တရုတ်ကိုယ်စားပြု မြန်မာပြည်တွင်းလက်နက်ကိုင်များကြောင့် ညီအစ်မ (၇) ဖော်အစား သောကပွေလာတဲ့ အိန္ဒိယ (ဘာသာပြန်ဆောင်းပါး)

19672

Htay Oung (NP News) - ဖေဖော်ဝါရီလ - ၁၅
အိမ်နီးချင်းနိုင်ငံရဲ့ နစက အုပ်ချုပ်ရေးကာလ ကြီးထွားလာနေတဲ့ လူမျိုးရေးမငြိမ်သက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ လက်နက်ကိုင် တွေဝင်ရောက်မှုကို ဟန့်တားဖို့အတွက် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် ၁၀၂၀ မိုင်တစ်လျှောက်လုံး စည်းရိုးခတ်ဖို့ကို အိန္ဒိယက ရည်မှန်းထားတယ်လို့ အိုင်းရစ်ရှ်တိုင်းမ်မီဒီယာက ဖေဖော်ဝါရီလ ၁ ရက်က ရေးသားပါတယ်။
အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေတဲ့ နယ်ခြား ၂၅၄၅ မိုင်တစ်လျှောက်လုံးနီးပါး စည်းရိုးကာရံပြီး ဖြစ်ကြောင်း အလားတူ မြန်မာနိုင်ငံနဲ့နယ်ခြားမှာလည်း ကာရံဖို့အတွက် နယ်စပ်လုံခြုံရေးကို ဆောင်ရွက်ဖို့ရှိကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပြောပါတယ်။
မြန်မာနဲ့ ခြောက်နှစ်ကြာ လွတ်လပ်စွာ သွားလာခွင့်သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ နှစ်ဖက်စလုံးရှိ မျိုးနွယ်ချင်းနီးစပ်သူတွေနဲ့ မိသားစု ဆက်သွယ်သွားလာမှုရှိနေတဲ့ နယ်စပ်နေထိုင်သူတွေ အကြား ဗီဇာမလိုဘဲ နယ်မြေအတွင်း ၁၀ မိုင်အထိ ရက်သတ္တနှစ်ပတ်ကြာ ခရီးသွားလာခွင့်ကိုလည်း ဖျက်သိမ်းသွားမှာဖြစ်ကြောင်း၊ အဲဒီအစီအစဉ်ကို မြန်မာနိုင်ငံကလွဲပြီး ကျန် အိန္ဒိယအရှေ့မြောက်ပိုင်း အာရူနာချယ်၊ ပရာဒက်ရှ်၊ နာဂလန်း၊ မဏိပူရ၊ မီဇို ရမ်ပြည်နယ် လေးခုလုံးက ကန့်ကွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပေမယ့် စည်းရိုးကာမယ့် အစီအစဉ်အသေးစိတ်ကို ရှင်းပြဖို့ ငြင်းဆိုပါတယ်။
အိန္ဒိယနဲ့တရုတ်တို့အကြား မိုင်ပေါင်း ၂၁၀ဝ ခန့်ကို မျှဝေပိုင်ဆိုင်ပါတယ်။ အဲဒီဒေသအားလုံးဟာ တစ်ချိန်က တိဗက်နိုင်ငံလို့ အများသိရှိထားကြတဲ့ အာရှအရှေ့ပိုင်း ကမ္ဘာ့အမြင့်ဆုံး တောင်တန်းဒေသ ကြီးဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုကင်းမဲ့ပြီး ဌာနေ တိုင်းရင်းသားနိုင်ငံရေး ပုံစံရှိတဲ့ တိဗက်ဟာ နိုင်ငံတစ် ခုလုံးအနေနဲ့ ကာကွယ်ရေးအင်အား အလွန်ချည့်နဲ့ပါ တယ်။ အဲဒါကြောင့် တိဗက်မျိုးနွယ်စု တစ်ခုခုဖြစ်စေ နယ်မြေအစိတ်အပိုင်း တချို့ဖြစ်စေ တရုတ်ပြည်မ ကြီးရဲ့ အုပ်ချုပ်မှုအောက်ကို မကြာခဏရောက်ရှိခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၁၉၅၀ ပြည့်နှစ် မဲ ခေါင်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဟာ ၁၈ ရက် မျှသာကြာမြင့်တဲ့စစ်ပွဲအပြီး တိဗက်ကွန်မြူနစ်တွေ အကူအညီနဲ့ ဒေသတစ်ခုလုံးကို သိမ်းယူခဲ့ပါတယ်။ အုပ်ချုပ်သူ ဒလိုင်းလားမားလည်း ထွက်ပြေးရပြီး ၁၉၅၁ ခုနှစ်မှာ ဒေသကြီးတစ်ခုလုံးဟာ တရုတ်ပြည် သူ့သမ္မတနိုင်ငံရဲ့ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သွားပါတယ်။
ကမ္ဘာကြီးတစ်ခုလုံး အရှေ့အနောက် စစ်အေး တိုက်ပွဲ အပြင်းထန်ဆုံးအချိန် ထွက်ပြေးသွားတဲ့ ဒလိုင်းလားမားကို အိန္ဒိယက ခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒီအတွက် အိန္ဒိယကို ခြေကုပ်ယူပြီး တိဗက်ဒေသအတွင်း မတည် မငြိမ်ဖြစ်အောင် လုပ်ဆောင်နေ တယ်လို့ ပေကျင်းက ယူဆပါတယ်။ အတိတ်ကာလ ဗြိတိသျှ အရှေ့ကုမ္ပဏီက အိန္ဒိယမှာစိုက်ပျိုးတဲ့ ဘိန်း တွေကို တရုတ်ပြည်တွင်း တင်သွင်းခြင်းဖြင့် သူတို့လူ မျိုးကို လူညွန့်တုံးစေခဲ့တာ ကိုလည်း မမေ့နိုင်ဘဲ ရှိနေပါတယ်။
