ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံအီဖယ်မျှော်စင်ကို တည်ဆောက်ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား

 469

Pika (NP News) - ဖေဖော်ဝါရီ ၁၄
ပြီးခဲ့သည့်(၈)နှစ်တာကာလအတွင်း မီးခြစ်ဆံ ပေါင်း (၇)သိန်းကျော်ကို အသုံးပြုကာ (၂၃)ပေ ရှည် သော အီဖယ်မျှော်စင်ကို တည်ဆောက်ခဲ့သည့် ပြင်သစ်နိုင်ငံသားတစ်ဦး၏ ကြိုးပမ်းမှုကို ဂင်းနစ် မှတ်တမ်းအဖွဲ့က အစောပိုင်းတွင် ငြင်းဆန်ပယ်ချ ခဲ့သော်လည်း နောက်ပိုင်းတွင် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်သည်ဟု ပြန်လည်အသိအမှတ်ပြုပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြင်သစ်နိုင်ငံသားသည် စီးပွားရေး ဈေးကွက်ထဲတွင်ရရှိနိုင်သော မီးခြစ်ဆံများကို အသုံးပြုကာ အီဖယ်မျှော်စင်ကိုတည်ဆောက်ခဲ့ခြင်းမျိုး မဟုတ်ခြင်းကြောင့် ပယ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့က အစောပိုင်းတွင် ပြောကြား ခဲ့သည်။ အသက်(၄၇)နှစ်အရွယ် ရစ်ချာ့ဒ်ပလော့ဒ် သည် ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံအီဖယ်မျှော်စင်ကို တည်ဆောက်ကာ ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ၎င်း၏နာမည်ပါရှိရန်အတွက် အကောင်းဆုံးကြိုးစားခဲ့ သော်လည်း ငြင်းပယ်ခံရပြီးနောက် အငြင်းပွားမှုများရှိခဲ့ကြောင်းလည်းသိရသည်။ ရစ်ချာ့ဒ်ပလော့ဒ်သည် မီးခြစ်ဆံပေါင်း(၇၀၆၉၀ဝ)ဖြင့် (၂၃)ပေရှည်သော အီဖယ်မျှော်စင်ကို တည်ဆောက်ရန် ပြီးခဲ့သည့်(၈)နှစ်တာကာလအတွင်း နာရီပေါင်း(၄၂၀ဝ)နီးပါး အလုပ် လုပ်ခဲ့ရကြောင်းလည်းသိရသည်။

