အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေကို မီးလောင်ရာ လေပင့်သလိုမျိုး ဖြစ်လာနိုင်သလား (ဘာသာပြန်ဆောင်းပါး)

440

အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေကို မီးလောင်ရာ လေပင့်သလိုမျိုး ဖြစ်လာနိုင်သလား
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီလ - ၁၄
ဂါဇာစစ်ပွဲနဲ့ဆက်နွှယ်ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန် နိုင်ငံဟာ ဆီးရီးယား၊ အီရတ်နဲ့ ယီမင် နိုင်ငံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲအရှိန် ပိုမို ပြင်းထန်လာမယ့် အခြေအနေမျိုးတွေ ရှိနေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အမေရိကန်အစိုးရဟာ ဂါဇာစစ်ပွဲထဲကို တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ ကြားဝင်တိုက်ခိုက်လာမှာကို ဟန့်တားနိုင်ဖို့ အရှေ့ အလယ်ပိုင်းဒေသကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ ပါတယ်။ အမေရိကန်ရဲ့စစ်သင်္ဘောတွေ စေလွှတ်မှု တွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာတင်းမာမှု တွေ စတင်ဖြစ်ပွားလာခဲ့ပါတယ်။
အီရန်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်း ဒေသရဲ့လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်ရဲ့ စစ်သင်္ဘောတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အမေရိ ကန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံ တွေ၊ လက်နက်ကိုင် အဖွဲ့ အစည်းတွေ သတိပေးမှု ရှိခဲ့ပေမယ့် စစ်သင်္ဘောတွေကို ဖြန့်ကျက်ချထားဆဲ ဖြစ်ရာ တင်းမာမှု တွေဖြစ်လာ ခဲ့ပါတယ်။ အမေရိကန် နိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတကာ မျက်နှာစာမှာ ကာကွယ်ပေးခဲ့သလို စစ်လက်နက် ပစ္စည်းတွေလည်း ကူညီထောက်ပံ့ပေးခဲ့ရာ အရှေ့အလယ်ပိုင်းဒေသ အတွင်းရှိ နိုင်ငံတွေကို ပိုမိုစိတ်ဆိုး ဒေါသ ဖြစ်စေခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့အကူအညီတွေ ရရှိထားတဲ့ ဟားမတ်စ်လက်နက်ကိုင်အုပ်စု၊ လက်ဘနွန်အခြေ စိုက် ဟစ်ဘိုလာအုပ်စု၊ ယီမင်နိုင်ငံအခြေစိုက်ဟူသီလက်နက်ကိုင်အုပ်စု၊ ဆီးရီးယားနဲ့ အီရတ် လက်နက် ကိုင်အဖွဲ့တွေဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ကတည်းက အစ္စရေးကိုကူညီပေးနေတဲ့ အမေရိကန် နိုင်ငံကို စိတ်ဆိုးဒေါသဖြစ်ခဲ့ပြီး အစ္စရေးနဲ့ အမေရိ ကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း ကတည်းက အကြိမ်ပေါင်း ၁၅၀ ကျော် တိုက်ခိုက် ခံခဲ့ရပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ ပါလက် စတိုင်းတွေကို အားပေးထောက်ခံကြောင်းပြသဖို့ ပင်လယ်နီဒေသအတွင်း ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေတိုက်ခိုက်ခဲ့ရာကနေ ဟူသီလက်နက် ကိုင်အုပ်စုနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ပွားလာခဲ့ပါတယ်။ အမေရိကန် ဟာ ပင်လယ်နီဒေသအတွင်း ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ယီမင် နိုင်ငံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဟူသီလက်နက်ကိုင် အုပ်စုနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေရှိနေ ချိန်မှာပဲ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက် စခန်းတိုက်ခိုက်ခံရပြီး အမေရိကန်စစ်သားတွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိလာခဲ့ပါတယ်။
အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်အစိုးရတာဝန် ရှိသူတွေဟာ အမေရိကန်စစ်သား တွေသေဆုံးမှုကို လက်တုံ့ပြန်မှုအဖြစ် ဖေဖော်ဝါရီလ ၂ ရက်က ဆီးရီး ယား နဲ့ အီရတ်နိုင်ငံတို့ရှိ ပစ်မှတ်ပေါင်း ၈၅ ခုကို ပစ် မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ဟူသီလက်နက် ကိုင်အုပ်စုရဲ့လုပ်နိုင်စွမ်းတွေကို လျှော့ချနိုင်ဖို့ ရည် ရွယ်ချက်နဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါ ရီလ ၃ ရက်မှာ ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၄၀ ကျော် ကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသအတွင်း အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ စစ် ဘောင်မကျယ် ဖို့ ရည်ရွယ်တယ်လို့ စစ်မီး ပိုမိုတောက်လောင်အောင် ပြောဆိုနေပေမယ့် လုပ်ဆောင် နေသလိုမျိုးဖြစ်နေခဲ့ ပါတယ်။ ဆီးရီးယား၊ အီရတ် နဲ့ ယီမင် နိုင်ငံတို့ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေ က စစ်မီးတောက် နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို မီးလောင်ရာလေ့ပင်သလိုမျိုး ဖြစ်စေခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အုပ်စုက ဆီးရီးယားနဲ့ အီရတ်နိုင်ငံကိုတိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အရှေ့ အလယ် ပိုင်းဒေသအတွင်း မီးလောင်ရာ ဓာတ်ဆီလောင်း သလိုမျိုး ဖြစ်ခဲ့ရပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အရှေ့ အလယ်ပိုင်း ဒေသအတွင်းရှိ လက်နက်ကိုင် အဖွဲ့တွေကို ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်း ကူညီပေးနေတဲ့ အီရန်နိုင်ငံကလည်း အမေရိကန် နိုင်ငံရဲ့တိုက်ခိုက်မှုတွေဟာ မဟာဗျူဟာမြောက် အမှားကြီးတွေကို ကျူးလွန်လိုက်တာမျိုးဖြစ်စေခဲ့ တယ်လို့ဆိုပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ အီရတ်နိုင်ငံကိုအမေရိကန်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အီရန်နဲ့ ရင်းနှီးမှုရှိတဲ့ရုရှားနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းဝေးခေါ်ယူဖို့ ဦးဆောင် တောင်းဆိုခဲ့ပါတယ်။