ယခင်တိဗက်အစိုးရနဲ့ ဗြိတိသျှအိန္ဒိယအစိုးရတို့ အကြားချုပ်ဆိုခဲ့သမျှ စာချုပ်အတော်များများကို “တိ ဗက်သည် ဘယ်တုန်းကမှ သီးခြားနိုင်ငံမဟုတ်”ဆိုတဲ့ မူဝါဒအရ ပေကျင်းက ငြင်းဆိုခဲ့ပါတယ်။ ဒီအတွက် အိမ်နီးချင်းအိန္ဒိယတို့အကြား နယ်စပ်တစ်လျှောက် နယ်မြေကြီး နှစ်ခုနဲ့ နယ်မြေငယ် အတော်များများမှာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် နှစ်နိုင်ငံ အငြင်းပွားစရာ ဖြစ်သွားရပါတယ်။ ၁၉၅၉ ခုနှစ် တိဗက်အုံကြွမှုနောက်ပိုင်း ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအကြား နယ်စပ်တိုက် ပွဲငယ်များ မကြာခဏ ဖြစ်ပွားလာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ကက်ရှ်မီးယားနယ်မြေ အစိတ်အပိုင်းတချို့အတွက် ပါကစ္စတန်-တရုတ်နဲ့ အိန္ဒိယတို့အကြား ပိုင်ဆိုင်ကြောင်းအငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ အိန္ဒိယတိုက်ငယ် ဗြိတိသျှကိုလိုနီလက် အောက်မှ လွတ်မြောက်တဲ့အခါ ကိုးကွယ်ရာဘာ သာဝင်အများစုနေထိုင်ရာအလိုက် ဟိန္ဒူ အိန္ဒိယနဲ့ မွတ်စလင် ပါကစ္စတန်လို့ ကွဲပြားသွားပါတယ်။ ပါကစ္စ တန်လို့ဆိုရာမှာ အနောက်ပါကစ္စတန် (ယခု ပါကစ္စ တန်)နဲ့ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ရယ် လို့ အလယ်မှာ မိုင် ၈၀ဝ ကျော် အိန္ဒိယ တစ်ခုလုံးခြား ပြီး ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ပထမ အကြိမ် ကက်ရှ်မီးယားစစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ၁၃ လကျော် စစ်ပွဲအတွင်း နှစ်ဖက်စစ်သား ၆၀ဝ၀ ကျော် သေဆုံးပြီးနောက် ကက်ရှ်မီးယားကို ပါကစ္စတန်နဲ့ အိန္ဒိယတို့က အသီးသီး ခွဲခြားထိန်းချုပ်လိုက်ကြပါ တယ်။ နှစ်ဖက်စစ်သားတွေ ရန်စောင်နေတဲ့ အမှန်တကယ်ထိန်းချုပ်မျဉ်း (LOC) ရဲ့ အရှေ့ဘက်ခြမ်း”အက်ဆိုင်ချင်း”မှာ တရုတ်စစ်တပ်ရှိနေပါတယ်။ ပါကစ္စ တန်က သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား မြောက်ပိုင်းရဲ့အရှေ့ဘက်ကို တရုတ်ထံ ပေးအပ်ထား တယ်လို့ အိန္ဒိယကပြောပါတယ်။ အဲဒီနယ်မြေဟာ တရုတ်ရဲ့အနောက်ပိုင်း ရှင်းကျန့်ပြည်နယ်ရဲ့ အစိတ် အပိုင်းဖြစ်တယ်လို့ ပေကျင်းကပြောပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ကုန်းတွင်းပိတ် ပြည်နယ် ခုနစ်ခုကို “ညီအစ်မ ခုနစ်ဖော်” လို့ ခေါ်ဆိုပါတယ်။ မြန်မာနိုင်ငံက ချင်းပြည်နယ် နဲ့ထိစပ်နေတဲ့ အိန္ဒိယရဲ့ အာရူနာချယ်ပြည်နယ်ဆိုတဲ့အမည်ကို တရုတ်က အသိအမှတ်မပြုပါဘူး၊ ဗြိတိသျှအိန္ဒိယအစိုးရလက်ထက် တိဗက်နဲ့ သဘော တူညီ ခဲ့တဲ့ “မက်မဟွန် နယ်ခြားမျဉ်း”ကိုလည်း တရုတ်က ငြင်းပယ်ပါတယ်။ ကက်ရှ်မီးယားနဲ့ တိဗက်ဒေသတို့ရဲ့ လူနေထိုင်ခြင်းမရှိတဲ့ ကုန်းမြင့်ဒေသတစ်လျှောက် ရှင်ကျန်း-တိဗက်အဝေး ပြေးလမ်းမကြီးကို ဖြတ် ကျော်ပြီး စားကျက်မြေတွေဟာ တိဗက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရဲ့ တောင်ပိုင်းဖြစ်တယ်လို့ အခိုင်အမာ ဆိုပါတယ်။
၁၉၆၂ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ တရုတ် ခေါင်းဆောင် မော်စီတုန်းလက်ထက် နယ်စပ်ပိုင်နက် အငြင်းပွားရာမှ တရုတ်နဲ့အိန္ဒိယတို့အကြား အတိအ လင်း လက်နက်ကိုင် စစ်ခင်းကြပါတယ်။ နီပေါနိုင်ငံ အနောက်ပိုင်း အက်ဆိုင်ချင်းနဲ့ ဘူတန်နိုင်ငံအရှေ့ ဘက်မှာ နှစ်ဖက်တပ်တွေ ပြင်းထန်စွာထိပ်တိုက် တွေ့ကြပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မက်မဟွန်မျဉ်းကို တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်များ ဖြတ်ကျော်လာခဲ့ပါတယ်။ နျူက လီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြား အမြင့်ပေ တစ်သောင်းကျော်ရှိတဲ့ ရေခဲဖုံးတောင်တန်း တွေပေါ်မှာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပါတယ်။
