတင္ေဟာကိန္း ေတြနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္ပညာရွင္ေတြကဆိုပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ လက္ရွိအခ်ိန္မွာ အသက္ ၈၇ ႏွစ္ အ႐ြယ္ရွိေနၿပီး က်န္းမာေရး ခ်ဴခ်ာတာေတြရွိေနသူလည္း ျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးရဲ႕က်န္းမာေရးနဲ႔ပတ္သက္ ၿပီး ထင္ေၾကးအမ်ိဳးမ်ိဳးထြက္ေပၚေနခဲ့ၿပီး ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ၂၀၂၄ ခုႏွစ္အတြင္း ေသဆုံးႏိုင္ဖြယ္ရွိေနသ လားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။
ႏိုစထရာဒါမက္ဟာ ကမာၻႀကီးမွာျဖစ္လာႏိုင္တဲ့ အရာ ေတြကို ႀကိဳတင္ေဟာကိန္းထုတ္ခဲ့ရာ ေဟာကိန္းေတြထဲက တခ်ိဳ႕အခ်က္အလက္ေတြ မွန္ကန္မႈရွိခဲ့သလို တခ်ိဳ႕အခ်က္ အလက္ေတြ ေဟာကိန္းေတြက မွန္ကန္မႈမရွိတာမ်ိဳးေတြရွိေနခဲ့ပါတယ္။ ႏိုစထရာဒါမက္ရဲ႕ေဟာကိန္းကို ေလ့လာသူ အမ်ားစုက Les Propheties အမည္ရွိ စာအုပ္ထဲမွာ ေရးသားထားတဲ့ေဟာကိန္းေတြထဲကအမ်ားစုက မွန္ကန္ေပမယ့္ လြဲေခ်ာ္တာမ်ိဳးေတြရွိတာေတြလည္း ရွိခဲ့ တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ ၂၀၂၄ ခုႏွစ္အတြက္ ႏိုစထရာဒါမက္ ႀကိဳတင္ေဟာကိန္းထုတ္ထားတဲ့ ခန႔္မွန္း ခ်က္ေတြထဲက ဘယ္အခ်က္ေတြ မွန္ကန္ၿပီး ဘယ္အခ်က္ ေတြလြဲေခ်ာ္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.