အမေရိကန်က လက်နက်ကိုင်အဖွဲ့တွေ အင်အားလျော့နည်းအောင် ရည်ရွယ်ချက်နဲ့တိုက် ခိုက်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် အီရတ်အစိုးရနဲ့ ဆီးရီးယားအစိုးရတို့ဟာ အမေရိကန်နိုင်ငံကို ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန က အီရတ်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးတာဝန်ရှိ သူကို ခေါ်ယူကန့်ကွက်ခဲ့သလို ဆီးရီးယားအစိုးရက လည်း အမေရိကန်ရဲ့ကျူးကျော်မှုအသစ်ဖြစ်တယ် လို့ဝေဖန်ထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ နက်ဆာ ကာနာနီက “ဆီးရီးယားနဲ့ အီရတ်ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေဟာ ဒေသအတွင်း မတည်ငြိမ်မှုတွေနဲ့ တင်းမာမှုတွေပိုမိုဖြစ်စေဖို့ထက် တခြားရလဒ်မျိုးရမှာမဟုတ်ဘူး၊ အမေရိကန် အစိုးရ ဟာ ကြီးမားတဲ့ အမှားအယွင်းတွေ လုပ်ဆောင်ခဲ့ တယ်”လို့ပြောပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှု တွေကြောင့် ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာ ပြည်သူ တွေ သေဆုံး၊ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သတင်း တွေလည်း ထွက်ပေါ်နေပါတယ်။ ဆီးရီးယားစစ်တပ် က အမေရိကန်ရဲ့ညလုံးပေါက်တိုက်ခိုက်မှုတွေ ကြောင့် ဆီးရီးယားပြည်သူတွေ နဲ့ ဆီးရီးယား စစ်သား တွေအပြင် အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှု တွေဟာ ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့မှာရှိနေတဲ့ အီရန်စစ်တပ်ရဲ့ခေါင်းဆောင်တွေကို သုတ်သင်ဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါ တယ်။ အီရန်အစိုးရကတော့ ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်သားတွေသေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှု တွေရဲ့နောက်ကွယ်မှာ ၎င်းတို့ ပါဝင်ဆက်နွှယ်နေ တာ မျိုးမရှိဘူးလို့ ဆိုထားပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတွေကို ဗြောင်ကျကျ ချိုးဖောက်လိုက် သလိုမျိုးဖြစ်စေခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက “အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသ မှာဖြစ် ပွားနေတဲ့ ပဋိပက္ခ တွေကို ပိုမိုဆိုးရွားတဲ့အန္တရာယ်မျိုးဖြစ်လာအောင် တွန်းပို့လိုက်တာဖြစ်တယ်။ ဆီးရီးယား အစိုးရက ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်ရဲ့ နိုင်ငံ အချုပ် အခြာအာဏာပိုင်နက်ချိုးဖောက်တဲ့ ဆိုးရွားတဲ့ မှတ်တမ်းတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်”လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ယခင်တုန်းက လည်း အကြောင်းအမျိုးမျိုးပြပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ တွေရဲ့ပြည်တွင်းရေးတွေကို ဝင်ရောက် စွက်ဖက်တာ၊ ကျူးကျော်တိုက်ခိုက်ခဲ့တာမျိုးတွေ ရှိခဲ့ရာ ဆီးရီးယား၊ အီရတ် နဲ့ ယီမင်နိုင်ငံတို့ကို တိုက် ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်က