တစ်လနဲ့တစ်ရက်ကြာ စစ်ပွဲအတွင်း အိန္ဒိယ ဘက်က အကျအဆုံးများရခြင်းမှာ ရန်သူတို့ရဲ့ တပ်တည် တပ်လှုပ်နဲ့ပတ်သက်ပြီး ထောက်လှမ်းရေး သတင်း လုံးဝနီးပါးမရရှိခြင်းကြောင့်ဖြစ်တယ်လို့ ဆို ပါတယ်။ အကြီးအကျယ်ဖြစ်ပွားတဲ့ စစ်မြေပြင် နှစ်နေရာလုံးမှာ တရုတ်တို့က အိန္ဒိယတပ်တွေကို မောင်းထုတ် နိုင်ခဲ့ပါတယ်။ အိန္ဒိယက သူတို့ပိုင်ဆိုင် တယ်ဆိုတဲ့ အက်ဆိုင်ချင်းကို တရုတ်တို့က သိမ်းယူ လိုက်ပါတယ်။ ရှန်းကျန့်-တိဗက် အဝေးပြေးလမ်းဆုံး]တာဝမ်း}မြို့အပါအဝင် အာရူနာချယ်ပရာဒက်ရှ် မြောက်ပိုင်းကို နယူးဒေလီက ဆက်လက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။
၁၉၆၉ ခုနှစ်မှာ တရုတ်ဟာ မြောက်ဘက်အိမ်နီးချင်း ဆိုဗီယက် ရုရှားနိုင်ငံနဲ့လည်း နယ်စပ်စစ်ပွဲဖြစ် ပွားခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂါလီလွတ်လပ်ရေး လှုပ်ရှားမှုနဲ့အတူ တတိယအကြိမ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ ဖြစ်ပွားတဲ့အခါ နယူးဒေလီဘက်က ဆိုဗီယက် တို့က ကူညီပေးခဲ့ပြီး အစ္စလာမ်မာဘတ်မှာ တရုတ်-အမေရိကန်တို့က ကူညီခဲ့ပါတယ်။ ရုရှားတို့ဟာ အိန္ဒိယအတွက် အကြီးဆုံး ခေတ်မီစစ်လက်နက်ရရှိရာ ရင်းမြစ်ကြီးဖြစ်ပါတယ်။
ပိုင်ဆိုင်မှု အငြင်းပွား အာရူနာချယ်ပရာဒက်ရှ် ပြည်နယ်အရောက် တရုတ်တို့ဘက်ကထောက်ပံ့ ပို့ဆောင် ရေးခက်ခဲပေမယ့် မြန်မာနိုင်ငံ ကချင်ပြည် နယ်မှတစ်ဆင့် အလွယ်တကူ သွားရောက်နိုင်ပါ တယ်။ အလားတူ ညီအစ်မ ခုနစ်ဖော်ကို အိန္ဒိယအ တွက် “မြန်မာနိုင်ငံ ကုလားတန်စီမံကိန်း” (ကိုးလ် ကတ္တား-စစ်တွေ ရေလမ်းကြောင်း)မှတစ်ဆင့် ပို့ဆောင်နိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်း လုံခြုံရေး မတည်ငြိမ်မှုတွေ နဲ့ ကုလားတန်စီမံကိန်းလမ်းဆုံ ပလက်ဝမြို့ကို တရုတ်ကိုယ်စားပြု ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သိမ်းယူနိုင်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ချင်းပြည် နယ် ရခိုင်မြောက်ပိုင်းတို့ကိုလည်း တဖြည်းဖြည်း ထိန်းချုပ်လာပါတယ်။ တရုတ်ကိုယ်စားပြုသူတွေ ဖြစ်ကြတဲ့ နာဂ-ကချင်-ချင်း-ရခိုင်လက်နက်ကိုင် တွေဟာ မြန်မာနိုင်ငံအတွင်းမှနေပြီး အိန္ဒိယကို ဝိုင်း ပတ်ထားသလို ဖြစ်လာပါတယ်။
မြန်မာနိုင်ငံနဲ့ မိုင် ၁၃၀ ကျော်ထိစပ်နေတဲ့ နာဂလန်း ပြည်နယ်ကလည်း နယူးဒေလီဗဟိုအစိုးရရဲ့ သူတို့စိတ်နဲ့ သူတို့နယ်ခြားစည်းရိုးကာရံခြင်းကို သဘောမတူနိုင်ဘူးလို့ ဆိုနေပါတယ်။ နှစ်ဖက်စလုံး မှာ ထောင်နဲ့ချီတဲ့ နာဂမျိုးနွယ်တွေ ပျံ့နှံ့နေထိုင်ကြပြီး ခွဲခြားလို့မရနိုင်ကြောင်း၊ ဒီဘက်ရွာမှာနေထိုင် သူတွေရဲ့ လယ်ယာတွေဟာ တစ်ဖက်နိုင်ငံအတွင်းမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ မိုင် ၃၂၀ ကျော်ထိစပ်နေတဲ့ မီဇို ရမ်ပြည်နယ်ကလည်း နယူးဒေလီရဲ့အစီအစဉ်ဟာ သူတို့ရဲ့ မီဇို(ကုန်းမြင့်)ပြည်သူတွေလွတ်လပ်စွာ သွားလာမှုနဲ့ မြန်မာနိုင်ငံ ချင်းမျိုးနွယ်စုအချင်းချင်း တို့အကြား ကူးလူးဆက်ဆံရေးကို အတားအဆီးပြုရာ ရောက်တဲ့အတွက် သူတို့ပြည်နယ်အစိုးရနဲ့ ပြည်နယ် အဖွဲ့အစည်း အသီးသီးတို့က ဆန့်ကျင်ကန့်ကွက် တယ်လို့ ဆိုပါတယ်။
