အမေရိကန်ဒရမ်မာဇာတ်လမ်းတွဲ “The White Lotus” season 3 မှာ မြင်တွေ့ရတော့မယ့် လီဆာ

 407

Pika (NP News) - ဖေဖော်ဝါရီ ၁၄
တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး KPop အဖွဲ့ BlackPink အဖွဲ့ဝင် လီဆာသည် လူသိများသော ဒရမ်မာဇာတ်လမ်းတွဲ “The White Lotus” season 3 တွင် ပွဲဦးထွက်ပါဝင်လာတော့ မည်ဖြစ်ကြောင်း အမေရိကန် ဖျော်ဖြေရေးမဂ္ဂဇင်း Variety က ဖေဖော်ဝါရီလ(၁၂)ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

လီဆာသည် “The Walking Dead ၊ Daryl Dixon Season 2” ကဲ့သို့သော ဇာတ်လမ်းတွဲများတွင် ပါဝင်လာနိုင်ခြေရှိကြောင်း အစောပိုင်းတွင် ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း “The White Lotus” season 3 ဒရမ်မာဇာတ်လမ်းတွဲတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ယခုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ BlackPink အဖွဲ့ဝင် ဂျင်းနီသည် အမေရိကန် ဒရမ်မာဇာတ်လမ်းတွဲ The Idol ဖြင့် ဟောလိဝုဒ်သို့ စတင်ခြေချခဲ့ပြီးနောက် လီဆာက ဟောလိဝုဒ်သို့ ယခုကဲ့သို့ထပ်မံခြေချခဲ့ခြင်းဖြစ်သည်။

ဂျင်းနီ၏ အတွေ့အကြုံများသည် The Idol ဒရမ်မာဇာတ်လမ်းတွဲ၏ သဘောသဘာဝများကြောင့် အငြင်းပွားမှုများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း လီဆာက ၎င်း၏အခန်းကဏ္ဍအသစ်နှင့်ပတ်သက်ပြီး မည်ကဲ့သို့လုပ်ဆောင်မည်ကို ပရိသတ်များက စိတ်အား ထက်သန်စွာမျှော်လင့်နေကြောင်းလည်း သိရသည်။ “The White Lotus” ဇာတ်လမ်းတွဲသည် ဇိမ်ခံ White Lotus Resort Hotel ၏ နောက်ခံဖြစ်ရပ် များကို ရောယှက်ထားသော ဇာတ်လမ်းများဖြင့် လူသိများကျော်ကြားကြောင်းသိရသည်။ “The White Lotus” ဇာတ်လမ်းတွဲသည် ချီးကျူးမှု အများအပြားကိုလည်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြုလုပ်သော (၇၄)ကြိမ်မြောက် Emmy Awards တွင် ဆု(၁၀)ဆုကို ရရှိခဲ့ကြောင်းလည်းသိရသည်။

ထင်ရှားသည့်အချက်တစ်ချက်မှာ “The White Lotus” season 3 ကို လီဆာ၏မွေးရပ်မြေဖြစ်သည့် ထိုင်းနိုင်ငံတွင် ရိုက်ကူးမည်ဖြစ်ကြောင်းလည်း သိရ သည်။ လီဆာသည် ဟောလိဝုဒ်တွင် ပွဲဦးထွက် သရုပ်ဆောင်မည့်အပြင် ၎င်း၏ကိုယ်ပိုင်ဖျော်ဖြေ ရေးကုမ္ပဏီ LIoud ကို မကြာသေးမီက တည်ထောင်ခဲ့ ကြောင်းလည်းသိရသည်။

