လစ်ဘရယ်နဲ့ မျိုးချစ်စိတ်

932

မိုးတင့် (ရန်ကုန်တက္ကသိုလ်) NP News - ဖေဖော်ဝါရီ ၁၅
ဒီမိုကရေစီဆိုတာ အများဆန္ဒကိုအတည်ပြု တာ။
လစ်ဘရယ်ဆိုတာ တစ်ဦးချင်းဆန္ဒကို လွတ်လပ်ခွင့်ပေးတာ။ မျိုးချစ်စိတ်ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာကို အလေးထား ဦးစားပေးတာ။ ဒီမိုကရေစီနဲ့ လစ်ဘရယ် က သဘောသဘာဝအရတော့ ဆင်တယ်။ ဒီမိုကရေစီ က စည်းရှိတယ်။ လစ်ဘရယ်မှာ ကန့်သတ်ထားတဲ့ စည်းမရှိဘူး။
ဒီမိုကရေစီကအကြောင်းကိစ္စတစ်ခုကိုမတူညီတဲ့ ရှုထောင့်တွေဖြစ်လာလို့ တစ်ခုခုကိုရွေးချယ်
ရတော့မယ်ဆိုရင်အများဆန္ဒနဲ့ရွေးချယ်အတည်ပြုတာ။လစ်ဘရယ်ဆိုတာကိုယ်တစ်ဦးချင်းစီရဲ့ အခွင့်အရေးကိုဘာစည်းမျည်းဥပဒေတွေကိုမှမလိုဘဲစိတ်ကြိုက်လုပ်တာ။ဒီမိုကရေစီနဲ့ လစ်ဘရယ်ပေါင်းပြီး လစ်ဘရယ် ဒီမိုကရေစီ ဆိုတဲ့ စနစ်တစ်ခုကို အနောက်နိုင်ငံတွေ ပုံသွင်းလာတယ် ။ My body my choice တို့ My life my way တို့ဆိုပြီး လုပ်ချင်တာလုပ်ခွင့်ရှိတယ်ဆိုတဲ့ လုပ်ချင်တာလုပ်လာတဲ့ စနစ်မျိုးပါ။အဲဒီအယူကြောင့် မြန်မာနိုင်ငံကအမျိုးသမီးတချို့ တန်ဖိုး နိမ့်တဲ့အတွေးတွေဖြစ်သွားကြပြီးအရှက်ကင်းမဲ့သွားကြတယ်။ ကိုယ်ကြိုက်တာကိုယ်လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ လစ်ဘရယ်သဘောက ကိုယ်မဟုတ်တဲ့၊ ကိုယ် ကြိုက်တာကိုမကြိုက်တဲ့ တခြားသူအတွက် အနှောင့်အယှက်ဖြစ်လာစေတာလည်းရှိတယ်။ကိုယ့်အိမ်ထဲအဝတ်မဝတ်ဘဲနေလို့ရပေမယ့် လူမြင်ကွင်း ရပ်ကွက် ထဲ အဝတ်အစားမပါဘဲ လျှောက်သွားလို့မရဘူး။သို့ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အဝတ်မဝတ်ချင်လို့ မဝတ်တာ ဘာအတွက်လာပြောရတာလဲဆိုပြီး ပြန်တုံ့ပြန်တဲ့အခါ လက်ခံသူနဲ့ လက်မခံသူတွေရှိလာကြတယ်။
