မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ်ဖြစ်သော ပုပ္ပားတောင်မကြီးတွင် ပထမဆုံးအကြိမ်အဖြစ် အမှိုက်ကောက် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပါဝင်လိုသူ များပြား

 567

Pearl (NP News) - ဖေဖော်ဝါရီလ - ၁၄
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ် ဖြစ် သော ပုပ္ပားတောင်မကြီးတွင် ပထမဆုံးအကြိမ်အဖြစ် အမှိုက်ကောက် ကမ်ပိန်းပြုလုပ်မည်ဖြစ်ပြီး ပါဝင်လို သူများပြားကြောင်းသိရသည်။
အဆိုပါ ကမ်ပိန်းကို ဥညန ပြညောမေ One Myanmar Adventure က ဦးဆောင် ထောက်ပံ့၍ အခြားကုမ္ပဏီလုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းအချို့က ပူးပေါင်းပါဝင်ခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလ (၁၈)ရက်တွင် ပုပ္ပားတောင် မကြီး၌ ဒေသခံများအပါအဝင် အင်အား (၂၀ဝ) နီး ပါးဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
“ပြီးခဲ့တဲ့တစ်ပတ်လောက်က တောင်ကိုရောက်တော့ အမှိုက်တွေက အပြည့်ပဲ။ အမှိုက်တွေက တော် တော်များနေတာပါ။ အဲဒါနဲ့ပဲ ဒီကမ်ပိန်းလေးကို စပြီးလုပ်ဖြစ်သွားတာပါ။ အခုက အသင်း တွေခွဲပြီးတော့ တောင်မကြီးတတ်တဲ့ လမ်းတွေ၊ ခက်ခဲတဲ့ နေရာတွေကအစ အပိုင်းတွေပိုင်းပြီးတော့မှ တာဝန် ယူပြီး ကောက်မှာပါ” ဟု ကမ်ပိန်းကို ဦးဆောင်သူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ကမ်ပိန်းတွင် လူ (၁၀ဝ) ခန့်သာ ပါဝင် မည်ဟု ခန့်မှန်းထားသော်လည်း စာရင်းပေးသူများပြား သည့်အတွက် လူ (၂၀ဝ) ဝန်းကျင်ရှိသွားခဲ့ပြီ ဖြစ်ကာ ကမ်ပိန်းကာလအတွင်း သဘာဝပတ် ဝန်းကျင် ပညာရှင်များကလည်း အသိပညာဗဟုသုတများကို မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရရှိလာသည့်အမှိုက်များကို ဆာလာ အိတ်များဖြင့်ထည့်၍ ဆိုင်ကယ်များဖြင့် တောင်အောက်သို့သယ်ကာ သတ်မှတ်ထားသည့်နေရာတွင် စွန့်ပစ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ သဘာဝတောတောင်ဖြစ်တဲ့အခါကျတော့လာတက်တဲ့လူတွေလည်း ကိုယ့်အမှိုက်ကိုယ် စနစ်တကျပြန်သိမ်းသွား။ ပိုကောင်းတာက လုံးဝမသုံးနဲ့။ ဖြစ်နိုင်ရင် တစ်ခါသုံးရေသန့်ဘူး မဟုတ်ဘဲ ကိုယ့်ရေဘူးကိုယ်သယ်လာတာမျိုးပေါ့။ နောက်ပြီးတော့ အရေးကြီးဆုံးက အဲဒီမှာ ရှားပါးအပင်လေး တွေရှိတယ်။ အဲဒီအပင်လေးတွေကိုလည်း အလွယ်တကူချိုးတာမျိုးတွေ မလုပ်သင့်ဘူး။ နောက်တစ်ခုက တောင်မကြီးကိုလာပြီး အေးအေးဆေးဆေး သဘာဝတရားကြီးကိုခံစားတာဖြစ်တဲ့အတွက် ဆောင်းဘောက်ကြီး တွေဖွင့်ပြီး အရက်တွေထိုင်သောက်နေတာမျိုးတို့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