မေးခွန်းထုတ် စရာဖြစ်လာစေခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်နောက်ပိုင်း ကတည်းက ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ လက်နက် ကိုင် ပဋိပက္ခအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမေရိ ကန်နိုင်ငံနဲ့ ဆက်နွှယ်ခဲ့တယ်လို့ တရုတ်နိုင်ငံအခြေ စိုက် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထား ပါတယ်။ အမေရိကန်နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း ၂၄၀ ကျော်အတွင်းမှာ စစ်ပွဲနဲ့ မဆက်နွှယ်တဲ့ နှစ် ပေါင်း ၁၆ နှစ်သာရှိခဲ့ပြီး ကျန်နှစ်တွေမှာ စစ်ပွဲတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ဆက်နွှယ်နေ ခဲ့ပါတယ်။ အဲဒီ သမိုင်းမှတ်တမ်းတွေကို လေ့လာ ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံဟာ စစ်လိုလားတဲ့ နိုင်ငံ အဖြစ် ယူဆစရာရှိနေပါတယ်။ အမေရိကန်ဟာ စစ်လိုလားတဲ့ စရိုက်အတိုင်း နိုင်ငံတကာ စည်းကမ်း၊ ဥပဒေ တွေရှိနေပေမယ့် အကြောင်းအမျိုးမျိုးပြကာ တခြားနိုင်ငံတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုး တွေရှိနေ ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ လက်ရှိ အချိန်မှာ အီရန်အပါအဝင် အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဝေဖန် ပြစ်တင်မှုတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုတွေ ဆက်လက်တိုက်ခိုက်ဖို့ အစီအစဉ်တွေရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီအကြံပေးတစ်ဦးဖြစ်တဲ့ ဂျိတ်ဆူလီဗန်က “ အ မေရိကန်တပ်ဖွဲ့ဝင် တွေဟာ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ၊ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန် တိုက် ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှု တွေက အစပဲ ရှိသေးတယ်။ မပြီးဆုံးသေးဘူး၊ တုံ့ပြန်မှုတွေက အဆင့်များစွာရှိတယ်။ တချို့တုံ့ပြန်မှုတွေက သိသာ ထင်ရှားစွာမြင်နိုင်ပေမယ့် တချို့တုံ့ပြန်မှုတွေကို မမြင် နိုင်တာမျိုးတွေလည်းရှိမှာပါ” လို့ပြောပါတယ်။
အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေ ပိုမိုလုပ် ဆောင်လာမယ်ဆိုရင် အခြေအနေတွေက ပိုမိုရှုပ် ထွေးလာနိုင်ဖွယ်ရှိနေပြီး စစ်ဘောင်ပိုမိုကျယ်ပြန့် လာမယ့်အလားလာတွေရှိနေပါတယ်။ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်နိုင်ငံတို့ကို မကြာသေးမီကတိုက်ခိုက် ခဲ့တဲ့အမေရိကန်ရဲ့လုပ်ရပ်က လက်နက်ကိုင်အဖွဲ့ အစည်းတွေကို အင်အားလျော့နည်းစေဖို့၊ လုပ်နိုင် စွမ်းအားလျော့စေဖို့ ရည်ရွယ်ခဲ့ပေမယ့် အဲဒီလုပ်ရပ် တွေက အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ မတည် ငြိမ်မှု၊ စစ်မက်ဖြစ်ပွားမှုတွေ၊ ပိုမိုဖြစ်ပွားလာအောင် တွန်းအားပေးလိုက်သလိုမျိုးဖြစ်စေခဲ့တယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြက အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈေတြကို မီးေလာင္ရာ ေလပင့္သလိုမ်ိဳး ျဖစ္လာႏိုင္သလား (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီလ - ၁၄
