ရွှေပြည်သာမြို့နယ်ရှိ ကားဆေးဘော်ဒီအလုပ်ရုံတစ်ခုတွင် ကား(၂)စီး ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ကာ အကြောင်းအရင်းကို စုံစမ်းနေ

 878

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ကားဆေးဘော်ဒီအလုပ်ရုံတစ်ခုတွင် ကား(၂)စီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ကာ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း We Love Care လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကားမီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီ ၁၄ ရက်)၊ နံနက် ၄ နာရီ ၃ဝ မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အောင်မေတ္တာလမ်းထိပ်ရှိ ကားဆေးဘော်ဒီအလုပ်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက ကားဆေးဘော်ဒီရုံမှာဖြစ်တာ။ အဲဒီရုံမှာလည်းး ကား(၅)စီးရပ်ထားတဲ့အထဲကမှ Mini Bus နဲ့ ကား တစ်စီးလောင်သွားတယ်။ ဘယ်လိုဖြစ်ပြီးလောင်တာလဲတော့ စစ်ဆေးနေတုန်းပါ” ဟု We Love Care လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါကားမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားဆေးဘော်ဒီရုံ၌ ရပ်ထားသည် ကား(၂)စီး မီးလောင်ကာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“အခုဖြစ်စဉ်မှာတော့ လူထိခိုက်တာမရှိပါဘူး။ ဘယ်လိုကြောင့် ရပ်ထားတဲ့ကား(၅)စီးထဲကမှ (၂)စီးပဲလောင်တာ လားတော့ မသိဘူး။ လောင်တဲ့ကား(၂)စီးလုံးကလည်း အကုန်ပြာကျသွားတယ်။ အရိုးတံပဲ ကျန်တယ်။ အရင်နှစ် ကလည်း ဒီလိုအချိန်မှာပဲ (၁၂)ရပ်ကွက်မှာ ကားအပူလွန်ပြီးမီးလောင်ခဲ့ဖူးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါမီးလောင်မှုကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်း နှင့် လှော်ကားနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ကားများ ထွက်ခွာကာ မိနစ်(၃၀)ခန့်အကြာ သွားရောက်မီးငြှိမ်းခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ကားေဆးေဘာ္ဒီအလုပ္႐ုံတစ္ခုတြင္ ကား(၂)စီး ႐ုတ္တရက္မီးေလာင္မႈျဖစ္ပြားခဲ့ကာ အေၾကာင္းအရင္းကို စုံစမ္းေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၄

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ကားေဆးေဘာ္ဒီအလုပ္႐ုံတစ္ခုတြင္ ကား(၂)စီး ႐ုတ္တရက္ မီးေလာင္မႈျဖစ္ပြားခဲ့ကာ အေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးေနေၾကာင္း We Love Care လူမႈကူညီေရးအသင္းထံမွ သိရသည္။

ကားမီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီ ၁၄ ရက္)၊ နံနက္ ၄ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၁၆)ရပ္ကြက္၊ ေအာင္ေမတၱာလမ္းထိပ္ရွိ ကားေဆးေဘာ္ဒီအလုပ္႐ုံတစ္ခု၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္တာက ကားေဆးေဘာ္ဒီ႐ုံမွာျဖစ္တာ။ အဲဒီ႐ုံမွာလည္းး ကား(၅)စီးရပ္ထားတဲ့အထဲကမွ Mini Bus နဲ႔ ကား တစ္စီးေလာင္သြားတယ္။ ဘယ္လိုျဖစ္ၿပီးေလာင္တာလဲေတာ့ စစ္ေဆးေနတုန္းပါ” ဟု We Love Care လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါကားမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကားေဆးေဘာ္ဒီ႐ုံ၌ ရပ္ထားသည္ ကား(၂)စီး မီးေလာင္ကာ အလုံးစုံ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“အခုျဖစ္စဥ္မွာေတာ့ လူထိခိုက္တာမရွိပါဘူး။ ဘယ္လိုေၾကာင့္ ရပ္ထားတဲ့ကား(၅)စီးထဲကမွ (၂)စီးပဲေလာင္တာ လားေတာ့ မသိဘူး။ ေလာင္တဲ့ကား(၂)စီးလုံးကလည္း အကုန္ျပာက်သြားတယ္။ အ႐ိုးတံပဲ က်န္တယ္။ အရင္ႏွစ္ ကလည္း ဒီလိုအခ်ိန္မွာပဲ (၁၂)ရပ္ကြက္မွာ ကားအပူလြန္ၿပီးမီးေလာင္ခဲ့ဖူးတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါမီးေလာင္မႈကို ေ႐ႊျပည္သာၿမိဳ႕နယ္မီးသတ္စခန္း ႏွင့္ ေလွာ္ကားနယ္ေျမမီးသတ္စခန္းတို႔မွ မီးသတ္ကားမ်ား ထြက္ခြာကာ မိနစ္(၃၀)ခန႔္အၾကာ သြားေရာက္မီးျငႇိမ္းခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.