လစ်ဘရယ်ဝါဒက အဲဒီလိုကိစ္စကို မှန်တယ် လက်ခံတယ်လို့ယူဆတယ်။ ယဉ်ကျေးမှုမြင့်ပြီး လူမျိုး ဘာသာ အယူအဆရှိတဲ့ Patriot ဆိုသူတွေက လက်မခံဘူး။ဒီတော့ လစ်ဘရယ်သမားတွေက Patriot ဆိုတဲ့ မျိုးချစ်စိတ်ဆိုတာကို မရမက ဖျက်ဆီးတတ် ကြတယ်။ မျိုးချစ်စိတ်ကို ဖျက်ဆီးနိုင်မှ လစ်ဘရယ်က ခေါင်းထောင်နိုင်မယ်။မြန်မာနိုင်ငံလည်း လစ်ဘရယ် အယူအဆကို ရှေ့တန်းတင် ပြောလာတဲ့အချိန် ရှိခဲ့တယ်။ဗုဒ္ဓမြတ်စွာဘုရားပုံကို ထဘီပေါ်မှာ Design လုပ်ခဲ့တာမျိုးတွေ၊ ပန်းချီနဲ့မတင့်တယ်တဲ့ ပုံဖော်ခဲ့တာတွေ၊ဓလေ့ထုံးစံတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖောက် ဖျက်ခဲ့တာတွေရှိခဲ့တယ်။ ဘာသာတရားဆိုတာ အရေးမဟုတ်ဘူးဆိုတဲ့သဘောနဲ့ အကျင့်ပျက်ရဟန်း တစ်ယောက်စနှစ်ယောက်စကို ဖော်ထုတ်ပြပြီး လူငယ်တွေ ဘာသာမဲ့ဖြစ်အောင်၊ ဗုဒ္ဓဘာသာကို အထင်သေးအောင်လုပ်ခဲ့ကြတယ်။ အဲဒီအကျိုးဆက်ကမြန်မာနိုင်ငံလူငယ်တချို့မှားယွင်းတဲ့ အယူတွေဖြစ်သွားစေခဲ့တယ်။လစ်ဘရယ်သမားတွေ အဲဒီလိုလုပ်တာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘူး။ အမေရိကန်လို နိုင်ငံတောင် လစ်ဘရယ်သမားတွေက မျိုးချစ်စိတ်ကို ဖျက်ဆီးပစ်လို့ သမ္မတဟောင်း ထရမ့်က မျိုးချစ်စိတ် ကိုပြောပြီး သမ္မတနေရာရအောင် ယူခဲ့ရတယ်။
ထရမ့်သမ္မတဖြစ်လာတော့ လစ်ဘရယ်ကိုကမ္ဘာ နဲ့ချီလုပ်နေတဲ့ ဒီမိုကရက်တွေက ထရမ့်ပြုတ်ကျ အောင် အမျိုးမျိုးလုပ်ပြီး ဖိအားပေးတိုက်ခိုက်ခဲ့ကြ တယ်။ လစ်ဘရယ်အယူကို မထိန်းချုပ်နိုင်ရင် လူတွေ က တိရစ္ဆာန်တွေလို ဖြစ်သွားနိုင်တယ်။ လစ်ဘရယ် ဆိုတာ ဘာသာမရှိ၊ လူမျိုးမရှိ၊ ယဉ်ကျေးမှုမရှိ၊ ယောကျာ်းမိန်းမ မရှိ၊ လူဖြူလူမည်းမရှိ ဆိုတဲ့ အား လုံးကို စတုတ်တိုက်တန်းညှိတဲ့ပုံစံဖြစ်အောင် ဖန်တီးနေ ကြတာ။ အားလုံးလူပဲ အတူတူပဲဆိုတဲ့ ပုံဖော်နေကြ တာ။ တချို့လက်ခံလို့ရပေမယ့် တချို့လက်ခံလို့မရ ဘူး။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ နှစ်ရာချီနီးပါး ဦးဆောင်မှုပေးနေခဲ့နိုင်ပေမယ့် လစ်ဘရယ်ဒီမိုကရေစီဆို တဲ့အယူနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ်လာကြလို့ အလျင်အ မြန်ပဲ ပြိုကျစပြုလာခဲ့တယ်။
ဥရောပရဲ့လစ်ဘရယ်ခေါင်းဆောင် ဂျာမနီ အဓိပတိ မာကယ်လ်ဟာ လစ်ဘရယ်လုပ်ခဲ့တာ မှား ပါတယ်လို့ဝန်ခံပြီး သူ့နိုင်ငံကို ပြန်ထိန်းခဲ့ရတယ်။ သူလည်း ရာထူးကနေ ထွက်သွားခဲ့ရတယ်။ နိုင်ငံတွေ လူမျိုးတွေက အတားအဆီးမရှိတဲ့ လစ်ဘရယ် ကျင့်သုံးလို့ မရဘူး။ လူအဆင့်အတန်းဆိုတာ အမျိုးမျိုး ရှိနေလို့။ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ကျော်လွန်ပြီး လစ်ဘရယ်လုပ်လို့မရဘူး။ လစ်ဘရယ်ကို အခွင့်အရေးယူတဲ့သူတွေနဲ့ ရင်ဆိုင်ရရင် ဆုံးရှုံးမှုများလိမ့်မယ်။ ဥပမာ ဂျာမနီမှာ လစ်ဘရယ်ဆိုပြီး လူလူချင်းအတူတူ ပဲဆိုပြီး ဒုက္ခသည် ၁ သန်းကို သူ့နိုင်ငံထဲခေါ်ထည့်ခဲ့တာ သူ့နိုင်ငံက ပညာတတ်နဲ့ သူဌေးတွေက ယဉ်ကျေးမှုအ ဆင့်မတူလို့ မနေနိုင်ဘဲ နိုင်ငံရပ်ခြား ပြောင်းရွှေ့သွား ရတယ်။ ခေါ်သွင်းလာတဲ့ဒုက္ခသည်တွေက အမှိုက်ကို ပစ်ချင်သလိုပစ်၊ လမ်းဘေးမစင်စွန့်နဲ့ ဖြစ်သလိုနေကြ တဲ့ လူမျိုးတွေဖြစ်နေပြီး မုဒိမ်းမှုလည်း အရမ်းကျူး လွန်နေကြတဲ့သူတွေ ဖြစ်နေတယ်။
အမေရိကန်နိုင်ငံလည်း အခုလစ်ဘရယ်နဲ့ မျိုးချစ်စိတ်တို့ ထိပ်တိုက်တွေ့လာပြီး ပြည်တွင်းစစ်ဖြစ် မလိုအထိ ဖြစ်လာတယ်။ အမေရိကန်လို နိုင်ငံတောင် မျိုးချစ်စိတ်ဆိုတာ သုံးစားလို့မရဘူးဆိုသလို လှုံ့ ဆော်တဲ့လစ်ဘရယ်တွေကြောင့် တိုင်းပြည်အင်အား ဆုတ်ယုတ်လာပြီး အင်မတန်မှ အမျိုးချစ်တဲ့ တရုတ် ကိုနေရာဖယ်ပေးလာရပြီ။ မျိုးချစ်စိတ်ပြင်းထန်လွန်း တဲ့ အစ္စရေးနဲ့ရုရှားကိုလည်း ဘယ်သူမှနိုင်အောင်စစ် မတိုက်နိုင်ကြဘူး။ လူ့လောကမှာလူမျိုးဘာသာနေရာ ဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံတွေရှိကြတယ်။ တစ်ကမ္ဘာလုံး တစ်ပြေးညီ စည်းကမ်းချလို့မရဘူး။ ဒါကြောင့် အတားအဆီးမရှိတဲ့ လစ်ဘရယ်ဝါဒမျိုးက မြန်မာနိုင်ငံမှ မဟုတ်ဘူး ဘယ်နိုင်ငံမှာမှ ကျင့်သုံးလို့ မရဘူး။ စဉ်းစားကြပေါ့။

Zawgyi Version;
လစ္ဘရယ္နဲ႔ မ်ိဳးခ်စ္စိတ္
မိုးတင့္ (ရန္ကုန္တကၠသိုလ္) NP News - ေဖေဖာ္ဝါရီ ၁၅
ဒီမိုကေရစီဆိုတာ အမ်ားဆႏၵကိုအတည္ျပဳ တာ။
လစ္ဘရယ္ဆိုတာ တစ္ဦးခ်င္းဆႏၵကို လြတ္လပ္ခြင့္ေပးတာ။ မ်ိဳးခ်စ္စိတ္ဆိုတာ ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳး၊ ကိုယ့္ယဥ္ေက်းမႈ၊ ကိုယ့္ဘာသာကို အေလးထား ဦးစားေပးတာ။ ဒီမိုကေရစီနဲ႔ လစ္ဘရယ္ က သေဘာသဘာဝအရေတာ့ ဆင္တယ္။ ဒီမိုကေရစီ က စည္းရွိတယ္။ လစ္ဘရယ္မွာ ကန႔္သတ္ထားတဲ့ စည္းမရွိဘူး။
ဒီမိုကေရစီကအေၾကာင္းကိစၥတစ္ခုကိုမတူညီတဲ့ ရႈေထာင့္ေတြျဖစ္လာလို႔ တစ္ခုခုကိုေ႐ြးခ်ယ္
ရေတာ့မယ္ဆိုရင္အမ်ားဆႏၵနဲ႔ေ႐ြးခ်ယ္အတည္ျပဳတာ။လစ္ဘရယ္ဆိုတာကိုယ္တစ္ဦးခ်င္းစီရဲ႕ အခြင့္အေရးကိုဘာစည္းမ်ည္းဥပေဒေတြကိုမွမလိုဘဲစိတ္ႀကိဳက္လုပ္တာ။ဒီမိုကေရစီနဲ႔ လစ္ဘရယ္ေပါင္းၿပီး လစ္ဘရယ္ ဒီမိုကေရစီ ဆိုတဲ့ စနစ္တစ္ခုကို အေနာက္ႏိုင္ငံေတြ ပုံသြင္းလာတယ္ ။ My body my choice တို႔ My life my way တို႔ဆိုၿပီး လုပ္ခ်င္တာလုပ္ခြင့္ရွိတယ္ဆိုတဲ့ လုပ္ခ်င္တာလုပ္လာတဲ့ စနစ္မ်ိဳးပါ။အဲဒီအယူေၾကာင့္ ျမန္မာႏိုင္ငံကအမ်ိဳးသမီးတခ်ိဳ႕ တန္ဖိုး နိမ့္တဲ့အေတြးေတြျဖစ္သြားၾကၿပီးအရွက္ကင္းမဲ့သြားၾကတယ္။ ကိုယ္ႀကိဳက္တာကိုယ္လုပ္ပိုင္ခြင့္ရွိတယ္ ဆိုတဲ့ လစ္ဘရယ္သေဘာက ကိုယ္မဟုတ္တဲ့၊ ကိုယ္ ႀကိဳက္တာကိုမႀကိဳက္တဲ့ တျခားသူအတြက္ အေႏွာင့္အယွက္ျဖစ္လာေစတာလည္းရွိတယ္။ကိုယ့္အိမ္ထဲအဝတ္မဝတ္ဘဲေနလို႔ရေပမယ့္ လူျမင္ကြင္း ရပ္ကြက္ ထဲ အဝတ္အစားမပါဘဲ ေလွ်ာက္သြားလို႔မရဘူး။သို႔ေပမယ့္ ကိုယ့္သေဘာနဲ႔ကိုယ္ အဝတ္မဝတ္ခ်င္လို႔ မဝတ္တာ ဘာအတြက္လာေျပာရတာလဲဆိုၿပီး ျပန္တုံ႔ျပန္တဲ့အခါ လက္ခံသူနဲ႔ လက္မခံသူေတြရွိလာၾကတယ္။
လစ္ဘရယ္ဝါဒက အဲဒီလိုကိစၥကို မွန္တယ္ လက္ခံတယ္လို႔ယူဆတယ္။ ယဥ္ေက်းမႈျမင့္ၿပီး လူမ်ိဳး ဘာသာ အယူအဆရွိတဲ့ Patriot ဆိုသူေတြက လက္မခံဘူး။ဒီေတာ့ လစ္ဘရယ္သမားေတြက Patriot ဆိုတဲ့ မ်ိဳးခ်စ္စိတ္ဆိုတာကို မရမက ဖ်က္ဆီးတတ္ ၾကတယ္။ မ်ိဳးခ်စ္စိတ္ကို ဖ်က္ဆီးႏိုင္မွ လစ္ဘရယ္က ေခါင္းေထာင္ႏိုင္မယ္။ျမန္မာႏိုင္ငံလည္း လစ္ဘရယ္ အယူအဆကို ေရွ႕တန္းတင္ ေျပာလာတဲ့အခ်ိန္ ရွိခဲ့တယ္။ဗုဒၶျမတ္စြာဘုရားပုံကို ထဘီေပၚမွာ Design လုပ္ခဲ့တာမ်ိဳးေတြ၊ ပန္းခ်ီနဲ႔မတင့္တယ္တဲ့ ပုံေဖာ္ခဲ့တာေတြ၊ဓေလ့ထုံးစံေတြကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေဖာက္ ဖ်က္ခဲ့တာေတြရွိခဲ့တယ္။ ဘာသာတရားဆိုတာ အေရးမဟုတ္ဘူးဆိုတဲ့သေဘာနဲ႔ အက်င့္ပ်က္ရဟန္း တစ္ေယာက္စႏွစ္ေယာက္စကို ေဖာ္ထုတ္ျပၿပီး လူငယ္ေတြ ဘာသာမဲ့ျဖစ္ေအာင္၊ ဗုဒၶဘာသာကို အထင္ေသးေအာင္လုပ္ခဲ့ၾကတယ္။ အဲဒီအက်ိဳးဆက္ကျမန္မာႏိုင္ငံလူငယ္တခ်ိဳ႕မွားယြင္းတဲ့ အယူေတြျဖစ္သြားေစခဲ့တယ္။လစ္ဘရယ္သမားေတြ အဲဒီလိုလုပ္တာ ျမန္မာတစ္ႏိုင္ငံတည္း မဟုတ္ဘူး။ အေမရိကန္လို ႏိုင္ငံေတာင္ လစ္ဘရယ္သမားေတြက မ်ိဳးခ်စ္စိတ္ကို ဖ်က္ဆီးပစ္လို႔ သမၼတေဟာင္း ထရမ့္က မ်ိဳးခ်စ္စိတ္ ကိုေျပာၿပီး သမၼတေနရာရေအာင္ ယူခဲ့ရတယ္။