ဂါဇာစစ္ပြဲနဲ႔ဆက္ႏႊယ္ၿပီး အေရွ႕အလယ္ပိုင္း ေဒသမွာ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္ ႏိုင္ငံဟာ ဆီးရီးယား၊ အီရတ္နဲ႔ ယီမင္ ႏိုင္ငံတို႔ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ပြဲအရွိန္ ပိုမို ျပင္းထန္လာမယ့္ အေျခအေနမ်ိဳးေတြ ရွိေနပါတယ္။ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္မွာ အစၥေရးနဲ႔ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲစတင္ခဲ့ၿပီး ေနာက္ပိုင္း အေမရိကန္အစိုးရဟာ ဂါဇာစစ္ပြဲထဲကို တျခားလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ႏိုင္ငံေတြ ၾကားဝင္တိုက္ခိုက္လာမွာကို ဟန႔္တားႏိုင္ဖို႔ အေရွ႕ အလယ္ပိုင္းေဒသကို စစ္သေဘၤာေတြ ေစလႊတ္ခဲ့ ပါတယ္။ အေမရိကန္ရဲ႕စစ္သေဘၤာေတြ ေစလႊတ္မႈ ေတြေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသမွာတင္းမာမႈ ေတြ စတင္ျဖစ္ပြားလာခဲ့ပါတယ္။
အီရန္ႏိုင္ငံအပါအဝင္ အေရွ႕အလယ္ပိုင္း ေဒသရဲ႕လက္နက္ကိုင္အဖြဲ႕ေတြဟာ အေမရိကန္ရဲ႕ စစ္သေဘၤာေတြကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ အေမရိ ကန္ဟာ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ ႏိုင္ငံ ေတြ၊ လက္နက္ကိုင္ အဖြဲ႕ အစည္းေတြ သတိေပးမႈ ရွိခဲ့ေပမယ့္ စစ္သေဘၤာေတြကို ျဖန႔္က်က္ခ်ထားဆဲ ျဖစ္ရာ တင္းမာမႈ ေတြျဖစ္လာ ခဲ့ပါတယ္။ အေမရိကန္ ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို ႏိုင္ငံတကာ မ်က္ႏွာစာမွာ ကာကြယ္ေပးခဲ့သလို စစ္လက္နက္ ပစၥည္းေတြလည္း ကူညီေထာက္ပံ့ေပးခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသ အတြင္းရွိ ႏိုင္ငံေတြကို ပိုမိုစိတ္ဆိုး ေဒါသ ျဖစ္ေစခဲ့ပါတယ္။
အီရန္ႏိုင္ငံရဲ႕အကူအညီေတြ ရရွိထားတဲ့ ဟားမတ္စ္လက္နက္ကိုင္အုပ္စု၊ လက္ဘႏြန္အေျခ စိုက္ ဟစ္ဘိုလာအုပ္စု၊ ယီမင္ႏိုင္ငံအေျခစိုက္ဟူသီလက္နက္ကိုင္အုပ္စု၊ ဆီးရီးယားနဲ႔ အီရတ္ လက္နက္ ကိုင္အဖြဲ႕ေတြဟာ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ကတည္းက အစၥေရးကိုကူညီေပးေနတဲ့ အေမရိကန္ ႏိုင္ငံကို စိတ္ဆိုးေဒါသျဖစ္ခဲ့ၿပီး အစၥေရးနဲ႔ အေမရိ ကန္တပ္ဖြဲ႕ေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းေဒသမွာရွိေနတဲ့ အေမရိကန္ တပ္ဖြဲ႕ဝင္ေတြဟာ ဂါဇာစစ္ပြဲစတင္ခဲ့ၿပီး ေနာက္ပိုင္း ကတည္းက အႀကိမ္ေပါင္း ၁၅၀ ေက်ာ္ တိုက္ခိုက္ ခံခဲ့ရပါတယ္။ ဟူသီလက္နက္ကိုင္အုပ္စုဟာ ပါလက္ စတိုင္းေတြကို အားေပးေထာက္ခံေၾကာင္းျပသဖို႔ ပင္လယ္နီေဒသအတြင္း ျဖတ္သန္းေနတဲ့ ကုန္စည္သေဘၤာေတြတိုက္ခိုက္ခဲ့ရာကေန ဟူသီလက္နက္ ကိုင္အုပ္စုနဲ႔ အေမရိကန္ႏိုင္ငံၾကား