ဗြိတိသျှတို့ဟာ မြန်မာနဲ့အိန္ဒိယဆိုပြီး ပိုင်းခြားခြင်းဖြင့် မီဇိုလူမျိုးကို ခွဲထုတ်ခဲ့ပြီးဖြစ်ကြောင်း ယခု တစ်ဖန် မတရားသဖြင့် နယ်စပ်စည်းရိုးကာခြင်းဟာ “လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်သဘောတူလညီချက်” FMA ကို သွေဖည်ရာရောက်တဲ့အတွက် လက်မခံနိုင်တော့ကြောင်း ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ဗဗ တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် မကြာသေးမီလတွေအတွင်း မီဇိုရမ်ပြည်နယ် သို့ ချင်းဒုက္ခသည် လေးသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ မီဇိုရမ်ပြည်နယ်အ တွင်း ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ ဗိုလ်မှူးကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် မြန်မာတပ်မတော်မှ အရာရှိ စစ်သည် ၆၃၅ ဦး ပါဝင်နေကြောင်း၊ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သူ ၄၀ဝ ခန့်ရှိတယ်လို့ ဒေလီတာဝန်ရှိသူတွေက ဆိုပါတယ်။
လုံခြုံရေးနှင့် သံတမန်သတင်းရင်းမြစ်များ အဆိုအရ အိန္ဒိယအနေနဲ့ မြန်မာအပေါ် နယ်ခြား စည်းရိုးကိစ္စနဲ့ပတ်သက်ပြီး အလျင်စလိုလုပ်ဆောင်မယ်ဆိုရင် နှစ်ဖက်ကြား သံတမန်ရေး တင်းမာမှုတွေ ကို ပိုမိုဆိုးရွားလာစေနိုင်ပြီး အိန္ဒိယရဲ့ ကာလရှည်ရပ် တည်နေတဲ့ “အရှေ့မျှော်” မူဝါဒကို ဆိုးရွားစွာ ထိခိုက် နိုင်တယ်လို့ အကြံပေးတိုက်တွန်းခဲ့ခြင်းမရှိကြောင်း၊ အိန္ဒိယရဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အားလုံးတို့အကြား စီးပွားရေး၊ မဟာဗျူဟာနဲ့ နိုင်ငံ ရေးဆက်ဆံမှု တိုးချဲ့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းရပ်တည်မှုကို မြှင့်တင်ဖို့နဲ့ အဆိုပါဒေသ အတွင်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို မှေးမှိန်စေရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီအချက်ကို အဆုံးသတ်ဖို့အတွက်ဆိုရင် အိန္ဒိယဟာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း အာဏာသိမ်းပြီးနောက် မြန်မာ နစက အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ် ဝေးလံ ခေါင်ဖျား အရှေ့မြောက်ပိုင်းပြည်နယ်တွေအတွင်း ဒုက္ခသည်တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာခြင်းဟာ နယူးဒေလီအတွက် အချက်ပေးခေါင်းလောင်းသံတွေ ကို ကြားလိုက်ရသလိုပါပဲ။
အိန္ဒိယရဲ့ နယ်စပ်ပြည်နယ်တွေအတွင်း ဒုက္ခသည်တွေနဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံစဉ် နယူးဒေလီ နိုင်ငံ ခြားရေးဝန်ကြီးက ပြောပြခဲ့ကြောင်း၊ အဲဒီလှုပ်ရှားမှု အားလုံးကို တားဆီးပေးဖို့ အိမ်နီးချင်းနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
တောင်တန်း၊ လျှိုမြောင်တွေနဲ့ တောတောင်တွေ ကို ရှုပ်ယှက်ခတ်အောင်ဖြတ်ကျော်ပြီး ကြမ်းတမ်းတဲ့ မြန်မာနယ်စပ်အပိုင်းငယ်တွေကိုပင် စည်းရိုးကာရံဖို့ အလုပ်ဟာ ထောက်ပံ့ပို့ဆောင်ရေးအတွက် လက် တွေ့မကျဘူးလို့ ဒေသအတွင်း တာဝန်ထမ်းဆောင် နေသူ အိန္ဒိယ စစ်တပ် အရာရှိတွေက ပြောကြပါတယ်။ ကုန်ကျစရိတ်ကြီးလေးလှတဲ့ တံတိုင်းစည်းရိုးကို စိုက်ထူဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ် ကြောင်း၊ ကာရံပြီးစီးခဲ့ရင်လည်း မြေမျက်နှာသွင်ပြင်အရ တံတိုင်းစည်းရိုးဟာ စိမ့်ဝင်သူတွေကို တားဆီး နိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။
အိန္ဒိယဟာ စီးပွားရေးဒုက္ခသည်တွေ ဝင်ရောက်လာမှုကို စစ်ဆေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ၂၅၄၅ မိုင်အနက် ၁၉၇၅ မိုင်ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးမှောင်ခိုနဲ့ လက်နက်ကိုင် စစ်သွေးကြွ တွေရဲ့ ကျူးကျော် ဝင်ရောက်မှုကို တားဆီးဖို့အတွက် ပါကစ္စတန်နဲ့ နယ်နိမိတ် ၂၀၆၄ မိုင်အနက် ၁၂၈၂ မိုင်ကိလည်းကောင်း တံတိုင်း စည်းရိုးကာရံခဲ့ပြီး ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအတိုင်းအတာဟာ အနည်းငယ်မျှ သာအောင်မြင်ကြောင်း သက်သေပြသလို ရှိနေပါ တယ်။