အလားတူ မန္တလေးတောင်၊ စစ်ကိုင်းတောင်တို့၌လည်း လိုအပ်ပါက အမှိုက်ကောက်ကမ်ပိန်းများကို ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ၏ အိုေအစစ္ျဖစ္ေသာ ပုပၸားေတာင္မႀကီးတြင္ ပထမဆုံးအႀကိမ္အျဖစ္ အမႈိက္ေကာက္ ကမ္ပိန္း ျပဳလုပ္မည္ျဖစ္ၿပီး ပါဝင္လိုသူ မ်ားျပား
Pearl (NP News) - ေဖေဖာ္ဝါရီလ - ၁၄
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ၏ အိုေအစစ္ ျဖစ္ ေသာ ပုပၸားေတာင္မႀကီးတြင္ ပထမဆုံးအႀကိမ္အျဖစ္ အမႈိက္ေကာက္ ကမ္ပိန္းျပဳလုပ္မည္ျဖစ္ၿပီး ပါဝင္လို သူမ်ားျပားေၾကာင္းသိရသည္။
အဆိုပါ ကမ္ပိန္းကို ဥညန ျပေညာေမ One Myanmar Adventure က ဦးေဆာင္ ေထာက္ပံ့၍ အျခားကုမၸဏီလုပ္ငန္းမ်ား၊ အရပ္ဘက္ အဖြဲ႕အစည္းအခ်ိဳ႕က ပူးေပါင္းပါဝင္ျခင္းျဖစ္ကာ လာမည့္ ေဖေဖာ္ဝါရီလ (၁၈)ရက္တြင္ ပုပၸားေတာင္ မႀကီး၌ ေဒသခံမ်ားအပါအဝင္ အင္အား (၂၀ဝ) နီး ပါးျဖင့္ ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္းသိရသည္။
“ၿပီးခဲ့တဲ့တစ္ပတ္ေလာက္က ေတာင္ကိုေရာက္ေတာ့ အမႈိက္ေတြက အျပည့္ပဲ။ အမႈိက္ေတြက ေတာ္ ေတာ္မ်ားေနတာပါ။ အဲဒါနဲ႔ပဲ ဒီကမ္ပိန္းေလးကို စၿပီးလုပ္ျဖစ္သြားတာပါ။ အခုက အသင္း ေတြခြဲၿပီးေတာ့ ေတာင္မႀကီးတတ္တဲ့ လမ္းေတြ၊ ခက္ခဲတဲ့ ေနရာေတြကအစ အပိုင္းေတြပိုင္းၿပီးေတာ့မွ တာဝန္ ယူၿပီး ေကာက္မွာပါ” ဟု ကမ္ပိန္းကို ဦးေဆာင္သူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ကမ္ပိန္းတြင္ လူ (၁၀ဝ) ခန႔္သာ ပါဝင္ မည္ဟု ခန႔္မွန္းထားေသာ္လည္း စာရင္းေပးသူမ်ားျပား သည့္အတြက္ လူ (၂၀ဝ) ဝန္းက်င္ရွိသြားခဲ့ၿပီ ျဖစ္ကာ ကမ္ပိန္းကာလအတြင္း သဘာဝပတ္ ဝန္းက်င္ ပညာရွင္မ်ားကလည္း အသိပညာဗဟုသုတမ်ားကို မွ်ေဝေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ရရွိလာသည့္အမႈိက္မ်ားကို ဆာလာ အိတ္မ်ားျဖင့္ထည့္၍ ဆိုင္ကယ္မ်ားျဖင့္ ေတာင္ေအာက္သို႔သယ္ကာ သတ္မွတ္ထားသည့္ေနရာတြင္ စြန႔္ပစ္ သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
“ သဘာဝေတာေတာင္ျဖစ္တဲ့အခါက်ေတာ့လာတက္တဲ့လူေတြလည္း ကိုယ့္အမႈိက္ကိုယ္ စနစ္တက်ျပန္သိမ္းသြား။ ပိုေကာင္းတာက လုံးဝမသုံးနဲ႔။ ျဖစ္ႏိုင္ရင္ တစ္ခါသုံးေရသန႔္ဘူး မဟုတ္ဘဲ ကိုယ့္ေရဘူးကိုယ္သယ္လာတာမ်ိဳးေပါ့။ ေနာက္ၿပီးေတာ့ အေရးႀကီးဆုံးက အဲဒီမွာ ရွားပါးအပင္ေလး ေတြရွိတယ္။ အဲဒီအပင္ေလးေတြကိုလည္း အလြယ္တကူခ်ိဳးတာမ်ိဳးေတြ မလုပ္သင့္ဘူး။ ေနာက္တစ္ခုက ေတာင္မႀကီးကိုလာၿပီး ေအးေအးေဆးေဆး သဘာဝတရားႀကီးကိုခံစားတာျဖစ္တဲ့အတြက္ ေဆာင္းေဘာက္ႀကီး ေတြဖြင့္ၿပီး အရက္ေတြထိုင္ေသာက္ေနတာမ်ိဳးတို႔ မလုပ္သင့္ဘူးလို႔ ျမင္ပါတယ္”ဟု ၎က ေျပာသည္။
အလားတူ မႏၲေလးေတာင္၊ စစ္ကိုင္းေတာင္တို႔၌လည္း လိုအပ္ပါက အမႈိက္ေကာက္ကမ္ပိန္းမ်ားကို ဆက္လက္ျပဳ လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.