သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးကို တရုတ်နှင့်ပူးပေါင်း၍ ( ၉ )နှစ်စီမံကိန်းဖြင့် မကြာခင် လပိုင်းအတွင်း စတင်နိုင်ရန် လျာထား

 901

ယွန်း (NP News) - ဖေဖော်ဝါရီလ - ၁၄

တရုတ်နှင့် ပူးပေါင်း၍ (၉)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည့် သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို မကြာမီလပိုင်းအတွင်း စတင်နိုင်ရန် လျာထားကြောင်း ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လ(၂၄)ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် သဗ္ဗညုဘုရားကြီးအား ပြန်လည်ပြုပြင်ရေး အတွက် တရုတ်နိုင်ငံမှပညာရှင်များက ပြုပြင်ရေး အစီအစဉ်များကို သက်ဆိုင်ရာသို့တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ မူလက ဘုရားကြီး၏ ပြင်ဆင်မှု လုပ်ငန်းများကို ယခု ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် အကြမ်းဖျင်းသတ်မှတ်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လက်ရှိအချိန်အထိ လုပ်ငန်းများစတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“သူတို့နဲ့ပြောထားတာကတော့ ဖေဖော်ဝါရီလ လောက် စနိုင်အောင်တော့ ဆောင်ရွက်မယ်လို့အ ကြမ်းဖျင်းသိထားပါတယ်။ လောလောဆယ်တော့ စတင်နိုင်ခြင်းမရှိသေးပါဘူး။ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းလေးတွေကိုတော့ သူတို့ဘက်ကဆောင်ရွက်နေတာရှိပါတယ်။ သူတို့ဘက်ကလည်း ဒီဘက်က ဖြစ်စေချင်တဲ့အတိုင်းကို ဆောင်ရွက်နိုင်အောင် ကြိုးစားပြီးတော့ လုပ်ပါ့မယ်လို့တော့ ပြောပါတယ်။ အခုလက်ရှိအခြေအနေအရတော့ သူတို့လည်း မရောက်လာသေးဘူးပေါ့”ဟု ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကို ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ အနေဖြင့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်နိုင်ရေးကို ဆောလျင်စွာစတင်ရန် ဆန္ဒရှိနေပြီး မကြာမီလပိုင်း အတွင်း စတင်နိုင်ရန်လျာထားကြောင်း ညွှန်ကြား ရေးမှူး ဦးမြင့်သန်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ဘက်ကလည်း စောစော စတင်ချင်ပါတယ်။ လုပ်ငန်းတွေကိုစောစော စတင် နိုင်အောင် တောင်းဆိုထားတာရှိပါတယ်။ မကြာခင် စတင်နိုင်မယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ အချိန် အတိုင်းအတာအရတော့ ပြောဖို့ခက်တယ်။ ကျွန် တော်ထင်တာကတော့ (၄)လပိုင်းထက်တော့ နောက် မကျဘူးလို့တော့ ထင်ပါတယ်။ ဒီနှစ်ထဲမှာတော့ လုပ်သွားမှာပါ။ သူတို့ဘက်မှာကျတော့ ကျွန်တော်တို့ နိုင်ငံလိုပဲ သွားဖို့လာဖို့ပြင်ရမယ်။ ဘတ်ဂျက်ငွေ တောင်းရမယ်။ ဒီဇိုင်းတွေဘာတွေ အတည်ပြုချက် တွေယူရမယ်။ အဲဒီလိုမျိုးတွေလည်းရှိဦးမှာပေါ့။ အဲဒါတွေ ပြီးမှ ဒီဘက်ကိုဆင်းလာနိုင်မှာပါ” ဟု ၎င်းကပြောသည်။
အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ (၉)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်အကြား သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို (၂၀၁၈) ခုနှစ် စက် တင်ဘာလ (၂၂)ရက်တွင် လက်မှတ်ရေးထိုးခဲ့၍ (၂၀၁၉) ခုနှစ် ဧပြီလတွင် သဗ္ဗညုဘုရား အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သဗ္ဗညုဘုရားအား ပြန်လည်ပြုပြင်မှု များဆောင်ရွက်ရာတွင် မြေအောက်အမွေအနှစ်များ အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက် ထားကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၁၆) ခုနှစ် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် အင်အား (၆ ဒသမ ၈) အဆင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံရှိ သဗ္ဗညုဘုရားအပါအဝင် ရှေးဟောင်းစေတီ ပုထိုးပေါင်း(၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့သည်။ သဗ္ဗညု ဘုရားနှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီကို ဘုရားကြီးအတွက်သာမက ပုဂံဒေသနှင့် ပတ်သက်ပြီးဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သဗၺညဳဘုရားႀကီး ျပဳျပင္ထိန္းသိမ္းေရးကို တ႐ုတ္ႏွင့္ပူးေပါင္း၍ ( ၉ )ႏွစ္စီမံကိန္းျဖင့္ မၾကာခင္ လပိုင္းအတြင္း စတင္ႏိုင္ရန္ လ်ာထား
ယြန္း (NP News) - ေဖေဖာ္ဝါရီလ - ၁၄

တ႐ုတ္ႏွင့္ ပူးေပါင္း၍ (၉)ႏွစ္စီမံကိန္းျဖင့္ ေဆာင္႐ြက္သြားမည့္ သဗၺညဳဘုရားႀကီး ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို မၾကာမီလပိုင္းအတြင္း စတင္ႏိုင္ရန္ လ်ာထားေၾကာင္း ပုဂံေရွးေဟာင္း သုေတသနဌာန ၫႊန္ၾကားေရးမႉးထံမွ သိရသည္။
ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္ ဩဂုတ္လ(၂၄)ရက္တြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ သည့္ သဗၺညဳဘုရားႀကီးအား ျပန္လည္ျပဳျပင္ေရး အတြက္ တ႐ုတ္ႏိုင္ငံမွပညာရွင္မ်ားက ျပဳျပင္ေရး အစီအစဥ္မ်ားကို သက္ဆိုင္ရာသို႔တင္ျပထားၿပီးျဖစ္ေၾကာင္း သိရသည္။ မူလက ဘုရားႀကီး၏ ျပင္ဆင္မႈ လုပ္ငန္းမ်ားကို ယခု ေဖေဖာ္ဝါရီလတြင္ စတင္ႏိုင္ရန္ အၾကမ္းဖ်င္းသတ္မွတ္ထားခဲ့ေသာ္လည္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ လက္ရွိအခ်ိန္အထိ လုပ္ငန္းမ်ားစတင္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