အျပန္အလွန္ တိုက္ခိုက္မႈေတြျဖစ္ပြားလာခဲ့ပါတယ္။ အေမရိကန္ ဟာ ပင္လယ္နီေဒသအတြင္း ကုန္စည္သေဘၤာေတြကို တိုက္ခိုက္ေနတဲ့ ဟူသီလက္နက္ကိုင္အုပ္စုရဲ႕တိုက္ခိုက္မႈေတြကို ဟန႔္တားႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ယီမင္ ႏိုင္ငံကို ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလအတြင္းမွာ စတင္တိုက္ခိုက္ခဲ့ပါတယ္။ ဟူသီလက္နက္ကိုင္ အုပ္စုနဲ႔ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈေတြရွိေန ခ်ိန္မွာပဲ ေဂ်ာ္ဒန္ႏိုင္ငံရွိ အေမရိကန္စစ္အေျခစိုက္ စခန္းတိုက္ခိုက္ခံရၿပီး အေမရိကန္စစ္သားေတြ ေသဆုံး၊ ဒဏ္ရာရတာေတြရွိလာခဲ့ပါတယ္။
အေမရိ ကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ အေမရိကန္အစိုးရတာဝန္ ရွိသူေတြဟာ အေမရိကန္စစ္သား ေတြေသဆုံးမႈကို လက္တုံ႔ျပန္မႈအျဖစ္ ေဖေဖာ္ဝါရီလ ၂ ရက္က ဆီးရီး ယား နဲ႔ အီရတ္ႏိုင္ငံတို႔ရွိ ပစ္မွတ္ေပါင္း ၈၅ ခုကို ပစ္ မွတ္ထားတိုက္ခိုက္ခဲ့ပါတယ္။ ဒါ့ျပင္ ဟူသီလက္နက္ ကိုင္အုပ္စုရဲ႕လုပ္ႏိုင္စြမ္းေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္ ႐ြယ္ခ်က္နဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္ေတြဟာ ေဖေဖာ္ဝါ ရီလ ၃ ရက္မွာ ယီမင္ႏိုင္ငံရွိ ပစ္မွတ္ေပါင္း ၄၀ ေက်ာ္ ကို ထပ္မံတိုက္ခိုက္ခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္း ေဒသအတြင္း အေမရိကန္ရဲ႕ လုပ္ရပ္ေတြဟာ စစ္ ေဘာင္မက်ယ္ ဖို႔ ရည္႐ြယ္တယ္လို႔ စစ္မီး ပိုမိုေတာက္ေလာင္ေအာင္ ေျပာဆိုေနေပမယ့္ လုပ္ေဆာင္ ေနသလိုမ်ိဳးျဖစ္ေနခဲ့ ပါတယ္။ ဆီးရီးယား၊ အီရတ္ နဲ႔ ယီမင္ ႏိုင္ငံတို႔ကို တိုက္ခိုက္ခဲ့တဲ့ အေမရိကန္ရဲ႕လုပ္ရပ္ေတြ က စစ္မီးေတာက္ ေနတဲ့ အေရွ႕အလယ္ပိုင္းေဒသကို မီးေလာင္ရာေလ့ပင္သလိုမ်ိဳး ျဖစ္ေစခဲ့တယ္လို႔ ေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။
ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ဟားမတ္စ္အုပ္စုက ဆီးရီးယားနဲ႔ အီရတ္ႏိုင္ငံကိုတိုက္ခိုက္ေနတဲ့ အေမရိကန္ရဲ႕ တိုက္ခိုက္မႈေတြဟာ အေရွ႕ အလယ္ ပိုင္းေဒသအတြင္း မီးေလာင္ရာ ဓာတ္ဆီေလာင္း သလိုမ်ိဳး ျဖစ္ခဲ့ရၿပီး ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို တာဝန္ယူရမယ္လို႔ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ အေရွ႕ အလယ္ပိုင္း ေဒသအတြင္းရွိ လက္နက္ကိုင္ အဖြဲ႕ေတြကို ေငြေၾကးနဲ႔ စစ္လက္နက္ပစၥည္း ကူညီေပးေနတဲ့ အီရန္ႏိုင္ငံကလည္း အေမရိကန္ ႏိုင္ငံရဲ႕တိုက္ခိုက္မႈေတြဟာ မဟာဗ်ဴဟာေျမာက္ အမွားႀကီးေတြကို က်ဴးလြန္လိုက္တာမ်ိဳးျဖစ္ေစခဲ့ တယ္လို႔ဆိုပါတယ္။ ဆီးရီးယားႏိုင္ငံနဲ႔ အီရတ္ႏိုင္ငံကိုအေမရိကန္ရဲ႕တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အီရန္နဲ႔ ရင္းႏွီးမႈရွိတဲ့႐ုရွားႏိုင္ငံဟာ ကုလသမဂၢလုံၿခဳံေရး ေကာင္စီအေရးေပၚအစည္းေဝးေခၚယူဖို႔ ဦးေဆာင္ ေတာင္းဆိုခဲ့ပါတယ္။