Zawgyi Version;
တ႐ုတ္ကိုယ္စားျပဳ ျမန္မာျပည္တြင္းလက္နက္ကိုင္မ်ားေၾကာင့္ ညီအစ္မ (၇) ေဖာ္အစား ေသာကေပြလာတဲ့ အိႏၵိယ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေဖေဖာ္ဝါရီလ - ၁၅
အိမ္နီးခ်င္းႏိုင္ငံရဲ႕ နစက အုပ္ခ်ဳပ္ေရးကာလ ႀကီးထြားလာေနတဲ့ လူမ်ိဳးေရးမၿငိမ္သက္မႈေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြနဲ႔ လက္နက္ကိုင္ ေတြဝင္ေရာက္မႈကို ဟန႔္တားဖို႔အတြက္ ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ ၁၀၂၀ မိုင္တစ္ေလွ်ာက္လုံး စည္း႐ိုးခတ္ဖို႔ကို အိႏၵိယက ရည္မွန္းထားတယ္လို႔ အိုင္းရစ္ရွ္တိုင္းမ္မီဒီယာက ေဖေဖာ္ဝါရီလ ၁ ရက္က ေရးသားပါတယ္။
အိႏၵိယဟာ ဘဂၤလားေဒ့ရွ္နဲ႔ထိစပ္ေနတဲ့ နယ္ျခား ၂၅၄၅ မိုင္တစ္ေလွ်ာက္လုံးနီးပါး စည္း႐ိုးကာရံၿပီး ျဖစ္ေၾကာင္း အလားတူ ျမန္မာႏိုင္ငံနဲ႔နယ္ျခားမွာလည္း ကာရံဖို႔အတြက္ နယ္စပ္လုံၿခဳံေရးကို ေဆာင္႐ြက္ဖို႔ရွိေၾကာင္း အိႏၵိယျပည္ထဲေရးဝန္ႀကီး အာမစ္ရွားက ေျပာပါတယ္။
ျမန္မာနဲ႔ ေျခာက္ႏွစ္ၾကာ လြတ္လပ္စြာ သြားလာခြင့္သေဘာတူညီခ်က္ကို ဖ်က္သိမ္းခဲ့ၿပီးျဖစ္ေၾကာင္း၊ ႏွစ္ဖက္စလုံးရွိ မ်ိဳးႏြယ္ခ်င္းနီးစပ္သူေတြနဲ႔ မိသားစု ဆက္သြယ္သြားလာမႈရွိေနတဲ့ နယ္စပ္ေနထိုင္သူေတြ အၾကား ဗီဇာမလိုဘဲ နယ္ေျမအတြင္း ၁၀ မိုင္အထိ ရက္သတၱႏွစ္ပတ္ၾကာ ခရီးသြားလာခြင့္ကိုလည္း ဖ်က္သိမ္းသြားမွာျဖစ္ေၾကာင္း၊ အဲဒီအစီအစဥ္ကို ျမန္မာႏိုင္ငံကလြဲၿပီး က်န္ အိႏၵိယအေရွ႕ေျမာက္ပိုင္း အာ႐ူနာခ်ယ္၊ ပရာဒက္ရွ္၊ နာဂလန္း၊ မဏိပူရ၊ မီဇို ရမ္ျပည္နယ္ ေလးခုလုံးက ကန႔္ကြက္ေနတယ္လို႔ ျပည္ထဲေရးဝန္ႀကီးကေျပာေပမယ့္ စည္း႐ိုးကာမယ့္ အစီအစဥ္အေသးစိတ္ကို ရွင္းျပဖို႔ ျငင္းဆိုပါတယ္။
အိႏၵိယနဲ႔တ႐ုတ္တို႔အၾကား မိုင္ေပါင္း ၂၁၀ဝ ခန႔္ကို မွ်ေဝပိုင္ဆိုင္ပါတယ္။ အဲဒီေဒသအားလုံးဟာ တစ္ခ်ိန္က တိဗက္ႏိုင္ငံလို႔ အမ်ားသိရွိထားၾကတဲ့ အာရွအေရွ႕ပိုင္း ကမာၻ႔အျမင့္ဆုံး ေတာင္တန္းေဒသ ႀကီးျဖစ္ပါတယ္။ ဗဟိုခ်ဳပ္ကိုင္မႈကင္းမဲ့ၿပီး ဌာေန တိုင္းရင္းသားႏိုင္ငံေရး ပုံစံရွိတဲ့ တိဗက္ဟာ ႏိုင္ငံတစ္ ခုလုံးအေနနဲ႔ ကာကြယ္ေရးအင္အား အလြန္ခ်ည့္နဲ႔ပါ တယ္။ အဲဒါေၾကာင့္ တိဗက္မ်ိဳးႏြယ္စု တစ္ခုခုျဖစ္ေစ နယ္ေျမအစိတ္အပိုင္း တခ်ိဳ႕ျဖစ္ေစ တ႐ုတ္ျပည္မ ႀကီးရဲ႕ အုပ္ခ်ဳပ္မႈေအာက္ကို မၾကာခဏေရာက္ရွိခဲ့ရပါတယ္။
ဒုတိယကမာၻစစ္ေနာက္ပိုင္း ၁၉၅၀ ျပည့္ႏွစ္ မဲ ေခါင္ျမစ္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္ဟာ ၁၈ ရက္ မွ်သာၾကာျမင့္တဲ့စစ္ပြဲအၿပီး တိဗက္ကြန္ျမဴနစ္ေတြ အကူအညီနဲ႔ ေဒသတစ္ခုလုံးကို သိမ္းယူခဲ့ပါတယ္။ အုပ္ခ်ဳပ္သူ ဒလိုင္းလားမားလည္း ထြက္ေျပးရၿပီး ၁၉၅၁ ခုႏွစ္မွာ ေဒသႀကီးတစ္ခုလုံးဟာ တ႐ုတ္ျပည္ သူ႔သမၼတႏိုင္ငံရဲ႕ တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသျဖစ္သြားပါတယ္။
ကမာၻႀကီးတစ္ခုလုံး အေရွ႕အေနာက္ စစ္ေအး တိုက္ပြဲ အျပင္းထန္ဆုံးအခ်ိန္ ထြက္ေျပးသြားတဲ့ ဒလိုင္းလားမားကို အိႏၵိယက ခိုလႈံခြင့္ေပးခဲ့ပါတယ္။ ဒီအတြက္ အိႏၵိယကို ေျခကုပ္ယူၿပီး တိဗက္ေဒသအတြင္း မတည္ မၿငိမ္ျဖစ္ေအာင္ လုပ္ေဆာင္ေန တယ္လို႔ ေပက်င္းက ယူဆပါတယ္။ အတိတ္ကာလ ၿဗိတိသွ် အေရွ႕ကုမၸဏီက အိႏၵိယမွာစိုက္ပ်ိဳးတဲ့ ဘိန္း ေတြကို တ႐ုတ္ျပည္တြင္း တင္သြင္းျခင္းျဖင့္ သူတို႔လူ မ်ိဳးကို လူၫြန႔္တုံးေစခဲ့တာ ကိုလည္း မေမ့ႏိုင္ဘဲ ရွိေနပါတယ္။