ရစ်ချာ့ဒ်ပလော့ဒ်က “ဒါဟာ တကယ်ကို စိတ် ပျက်စရာကောင်းပြီး မျှတမှုမရှိဘူးလို့ကျွန်တော် ထင် ပါတယ်။ ကျွန်တော့်ရဲ့ မီးခြစ်ဆံ အီဖယ်မျှော်စင်က (၇ ဒသမ ၉)မီတာမြင့်ပြီး ဒီအချိန်အထိ ဆက်ရှိ နေပါသေးတယ်”ဟု ပြောဆိုခဲ့သည်။ ရစ်ချာ့ဒ် ပလော့ဒ်၏ မီးခြစ်ဆံအီဖယ်မျှော်စင်သည် လက်ရှိ အချိန်တွင် ဂင်းနစ်စံချိန်ချိုးဖျက်ထားသော ၂၀ဝ၉ ခုနှစ်တွင် လက်ဘနွန်နိုင်ငံသား တော့ဖစ်ဒါဟာ တည် ဆောက်ထားသည့် (၆ ဒသမ ၅၃)မီတာမြင့်သော မီးခြစ်ဆံအီဖယ်မျှော်စင်ထက် ပိုရှည်ကြောင်းလည်း သိရသည်။ သို့သော်လည်း ရစ်ချာ့ဒ်ပလော့ဒ် အသုံးပြုထားသော မီးခြစ်ဆံများသည် မီးလောင် လွယ်သောထိပ်ဖူးများမပါသည့် မီးခြစ်ဆံများဖြစ် နေခြင်းကြောင့် ဂင်းနစ်မှတ်တမ်းအဖွဲ့က ပယ်ချခဲ့ ခြင်းဖြစ်ကြောင်းလည်းသိရသည်။ နောက်ပိုင်းတွင် ဂင်းနစ်မှတ်တမ်းအဖွဲ့သည် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ရစ်ချာ့ဒ်ပလော့ဒ်အား ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံအီဖယ်မျှော်စင်ကို တည် ဆောက်ခြင်းအတွက် ဂင်းနစ်လက်မှတ်ကို ပေးအပ်ခဲ့ကြောင်းသိရသည်။ ဂင်းနစ်မှတ်တမ်းအဖွဲ့ ဒါရိုက်တာ Mark McKinley က “ရစ်ချာ့ဒ်ပလော့ဒ်အတွက် အောင်မြင်မှုအခမ်းအနားတွေရှိသင့်တဲ့ အချိန်မှာ ဒီလိုမျိုးတွေဖြစ်အောင် လုပ်ဆောင်ခဲ့မိတဲ့အတွက် ကျွန်တော်တို့အဖွဲ့အစည်းက တကယ်ကို နောင်တရ မိပါတယ်။ ဒီလိုအမှားမျိုးကို လုပ်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်”ဟုပြောဆိုခဲ့သည်။

zawgyi version
ကမာၻ႔အျမင့္ဆုံး မီးျခစ္ဆံအီဖယ္ေမွ်ာ္စင္ကို တည္ေဆာက္ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ ျပင္သစ္ႏိုင္ငံသား
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
ၿပီးခဲ့သည့္(၈)ႏွစ္တာကာလအတြင္း မီးျခစ္ဆံ ေပါင္း (၇)သိန္းေက်ာ္ကို အသုံးျပဳကာ (၂၃)ေပ ရွည္ ေသာ အီဖယ္ေမွ်ာ္စင္ကို တည္ေဆာက္ခဲ့သည့္ ျပင္သစ္ႏိုင္ငံသားတစ္ဦး၏ ႀကိဳးပမ္းမႈကို ဂင္းနစ္ မွတ္တမ္းအဖြဲ႕က အေစာပိုင္းတြင္ ျငင္းဆန္ပယ္ခ် ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္သည္ဟု ျပန္လည္အသိအမွတ္ျပဳေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါျပင္သစ္ႏိုင္ငံသားသည္ စီးပြားေရး ေဈးကြက္ထဲတြင္ရရွိႏိုင္ေသာ မီးျခစ္ဆံမ်ားကို အသုံးျပဳကာ အီဖယ္ေမွ်ာ္စင္ကိုတည္ေဆာက္ခဲ့ျခင္းမ်ိဳး မဟုတ္ျခင္းေၾကာင့္ ပယ္ခ်ခံခဲ့ရျခင္းျဖစ္ေၾကာင္း ဂင္းနစ္မွတ္တမ္းအဖြဲ႕က အေစာပိုင္းတြင္ ေျပာၾကား ခဲ့သည္။ အသက္(၄၇)ႏွစ္အ႐ြယ္ ရစ္ခ်ာ့ဒ္ပေလာ့ဒ္ သည္ ကမာၻ႔အျမင့္ဆုံး မီးျခစ္ဆံအီဖယ္ေမွ်ာ္စင္ကို တည္ေဆာက္ကာ ဂင္းနစ္မွတ္တမ္းစာအုပ္တြင္ ၎၏နာမည္ပါရွိရန္အတြက္ အေကာင္းဆုံးႀကိဳးစားခဲ့ ေသာ္လည္း ျငင္းပယ္ခံရၿပီးေနာက္ အျငင္းပြားမႈမ်ားရွိခဲ့ေၾကာင္းလည္းသိရသည္။ ရစ္ခ်ာ့ဒ္ပေလာ့ဒ္သည္ မီးျခစ္ဆံေပါင္း(၇၀၆၉၀ဝ)ျဖင့္ (၂၃)ေပရွည္ေသာ အီဖယ္ေမွ်ာ္စင္ကို တည္ေဆာက္ရန္ ၿပီးခဲ့သည့္(၈)ႏွစ္တာကာလအတြင္း နာရီေပါင္း(၄၂၀ဝ)နီးပါး အလုပ္ လုပ္ခဲ့ရေၾကာင္းလည္းသိရသည္။