zawgyi version
အေမရိကန္ဒရမ္မာဇာတ္လမ္းတြဲ “The White Lotus” season 3 မွာ ျမင္ေတြ႕ရေတာ့မယ့္ လီဆာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
ေတာင္ကိုရီးယား နာမည္ေက်ာ္ အမ်ိဳးသမီး KPop အဖြဲ႕ BlackPink အဖြဲ႕ဝင္ လီဆာသည္ လူသိမ်ားေသာ ဒရမ္မာဇာတ္လမ္းတြဲ “The White Lotus” season 3 တြင္ ပြဲဦးထြက္ပါဝင္လာေတာ့ မည္ျဖစ္ေၾကာင္း အေမရိကန္ ေဖ်ာ္ေျဖေရးမဂၢဇင္း Variety က ေဖေဖာ္ဝါရီလ(၁၂)ရက္တြင္ ေရးသား ေဖာ္ျပခဲ့သည္။

လီဆာသည္ “The Walking Dead ၊ Daryl Dixon Season 2” ကဲ့သို႔ေသာ ဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္လာႏိုင္ေျခရွိေၾကာင္း အေစာပိုင္းတြင္ ေကာလာဟလမ်ားထြက္ေပၚခဲ့ေသာ္လည္း “The White Lotus” season 3 ဒရမ္မာဇာတ္လမ္းတြဲတြင္ ပါဝင္လာေတာ့မည္ျဖစ္ေၾကာင္း ေနာက္ပိုင္းတြင္ ယခုကဲ့သို႔ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ BlackPink အဖြဲ႕ဝင္ ဂ်င္းနီသည္ အေမရိကန္ ဒရမ္မာဇာတ္လမ္းတြဲ The Idol ျဖင့္ ေဟာလိဝုဒ္သို႔ စတင္ေျခခ်ခဲ့ၿပီးေနာက္ လီဆာက ေဟာလိဝုဒ္သို႔ ယခုကဲ့သို႔ထပ္မံေျခခ်ခဲ့ျခင္းျဖစ္သည္။

ဂ်င္းနီ၏ အေတြ႕အႀကဳံမ်ားသည္ The Idol ဒရမ္မာဇာတ္လမ္းတြဲ၏ သေဘာသဘာဝမ်ားေၾကာင့္ အျငင္းပြားမႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရေသာ္လည္း လီဆာက ၎၏အခန္းက႑အသစ္ႏွင့္ပတ္သက္ၿပီး မည္ကဲ့သို႔လုပ္ေဆာင္မည္ကို ပရိသတ္မ်ားက စိတ္အား ထက္သန္စြာေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။ “The White Lotus” ဇာတ္လမ္းတြဲသည္ ဇိမ္ခံ White Lotus Resort Hotel ၏ ေနာက္ခံျဖစ္ရပ္ မ်ားကို ေရာယွက္ထားေသာ ဇာတ္လမ္းမ်ားျဖင့္ လူသိမ်ားေက်ာ္ၾကားေၾကာင္းသိရသည္။ “The White Lotus” ဇာတ္လမ္းတြဲသည္ ခ်ီးက်ဴးမႈ အမ်ားအျပားကိုလည္း ရရွိခဲ့ၿပီး ၂၀၂၂ ခုႏွစ္တြင္ ျပဳလုပ္ေသာ (၇၄)ႀကိမ္ေျမာက္ Emmy Awards တြင္ ဆု(၁၀)ဆုကို ရရွိခဲ့ေၾကာင္းလည္းသိရသည္။

ထင္ရွားသည့္အခ်က္တစ္ခ်က္မွာ “The White Lotus” season 3 ကို လီဆာ၏ေမြးရပ္ေျမျဖစ္သည့္ ထိုင္းႏိုင္ငံတြင္ ႐ိုက္ကူးမည္ျဖစ္ေၾကာင္းလည္း သိရ သည္။ လီဆာသည္ ေဟာလိဝုဒ္တြင္ ပြဲဦးထြက္ သ႐ုပ္ေဆာင္မည့္အျပင္ ၎၏ကိုယ္ပိုင္ေဖ်ာ္ေျဖ ေရးကုမၸဏီ LIoud ကို မၾကာေသးမီက တည္ေထာင္ခဲ့ ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.