အေမရိကန္က လက္နက္ကိုင္အဖြဲ႕ေတြ အင္အားေလ်ာ့နည္းေအာင္ ရည္႐ြယ္ခ်က္နဲ႔တိုက္ ခိုက္ခဲ့တယ္လို႔ ေျပာဆိုထားေပမယ့္ အီရတ္အစိုးရနဲ႔ ဆီးရီးယားအစိုးရတို႔ဟာ အေမရိကန္ႏိုင္ငံကို ေဝဖန္ ျပစ္တင္ခဲ့ပါတယ္။ အီရတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က အီရတ္ႏိုင္ငံဆိုင္ရာအေမရိကန္သံ႐ုံးတာဝန္ရွိ သူကို ေခၚယူကန႔္ကြက္ခဲ့သလို ဆီးရီးယားအစိုးရက လည္း အေမရိကန္ရဲ႕က်ဴးေက်ာ္မႈအသစ္ျဖစ္တယ္ လို႔ေဝဖန္ထားပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ နက္ဆာ ကာနာနီက “ဆီးရီးယားနဲ႔ အီရတ္ကို တိုက္ခိုက္ခဲ့တဲ့ အေမရိကန္ရဲ႕လုပ္ရပ္ေတြဟာ ေဒသအတြင္း မတည္ၿငိမ္မႈေတြနဲ႔ တင္းမာမႈေတြပိုမိုျဖစ္ေစဖို႔ထက္ တျခားရလဒ္မ်ိဳးရမွာမဟုတ္ဘူး၊ အေမရိကန္ အစိုးရ ဟာ ႀကီးမားတဲ့ အမွားအယြင္းေတြ လုပ္ေဆာင္ခဲ့ တယ္”လို႔ေျပာပါတယ္။ အေမရိကန္ရဲ႕တိုက္ခိုက္မႈ ေတြေၾကာင့္ ဆီးရီးယားနဲ႔ အီရတ္ႏိုင္ငံတို႔မွာ ျပည္သူ ေတြ ေသဆုံး၊ ဒဏ္ရာရတာေတြရွိခဲ့တယ္လို႔ သတင္း ေတြလည္း ထြက္ေပၚေနပါတယ္။ ဆီးရီးယားစစ္တပ္ က အေမရိကန္ရဲ႕ညလုံးေပါက္တိုက္ခိုက္မႈေတြ ေၾကာင့္ ဆီးရီးယားျပည္သူေတြ နဲ႔ ဆီးရီးယား စစ္သား ေတြအျပင္ အေဆာက္အအုံေတြ ထိခိုက္ပ်က္စီး ခဲ့ရတယ္လို႔ ဆိုပါတယ္။
အေမရိကန္ရဲ႕ တိုက္ခိုက္မႈ ေတြဟာ ဆီးရီးယားနဲ႔အီရတ္ႏိုင္ငံတို႔မွာရွိေနတဲ့ အီရန္စစ္တပ္ရဲ႕ေခါင္းေဆာင္ေတြကို သုတ္သင္ဖို႔ ရည္႐ြယ္တာမ်ိဳးျဖစ္တယ္လို႔ ခန႔္မွန္းမႈေတြ ရွိေနပါ တယ္။ အီရန္အစိုးရကေတာ့ ေဂ်ာ္ဒန္ႏိုင္ငံရွိ အေမရိကန္ စစ္သားေတြေသဆုံးေစခဲ့တဲ့ တိုက္ခိုက္မႈ ေတြရဲ႕ေနာက္ကြယ္မွာ ၎တို႔ ပါဝင္ဆက္ႏႊယ္ေန တာ မ်ိဳးမရွိဘူးလို႔ ဆိုထားပါတယ္။ ဆီးရီးယားနဲ႔ အီရတ္ႏိုင္ငံတို႔ကို တိုက္ခိုက္ခဲ့တဲ့ အေမရိကန္ရဲ႕ လုပ္ရပ္ေတြဟာ ႏိုင္ငံေတြရဲ႕ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈေတြကို ေျဗာင္က်က် ခ်ိဳးေဖာက္လိုက္ သလိုမ်ိဳးျဖစ္ေစခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံျခားေရး ဝန္ႀကီးဌာနက “အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ အေရွ႕အလယ္ပိုင္းေဒသ မွာျဖစ္ ပြားေနတဲ့ ပဋိပကၡ ေတြကို ပိုမိုဆိုး႐ြားတဲ့အႏၲရာယ္မ်ိဳးျဖစ္လာေအာင္ တြန္းပို႔လိုက္တာျဖစ္တယ္။ ဆီးရီးယား အစိုးရက ဒီတိုက္ခိုက္မႈေတြဟာ အေမရိကန္ရဲ႕ ႏိုင္ငံ အခ်ဳပ္ အျခာအာဏာပိုင္နက္ခ်ိဳးေဖာက္တဲ့ ဆိုး႐ြားတဲ့ မွတ္တမ္းေတြကို ပိုမိုဆိုး႐ြားေစခဲ့ပါတယ္”လို႔ ေျပာပါတယ္။