ယခင္တိဗက္အစိုးရနဲ႔ ၿဗိတိသွ်အိႏၵိယအစိုးရတို႔ အၾကားခ်ဳပ္ဆိုခဲ့သမွ် စာခ်ဳပ္အေတာ္မ်ားမ်ားကို “တိ ဗက္သည္ ဘယ္တုန္းကမွ သီးျခားႏိုင္ငံမဟုတ္”ဆိုတဲ့ မူဝါဒအရ ေပက်င္းက ျငင္းဆိုခဲ့ပါတယ္။ ဒီအတြက္ အိမ္နီးခ်င္းအိႏၵိယတို႔အၾကား နယ္စပ္တစ္ေလွ်ာက္ နယ္ေျမႀကီး ႏွစ္ခုနဲ႔ နယ္ေျမငယ္ အေတာ္မ်ားမ်ားမွာ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈအတြက္ ႏွစ္ႏိုင္ငံ အျငင္းပြားစရာ ျဖစ္သြားရပါတယ္။ ၁၉၅၉ ခုႏွစ္ တိဗက္အုံႂကြမႈေနာက္ပိုင္း ကမာၻ႔လူဦးေရအမ်ားဆုံး အိမ္နီးခ်င္းႏိုင္ငံႀကီး ႏွစ္ႏိုင္ငံအၾကား နယ္စပ္တိုက္ ပြဲငယ္မ်ား မၾကာခဏ ျဖစ္ပြားလာခဲ့ပါတယ္။
အိႏၵိယႏိုင္ငံေျမာက္ပိုင္း ကက္ရွ္မီးယားနယ္ေျမ အစိတ္အပိုင္းတခ်ိဳ႕အတြက္ ပါကစၥတန္-တ႐ုတ္နဲ႔ အိႏၵိယတို႔အၾကား ပိုင္ဆိုင္ေၾကာင္းအျငင္းပြားမႈေတြ ရွိခဲ့ပါတယ္။ အိႏၵိယတိုက္ငယ္ ၿဗိတိသွ်ကိုလိုနီလက္ ေအာက္မွ လြတ္ေျမာက္တဲ့အခါ ကိုးကြယ္ရာဘာ သာဝင္အမ်ားစုေနထိုင္ရာအလိုက္ ဟိႏၵဴ အိႏၵိယနဲ႔ မြတ္စလင္ ပါကစၥတန္လို႔ ကြဲျပားသြားပါတယ္။ ပါကစၥ တန္လို႔ဆိုရာမွာ အေနာက္ပါကစၥတန္ (ယခု ပါကစၥ တန္)နဲ႔ အေရွ႕ပါကစၥတန္ (ယခု ဘဂၤလားေဒ့ရွ္) ရယ္ လို႔ အလယ္မွာ မိုင္ ၈၀ဝ ေက်ာ္ အိႏၵိယ တစ္ခုလုံးျခား ၿပီး ဖြဲ႕စည္းထားျခင္းျဖစ္ပါတယ္။
၁၉၄၇ ခုႏွစ္ ကက္ရွ္မီးယားေဒသ ပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ ပါကစၥတန္တို႔အၾကား ပထမ အႀကိမ္ ကက္ရွ္မီးယားစစ္ပြဲ ျဖစ္ပြားခဲ့ပါတယ္။ ၁၃ လေက်ာ္ စစ္ပြဲအတြင္း ႏွစ္ဖက္စစ္သား ၆၀ဝ၀ ေက်ာ္ ေသဆုံးၿပီးေနာက္ ကက္ရွ္မီးယားကို ပါကစၥတန္နဲ႔ အိႏၵိယတို႔က အသီးသီး ခြဲျခားထိန္းခ်ဳပ္လိုက္ၾကပါ တယ္။ ႏွစ္ဖက္စစ္သားေတြ ရန္ေစာင္ေနတဲ့ အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္း (LOC) ရဲ႕ အေရွ႕ဘက္ျခမ္း”အက္ဆိုင္ခ်င္း”မွာ တ႐ုတ္စစ္တပ္ရွိေနပါတယ္။ ပါကစၥ တန္က သူတို႔ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယား ေျမာက္ပိုင္းရဲ႕အေရွ႕ဘက္ကို တ႐ုတ္ထံ ေပးအပ္ထား တယ္လို႔ အိႏၵိယကေျပာပါတယ္။ အဲဒီနယ္ေျမဟာ တ႐ုတ္ရဲ႕အေနာက္ပိုင္း ရွင္းက်န႔္ျပည္နယ္ရဲ႕ အစိတ္ အပိုင္းျဖစ္တယ္လို႔ ေပက်င္းကေျပာပါတယ္။
အိႏၵိယအေရွ႕ေျမာက္ပိုင္း ေဝးလံေခါင္ဖ်ား ကုန္းတြင္းပိတ္ ျပည္နယ္ ခုနစ္ခုကို “ညီအစ္မ ခုနစ္ေဖာ္” လို႔ ေခၚဆိုပါတယ္။ ျမန္မာႏိုင္ငံက ခ်င္းျပည္နယ္ နဲ႔ထိစပ္ေနတဲ့ အိႏၵိယရဲ႕ အာ႐ူနာခ်ယ္ျပည္နယ္ဆိုတဲ့အမည္ကို တ႐ုတ္က အသိအမွတ္မျပဳပါဘူး၊ ၿဗိတိသွ်အိႏၵိယအစိုးရလက္ထက္ တိဗက္နဲ႔ သေဘာ တူညီ ခဲ့တဲ့ “မက္မဟြန္ နယ္ျခားမ်ဥ္း”ကိုလည္း တ႐ုတ္က ျငင္းပယ္ပါတယ္။ ကက္ရွ္မီးယားနဲ႔ တိဗက္ေဒသတို႔ရဲ႕ လူေနထိုင္ျခင္းမရွိတဲ့ ကုန္းျမင့္ေဒသတစ္ေလွ်ာက္ ရွင္က်န္း-တိဗက္အေဝး ေျပးလမ္းမႀကီးကို ျဖတ္ ေက်ာ္ၿပီး စားက်က္ေျမေတြဟာ တိဗက္ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသရဲ႕ ေတာင္ပိုင္းျဖစ္တယ္လို႔ အခိုင္အမာ ဆိုပါတယ္။
၁၉၆၂ ခုႏွစ္ အိႏၵိယဝန္ႀကီးခ်ဳပ္ ေန႐ူးနဲ႔ တ႐ုတ္ ေခါင္းေဆာင္ ေမာ္စီတုန္းလက္ထက္ နယ္စပ္ပိုင္နက္ အျငင္းပြားရာမွ တ႐ုတ္နဲ႔အိႏၵိယတို႔အၾကား အတိအ လင္း လက္နက္ကိုင္ စစ္ခင္းၾကပါတယ္။ နီေပါႏိုင္ငံ အေနာက္ပိုင္း အက္ဆိုင္ခ်င္းနဲ႔ ဘူတန္ႏိုင္ငံအေရွ႕ ဘက္မွာ ႏွစ္ဖက္တပ္ေတြ ျပင္းထန္စြာထိပ္တိုက္ ေတြ႕ၾကပါတယ္။ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ မက္မဟြန္မ်ဥ္းကို တ႐ုတ္ျပည္သူ႔လြတ္ ေျမာက္ေရးတပ္မ်ား ျဖတ္ေက်ာ္လာခဲ့ပါတယ္။ န်ဴက လီးယားလက္နက္ပိုင္ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား အျမင့္ေပ တစ္ေသာင္းေက်ာ္ရွိတဲ့ ေရခဲဖုံးေတာင္တန္း ေတြေပၚမွာ အႀကိတ္အနယ္ တိုက္ခိုက္ခဲ့ၾကပါတယ္။