ရစ္ခ်ာ့ဒ္ပေလာ့ဒ္က “ဒါဟာ တကယ္ကို စိတ္ ပ်က္စရာေကာင္းၿပီး မွ်တမႈမရွိဘူးလို႔ကြၽန္ေတာ္ ထင္ ပါတယ္။ ကြၽန္ေတာ့္ရဲ႕ မီးျခစ္ဆံ အီဖယ္ေမွ်ာ္စင္က (၇ ဒသမ ၉)မီတာျမင့္ၿပီး ဒီအခ်ိန္အထိ ဆက္ရွိ ေနပါေသးတယ္”ဟု ေျပာဆိုခဲ့သည္။ ရစ္ခ်ာ့ဒ္ ပေလာ့ဒ္၏ မီးျခစ္ဆံအီဖယ္ေမွ်ာ္စင္သည္ လက္ရွိ အခ်ိန္တြင္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ထားေသာ ၂၀ဝ၉ ခုႏွစ္တြင္ လက္ဘႏြန္ႏိုင္ငံသား ေတာ့ဖစ္ဒါဟာ တည္ ေဆာက္ထားသည့္ (၆ ဒသမ ၅၃)မီတာျမင့္ေသာ မီးျခစ္ဆံအီဖယ္ေမွ်ာ္စင္ထက္ ပိုရွည္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ရစ္ခ်ာ့ဒ္ပေလာ့ဒ္ အသုံးျပဳထားေသာ မီးျခစ္ဆံမ်ားသည္ မီးေလာင္ လြယ္ေသာထိပ္ဖူးမ်ားမပါသည့္ မီးျခစ္ဆံမ်ားျဖစ္ ေနျခင္းေၾကာင့္ ဂင္းနစ္မွတ္တမ္းအဖြဲ႕က ပယ္ခ်ခဲ့ ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ ေနာက္ပိုင္းတြင္ ဂင္းနစ္မွတ္တမ္းအဖြဲ႕သည္ ၎တို႔၏ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ၿပီး ရစ္ခ်ာ့ဒ္ပေလာ့ဒ္အား ကမာၻ႔အျမင့္ဆုံး မီးျခစ္ဆံအီဖယ္ေမွ်ာ္စင္ကို တည္ ေဆာက္ျခင္းအတြက္ ဂင္းနစ္လက္မွတ္ကို ေပးအပ္ခဲ့ေၾကာင္းသိရသည္။ ဂင္းနစ္မွတ္တမ္းအဖြဲ႕ ဒါ႐ိုက္တာ Mark McKinley က “ရစ္ခ်ာ့ဒ္ပေလာ့ဒ္အတြက္ ေအာင္ျမင္မႈအခမ္းအနားေတြရွိသင့္တဲ့ အခ်ိန္မွာ ဒီလိုမ်ိဳးေတြျဖစ္ေအာင္ လုပ္ေဆာင္ခဲ့မိတဲ့အတြက္ ကြၽန္ေတာ္တို႔အဖြဲ႕အစည္းက တကယ္ကို ေနာင္တရ မိပါတယ္။ ဒီလိုအမွားမ်ိဳးကို လုပ္မိတဲ့အတြက္လည္း ေတာင္းပန္ပါတယ္”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.