အေမရိကန္ႏိုင္ငံဟာ ယခင္တုန္းက လည္း အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံ ေတြရဲ႕ျပည္တြင္းေရးေတြကို ဝင္ေရာက္ စြက္ဖက္တာ၊ က်ဴးေက်ာ္တိုက္ခိုက္ခဲ့တာမ်ိဳးေတြ ရွိခဲ့ရာ ဆီးရီးယား၊ အီရတ္ နဲ႔ ယီမင္ႏိုင္ငံတို႔ကို တိုက္ ခိုက္ခဲ့တဲ့ အေမရိကန္ရဲ႕လုပ္ရပ္က ေမးခြန္းထုတ္ စရာျဖစ္လာေစခဲ့ပါတယ္။ ၁၉၄၅ ခုႏွစ္ေနာက္ပိုင္း ကတည္းက ကမာၻတစ္ဝန္းမွာျဖစ္ပြားခဲ့တဲ့ လက္နက္ ကိုင္ ပဋိပကၡအားလုံးရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ အေမရိ ကန္ႏိုင္ငံနဲ႔ ဆက္ႏႊယ္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံအေျခ စိုက္ ဂလိုဘယ္တိုင္းမ္သတင္းဌာနက ေဖာ္ျပထား ပါတယ္။ အေမရိကန္ႏိုင္ငံ တည္ေထာင္ၿပီး ႏွစ္ေပါင္း ၂၄၀ ေက်ာ္အတြင္းမွာ စစ္ပြဲနဲ႔ မဆက္ႏႊယ္တဲ့ ႏွစ္ ေပါင္း ၁၆ ႏွစ္သာရွိခဲ့ၿပီး က်န္ႏွစ္ေတြမွာ စစ္ပြဲေတြနဲ႔ တိုက္႐ိုက္ ဒါမွမဟုတ္ သြယ္ဝိုက္ၿပီး ဆက္ႏႊယ္ေန ခဲ့ပါတယ္။ အဲဒီ သမိုင္းမွတ္တမ္းေတြကို ေလ့လာ ၾကည့္မယ္ဆိုရင္ အေမရိကန္ႏိုင္ငံဟာ စစ္လိုလားတဲ့ ႏိုင္ငံ အျဖစ္ ယူဆစရာရွိေနပါတယ္။ အေမရိကန္ဟာ စစ္လိုလားတဲ့ စ႐ိုက္အတိုင္း ႏိုင္ငံတကာ စည္းကမ္း၊ ဥပေဒ ေတြရွိေနေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ တျခားႏိုင္ငံေတြကို ဝင္ေရာက္တိုက္ခိုက္တာမ်ိဳး ေတြရွိေန ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံဟာ လက္ရွိ အခ်ိန္မွာ အီရန္အပါအဝင္ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ေဝဖန္ ျပစ္တင္မႈေတြကို ဂ႐ုမစိုက္ဘဲ တိုက္ခိုက္မႈေတြ ဆက္လက္တိုက္ခိုက္ဖို႔ အစီအစဥ္ေတြရွိေနဆဲ ျဖစ္တယ္လို႔ အေမရိကန္အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။
အေမရိကန္အမ်ိဳးသားလုံၿခဳံေရး ေကာင္စီအႀကံေပးတစ္ဦးျဖစ္တဲ့ ဂ်ိတ္ဆူလီဗန္က “ အ ေမရိကန္တပ္ဖြဲ႕ဝင္ ေတြဟာ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ၊ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ဝင္ေတြတိုက္ခိုက္ခံရမယ္ဆိုရင္ လက္တုံ႔ျပန္ တိုက္ ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ျပဳလုပ္ခဲ့တဲ့တိုက္ခိုက္မႈ ေတြက အစပဲ ရွိေသးတယ္။ မၿပီးဆုံးေသးဘူး၊ တုံ႔ျပန္မႈေတြက အဆင့္မ်ားစြာရွိတယ္။ တခ်ိဳ႕တုံ႔ျပန္မႈေတြက သိသာ ထင္ရွားစြာျမင္ႏိုင္ေပမယ့္ တခ်ိဳ႕တုံ႔ျပန္မႈေတြကို မျမင္ ႏိုင္တာမ်ိဳးေတြလည္းရွိမွာပါ” လို႔ေျပာပါတယ္။
အေမရိကန္ဟာ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိလက္နက္ကိုင္အဖြဲ႕ေတြကို တိုက္ခိုက္မႈေတြ ပိုမိုလုပ္ ေဆာင္လာမယ္ဆိုရင္ အေျခအေနေတြက ပိုမိုရႈပ္ ေထြးလာႏိုင္ဖြယ္ရွိေနၿပီး စစ္ေဘာင္ပိုမိုက်ယ္ျပန႔္ လာမယ့္အလားလာေတြရွိေနပါတယ္။ ဆီးရီးယား၊ အီရတ္နဲ႔ ယီမင္ႏိုင္ငံတို႔ကို မၾကာေသးမီကတိုက္ခိုက္ ခဲ့တဲ့အေမရိကန္ရဲ႕လုပ္ရပ္က လက္နက္ကိုင္အဖြဲ႕ အစည္းေတြကို အင္အားေလ်ာ့နည္းေစဖို႔၊ လုပ္ႏိုင္ စြမ္းအားေလ်ာ့ေစဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ အဲဒီလုပ္ရပ္ ေတြက အေရွ႕အလယ္ပိုင္းေဒသအတြင္းမွာ မတည္ ၿငိမ္မႈ၊ စစ္မက္ျဖစ္ပြားမႈေတြ၊ ပိုမိုျဖစ္ပြားလာေအာင္ တြန္းအားေပးလိုက္သလိုမ်ိဳးျဖစ္ေစခဲ့တယ္လို႔ ဆိုရေတာ့မွာ ျဖစ္ပါတယ္။