တစ္လနဲ႔တစ္ရက္ၾကာ စစ္ပြဲအတြင္း အိႏၵိယ ဘက္က အက်အဆုံးမ်ားရျခင္းမွာ ရန္သူတို႔ရဲ႕ တပ္တည္ တပ္လႈပ္နဲ႔ပတ္သက္ၿပီး ေထာက္လွမ္းေရး သတင္း လုံးဝနီးပါးမရရွိျခင္းေၾကာင့္ျဖစ္တယ္လို႔ ဆို ပါတယ္။ အႀကီးအက်ယ္ျဖစ္ပြားတဲ့ စစ္ေျမျပင္ ႏွစ္ေနရာလုံးမွာ တ႐ုတ္တို႔က အိႏၵိယတပ္ေတြကို ေမာင္းထုတ္ ႏိုင္ခဲ့ပါတယ္။ အိႏၵိယက သူတို႔ပိုင္ဆိုင္ တယ္ဆိုတဲ့ အက္ဆိုင္ခ်င္းကို တ႐ုတ္တို႔က သိမ္းယူ လိုက္ပါတယ္။ ရွန္းက်န႔္-တိဗက္ အေဝးေျပးလမ္းဆုံး]တာဝမ္း}ၿမိဳ႕အပါအဝင္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ ေျမာက္ပိုင္းကို နယူးေဒလီက ဆက္လက္ထိန္းခ်ဳပ္ ႏိုင္ခဲ့ပါတယ္။
၁၉၆၉ ခုႏွစ္မွာ တ႐ုတ္ဟာ ေျမာက္ဘက္အိမ္နီးခ်င္း ဆိုဗီယက္ ႐ုရွားႏိုင္ငံနဲ႔လည္း နယ္စပ္စစ္ပြဲျဖစ္ ပြားခဲ့ပါတယ္။ ၁၉၇၁ ခုႏွစ္ ဘဂၤါလီလြတ္လပ္ေရး လႈပ္ရွားမႈနဲ႔အတူ တတိယအႀကိမ္ အိႏၵိယ-ပါကစၥတန္ စစ္ပြဲ ျဖစ္ပြားတဲ့အခါ နယူးေဒလီဘက္က ဆိုဗီယက္ တို႔က ကူညီေပးခဲ့ၿပီး အစၥလာမ္မာဘတ္မွာ တ႐ုတ္-အေမရိကန္တို႔က ကူညီခဲ့ပါတယ္။ ႐ုရွားတို႔ဟာ အိႏၵိယအတြက္ အႀကီးဆုံး ေခတ္မီစစ္လက္နက္ရရွိရာ ရင္းျမစ္ႀကီးျဖစ္ပါတယ္။
ပိုင္ဆိုင္မႈ အျငင္းပြား အာ႐ူနာခ်ယ္ပရာဒက္ရွ္ ျပည္နယ္အေရာက္ တ႐ုတ္တို႔ဘက္ကေထာက္ပံ့ ပို႔ေဆာင္ ေရးခက္ခဲေပမယ့္ ျမန္မာႏိုင္ငံ ကခ်င္ျပည္ နယ္မွတစ္ဆင့္ အလြယ္တကူ သြားေရာက္ႏိုင္ပါ တယ္။ အလားတူ ညီအစ္မ ခုနစ္ေဖာ္ကို အိႏၵိယအ တြက္ “ျမန္မာႏိုင္ငံ ကုလားတန္စီမံကိန္း” (ကိုးလ္ ကတၱား-စစ္ေတြ ေရလမ္းေၾကာင္း)မွတစ္ဆင့္ ပို႔ေဆာင္ႏိုင္ပါတယ္။
ျမန္မာႏိုင္ငံအတြင္း လုံၿခဳံေရး မတည္ၿငိမ္မႈေတြ နဲ႔ ကုလားတန္စီမံကိန္းလမ္းဆုံ ပလက္ဝၿမိဳ႕ကို တ႐ုတ္ကိုယ္စားျပဳ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က သိမ္းယူႏိုင္လိုက္ပါတယ္။ တစ္ဆက္တည္းမွာပဲ အိႏၵိယ-ဘဂၤလားေဒ့ရွ္တို႔နဲ႔ ထိစပ္ေနတဲ့ ခ်င္းျပည္ နယ္ ရခိုင္ေျမာက္ပိုင္းတို႔ကိုလည္း တျဖည္းျဖည္း ထိန္းခ်ဳပ္လာပါတယ္။ တ႐ုတ္ကိုယ္စားျပဳသူေတြ ျဖစ္ၾကတဲ့ နာဂ-ကခ်င္-ခ်င္း-ရခိုင္လက္နက္ကိုင္ ေတြဟာ ျမန္မာႏိုင္ငံအတြင္းမွေနၿပီး အိႏၵိယကို ဝိုင္း ပတ္ထားသလို ျဖစ္လာပါတယ္။
ျမန္မာႏိုင္ငံနဲ႔ မိုင္ ၁၃၀ ေက်ာ္ထိစပ္ေနတဲ့ နာဂလန္း ျပည္နယ္ကလည္း နယူးေဒလီဗဟိုအစိုးရရဲ႕ သူတို႔စိတ္နဲ႔ သူတို႔နယ္ျခားစည္း႐ိုးကာရံျခင္းကို သေဘာမတူႏိုင္ဘူးလို႔ ဆိုေနပါတယ္။ ႏွစ္ဖက္စလုံး မွာ ေထာင္နဲ႔ခ်ီတဲ့ နာဂမ်ိဳးႏြယ္ေတြ ပ်ံ႕ႏွံ႔ေနထိုင္ၾကၿပီး ခြဲျခားလို႔မရႏိုင္ေၾကာင္း၊ ဒီဘက္႐ြာမွာေနထိုင္ သူေတြရဲ႕ လယ္ယာေတြဟာ တစ္ဖက္ႏိုင္ငံအတြင္းမွာ ေရာက္ရွိေနတယ္လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံနဲ႔ မိုင္ ၃၂၀ ေက်ာ္ထိစပ္ေနတဲ့ မီဇို ရမ္ျပည္နယ္ကလည္း နယူးေဒလီရဲ႕အစီအစဥ္ဟာ သူတို႔ရဲ႕ မီဇို(ကုန္းျမင့္)ျပည္သူေတြလြတ္လပ္စြာ သြားလာမႈနဲ႔ ျမန္မာႏိုင္ငံ ခ်င္းမ်ိဳးႏြယ္စုအခ်င္းခ်င္း တို႔အၾကား ကူးလူးဆက္ဆံေရးကို အတားအဆီးျပဳရာ ေရာက္တဲ့အတြက္ သူတို႔ျပည္နယ္အစိုးရနဲ႔ ျပည္နယ္ အဖြဲ႕အစည္း အသီးသီးတို႔က ဆန႔္က်င္ကန႔္ကြက္ တယ္လို႔ ဆိုပါတယ္။
ၿဗိတိသွ်တို႔ဟာ ျမန္မာနဲ႔အိႏၵိယဆိုၿပီး ပိုင္းျခားျခင္းျဖင့္ မီဇိုလူမ်ိဳးကို ခြဲထုတ္ခဲ့ၿပီးျဖစ္ေၾကာင္း ယခု တစ္ဖန္ မတရားသျဖင့္ နယ္စပ္စည္း႐ိုးကာျခင္းဟာ “လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္သေဘာတူလညီခ်က္” FMA ကို ေသြဖည္ရာေရာက္တဲ့အတြက္ လက္မခံႏိုင္ေတာ့ေၾကာင္း ေျပာပါတယ္။