“သူတို႔နဲ႔ေျပာထားတာကေတာ့ ေဖေဖာ္ဝါရီလ ေလာက္ စႏိုင္ေအာင္ေတာ့ ေဆာင္႐ြက္မယ္လို႔အ ၾကမ္းဖ်င္းသိထားပါတယ္။ ေလာေလာဆယ္ေတာ့ စတင္ႏိုင္ျခင္းမရွိေသးပါဘူး။ ႀကိဳတင္ျပင္ဆင္တဲ့ အပိုင္းေလးေတြကိုေတာ့ သူတို႔ဘက္ကေဆာင္႐ြက္ေနတာရွိပါတယ္။ သူတို႔ဘက္ကလည္း ဒီဘက္က ျဖစ္ေစခ်င္တဲ့အတိုင္းကို ေဆာင္႐ြက္ႏိုင္ေအာင္ ႀကိဳးစားၿပီးေတာ့ လုပ္ပါ့မယ္လို႔ေတာ့ ေျပာပါတယ္။ အခုလက္ရွိအေျခအေနအရေတာ့ သူတို႔လည္း မေရာက္လာေသးဘူးေပါ့”ဟု ပုဂံေရွးေဟာင္း သုေတသနဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကို ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံဘက္မွ တာဝန္ရွိသူမ်ား အေနျဖင့္ သဗၺညဳဘုရားႀကီး ျပန္လည္ျပဳျပင္ႏိုင္ေရးကို ေဆာလ်င္စြာစတင္ရန္ ဆႏၵရွိေနၿပီး မၾကာမီလပိုင္း အတြင္း စတင္ႏိုင္ရန္လ်ာထားေၾကာင္း ၫႊန္ၾကား ေရးမႉး ဦးျမင့္သန္းက ဆက္လက္ေျပာသည္။
“ကြၽန္ေတာ္တို႔ဘက္ကလည္း ေစာေစာ စတင္ခ်င္ပါတယ္။ လုပ္ငန္းေတြကိုေစာေစာ စတင္ ႏိုင္ေအာင္ ေတာင္းဆိုထားတာရွိပါတယ္။ မၾကာခင္ စတင္ႏိုင္မယ္လို႔ေတာ့ ေျပာလို႔ရတယ္။ ဒါေပမဲ့ အခ်ိန္ အတိုင္းအတာအရေတာ့ ေျပာဖို႔ခက္တယ္။ ကြၽန္ ေတာ္ထင္တာကေတာ့ (၄)လပိုင္းထက္ေတာ့ ေနာက္ မက်ဘူးလို႔ေတာ့ ထင္ပါတယ္။ ဒီႏွစ္ထဲမွာေတာ့ လုပ္သြားမွာပါ။ သူတို႔ဘက္မွာက်ေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံလိုပဲ သြားဖို႔လာဖို႔ျပင္ရမယ္။ ဘတ္ဂ်က္ေငြ ေတာင္းရမယ္။ ဒီဇိုင္းေတြဘာေတြ အတည္ျပဳခ်က္ ေတြယူရမယ္။ အဲဒီလိုမ်ိဳးေတြလည္းရွိဦးမွာေပါ့။ အဲဒါေတြ ၿပီးမွ ဒီဘက္ကိုဆင္းလာႏိုင္မွာပါ” ဟု ၎ကေျပာသည္။
အဆိုပါ စီမံကိန္းကို တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္း၍ (၉)ႏွစ္စီမံကိန္းျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တ႐ုတ္-ျမန္မာ ႏွစ္ဦးႏွစ္ဖက္အၾကား သဗၺညဳဘုရား ျပဳျပင္ထိန္းသိမ္းေရးစာလႊာကို (၂၀၁၈) ခုႏွစ္ စက္ တင္ဘာလ (၂၂)ရက္တြင္ လက္မွတ္ေရးထိုးခဲ့၍ (၂၀၁၉) ခုႏွစ္ ဧၿပီလတြင္ သဗၺညဳဘုရား အေရးေပၚ ျပဳျပင္ထိန္းသိမ္းမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ သဗၺညဳဘုရားအား ျပန္လည္ျပဳျပင္မႈ မ်ားေဆာင္႐ြက္ရာတြင္ ေျမေအာက္အေမြအႏွစ္မ်ား အား ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ စီမံေဆာင္႐ြက္ ထားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္ ဩဂုတ္လအတြင္းက ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသတြင္ အင္အား (၆ ဒသမ ၈) အဆင့္ရွိေသာ ေျမငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ ပုဂံရွိ သဗၺညဳဘုရားအပါအဝင္ ေရွးေဟာင္းေစတီ ပုထိုးေပါင္း(၃၈၉)ဆူ ထိခိုက္ပ်က္စီးခဲ့သည္။ သဗၺညဳ ဘုရားႏွင့္ပတ္သက္၍ ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္ရန္ ယဥ္ေက်းမႈအေမြအႏွစ္ ကာကြယ္ထိန္းသိမ္းေရးေကာ္မတီ ဖြဲ႕စည္းထားၿပီး အဆိုပါေကာ္မတီကို ဘုရားႀကီးအတြက္သာမက ပုဂံေဒသႏွင့္ ပတ္သက္ၿပီးဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.