ျမန္မာစစ္တပ္နဲ႔ ဗဗ တို႔အၾကား တိုက္ပြဲေတြ ျဖစ္ပြားၿပီးေနာက္ မၾကာေသးမီလေတြအတြင္း မီဇိုရမ္ျပည္နယ္ သို႔ ခ်င္းဒုကၡသည္ ေလးေသာင္းေက်ာ္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္လို႔ ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။ မီဇိုရမ္ျပည္နယ္အ တြင္း ထြက္ေျပးတိမ္းေရွာင္လာသူေတြထဲမွာ ဗိုလ္မႉးႀကီးအဆင့္ အရာရွိတစ္ဦးအပါအဝင္ ျမန္မာတပ္မေတာ္မွ အရာရွိ စစ္သည္ ၆၃၅ ဦး ပါဝင္ေနေၾကာင္း၊ လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ခဲ့သူ ၄၀ဝ ခန႔္ရွိတယ္လို႔ ေဒလီတာဝန္ရွိသူေတြက ဆိုပါတယ္။
လုံၿခဳံေရးႏွင့္ သံတမန္သတင္းရင္းျမစ္မ်ား အဆိုအရ အိႏၵိယအေနနဲ႔ ျမန္မာအေပၚ နယ္ျခား စည္း႐ိုးကိစၥနဲ႔ပတ္သက္ၿပီး အလ်င္စလိုလုပ္ေဆာင္မယ္ဆိုရင္ ႏွစ္ဖက္ၾကား သံတမန္ေရး တင္းမာမႈေတြ ကို ပိုမိုဆိုး႐ြားလာေစႏိုင္ၿပီး အိႏၵိယရဲ႕ ကာလရွည္ရပ္ တည္ေနတဲ့ “အေရွ႕ေမွ်ာ္” မူဝါဒကို ဆိုး႐ြားစြာ ထိခိုက္ ႏိုင္တယ္လို႔ အႀကံေပးတိုက္တြန္းခဲ့ျခင္းမရွိေၾကာင္း၊ အိႏၵိယရဲ႕ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံ အားလုံးတို႔အၾကား စီးပြားေရး၊ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံ ေရးဆက္ဆံမႈ တိုးခ်ဲ႕ရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း၊ ေဒသတြင္းရပ္တည္မႈကို ျမႇင့္တင္ဖို႔နဲ႔ အဆိုပါေဒသ အတြင္း တ႐ုတ္ရဲ႕ ဩဇာလႊမ္းမိုးမႈ ႀကီးထြားလာေနျခင္းကို ေမွးမွိန္ေစရန္ ရည္႐ြယ္ျခင္းျဖစ္တယ္လို႔ သုံးသပ္ၾကပါတယ္။
ဒီအခ်က္ကို အဆုံးသတ္ဖို႔အတြက္ဆိုရင္ အိႏၵိယဟာ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္း အာဏာသိမ္းၿပီးေနာက္ ျမန္မာ နစက အစိုးရနဲ႔ နီးကပ္တဲ့ဆက္ဆံေရး ထူေထာင္ခဲ့ပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္ ေဝးလံ ေခါင္ဖ်ား အေရွ႕ေျမာက္ပိုင္းျပည္နယ္ေတြအတြင္း ဒုကၡသည္ေတြ အလုံးအရင္းနဲ႔ လွိမ့္ဝင္လာျခင္းဟာ နယူးေဒလီအတြက္ အခ်က္ေပးေခါင္းေလာင္းသံေတြ ကို ၾကားလိုက္ရသလိုပါပဲ။
အိႏၵိယရဲ႕ နယ္စပ္ျပည္နယ္ေတြအတြင္း ဒုကၡသည္ေတြနဲ႔ တရားမဝင္မူးယစ္ေဆးဝါးေတြ ဝင္ေရာက္မႈေၾကာင့္ အလြန္အမင္း စိတ္အေႏွာင့္အယွက္ ျဖစ္ခဲ့ရတယ္လို႔ ၿပီးခဲ့တဲ့ ဇူလိုင္လ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီး ဦးသန္းေဆြနဲ႔ေတြ႕ဆုံစဥ္ နယူးေဒလီ ႏိုင္ငံ ျခားေရးဝန္ႀကီးက ေျပာျပခဲ့ေၾကာင္း၊ အဲဒီလႈပ္ရွားမႈ အားလုံးကို တားဆီးေပးဖို႔ အိမ္နီးခ်င္းႏိုင္ငံကို ေတာင္းဆိုခဲ့ပါတယ္။
ေတာင္တန္း၊ လွ်ိဳေျမာင္ေတြနဲ႔ ေတာေတာင္ေတြ ကို ရႈပ္ယွက္ခတ္ေအာင္ျဖတ္ေက်ာ္ၿပီး ၾကမ္းတမ္းတဲ့ ျမန္မာနယ္စပ္အပိုင္းငယ္ေတြကိုပင္ စည္း႐ိုးကာရံဖို႔ အလုပ္ဟာ ေထာက္ပံ့ပို႔ေဆာင္ေရးအတြက္ လက္ ေတြ႕မက်ဘူးလို႔ ေဒသအတြင္း တာဝန္ထမ္းေဆာင္ ေနသူ အိႏၵိယ စစ္တပ္ အရာရွိေတြက ေျပာၾကပါတယ္။ ကုန္က်စရိတ္ႀကီးေလးလွတဲ့ တံတိုင္းစည္း႐ိုးကို စိုက္ထူဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရမွာျဖစ္ ေၾကာင္း၊ ကာရံၿပီးစီးခဲ့ရင္လည္း ေျမမ်က္ႏွာသြင္ျပင္အရ တံတိုင္းစည္း႐ိုးဟာ စိမ့္ဝင္သူေတြကို တားဆီး ႏိုင္မွာမဟုတ္ဘူးလို႔ မွတ္ခ်က္ေပးပါတယ္။
အိႏၵိယဟာ စီးပြားေရးဒုကၡသည္ေတြ ဝင္ေရာက္လာမႈကို စစ္ေဆးဖို႔အတြက္ ဘဂၤလားေဒ့ရွ္နဲ႔ နယ္စပ္ ၂၅၄၅ မိုင္အနက္ ၁၉၇၅ မိုင္ကိုလည္းေကာင္း၊ မူးယစ္ေဆးဝါးေမွာင္ခိုနဲ႔ လက္နက္ကိုင္ စစ္ေသြးႂကြ ေတြရဲ႕ က်ဴးေက်ာ္ ဝင္ေရာက္မႈကို တားဆီးဖို႔အတြက္ ပါကစၥတန္နဲ႔ နယ္နိမိတ္ ၂၀၆၄ မိုင္အနက္ ၁၂၈၂ မိုင္ကိလည္းေကာင္း တံတိုင္း စည္း႐ိုးကာရံခဲ့ၿပီး ျဖစ္ပါ တယ္။ ဒါေပမဲ့ အဲဒီအတိုင္းအတာဟာ အနည္းငယ္မွ် သာေအာင္ျမင္ေၾကာင္း သက္ေသျပသလို ရွိေနပါ တယ္။