ထရမ့္သမၼတျဖစ္လာေတာ့ လစ္ဘရယ္ကိုကမာၻ နဲ႔ခ်ီလုပ္ေနတဲ့ ဒီမိုကရက္ေတြက ထရမ့္ျပဳတ္က် ေအာင္ အမ်ိဳးမ်ိဳးလုပ္ၿပီး ဖိအားေပးတိုက္ခိုက္ခဲ့ၾက တယ္။ လစ္ဘရယ္အယူကို မထိန္းခ်ဳပ္ႏိုင္ရင္ လူေတြ က တိရစာၦန္ေတြလို ျဖစ္သြားႏိုင္တယ္။ လစ္ဘရယ္ ဆိုတာ ဘာသာမရွိ၊ လူမ်ိဳးမရွိ၊ ယဥ္ေက်းမႈမရွိ၊ ေယာက်ာ္းမိန္းမ မရွိ၊ လူျဖဴလူမည္းမရွိ ဆိုတဲ့ အား လုံးကို စတုတ္တိုက္တန္းညႇိတဲ့ပုံစံျဖစ္ေအာင္ ဖန္တီးေန ၾကတာ။ အားလုံးလူပဲ အတူတူပဲဆိုတဲ့ ပုံေဖာ္ေနၾက တာ။ တခ်ိဳ႕လက္ခံလို႔ရေပမယ့္ တခ်ိဳ႕လက္ခံလို႔မရ ဘူး။ အေမရိကန္ႏိုင္ငံက ကမာၻေပၚမွာ ႏွစ္ရာခ်ီနီးပါး ဦးေဆာင္မႈေပးေနခဲ့ႏိုင္ေပမယ့္ လစ္ဘရယ္ဒီမိုကေရစီဆို တဲ့အယူနဲ႔ မ်ိဳးခ်စ္စိတ္ကို ခ်ိဳးႏွိမ္လာၾကလို႔ အလ်င္အ ျမန္ပဲ ၿပိဳက်စျပဳလာခဲ့တယ္။
ဥေရာပရဲ႕လစ္ဘရယ္ေခါင္းေဆာင္ ဂ်ာမနီ အဓိပတိ မာကယ္လ္ဟာ လစ္ဘရယ္လုပ္ခဲ့တာ မွား ပါတယ္လို႔ဝန္ခံၿပီး သူ႔ႏိုင္ငံကို ျပန္ထိန္းခဲ့ရတယ္။ သူလည္း ရာထူးကေန ထြက္သြားခဲ့ရတယ္။ ႏိုင္ငံေတြ လူမ်ိဳးေတြက အတားအဆီးမရွိတဲ့ လစ္ဘရယ္ က်င့္သုံးလို႔ မရဘူး။ လူအဆင့္အတန္းဆိုတာ အမ်ိဳးမ်ိဳး ရွိေနလို႔။ ယဥ္ေက်းမႈဓေလ့ထုံးစံေတြကို ေက်ာ္လြန္ၿပီး လစ္ဘရယ္လုပ္လို႔မရဘူး။ လစ္ဘရယ္ကို အခြင့္အေရးယူတဲ့သူေတြနဲ႔ ရင္ဆိုင္ရရင္ ဆုံးရႈံးမႈမ်ားလိမ့္မယ္။ ဥပမာ ဂ်ာမနီမွာ လစ္ဘရယ္ဆိုၿပီး လူလူခ်င္းအတူတူ ပဲဆိုၿပီး ဒုကၡသည္ ၁ သန္းကို သူ႔ႏိုင္ငံထဲေခၚထည့္ခဲ့တာ သူ႔ႏိုင္ငံက ပညာတတ္နဲ႔ သူေဌးေတြက ယဥ္ေက်းမႈအ ဆင့္မတူလို႔ မေနႏိုင္ဘဲ ႏိုင္ငံရပ္ျခား ေျပာင္းေ႐ႊ႕သြား ရတယ္။ ေခၚသြင္းလာတဲ့ဒုကၡသည္ေတြက အမႈိက္ကို ပစ္ခ်င္သလိုပစ္၊ လမ္းေဘးမစင္စြန႔္နဲ႔ ျဖစ္သလိုေနၾက တဲ့ လူမ်ိဳးေတြျဖစ္ေနၿပီး မုဒိမ္းမႈလည္း အရမ္းက်ဴး လြန္ေနၾကတဲ့သူေတြ ျဖစ္ေနတယ္။
အေမရိကန္ႏိုင္ငံလည္း အခုလစ္ဘရယ္နဲ႔ မ်ိဳးခ်စ္စိတ္တို႔ ထိပ္တိုက္ေတြ႕လာၿပီး ျပည္တြင္းစစ္ျဖစ္ မလိုအထိ ျဖစ္လာတယ္။ အေမရိကန္လို ႏိုင္ငံေတာင္ မ်ိဳးခ်စ္စိတ္ဆိုတာ သုံးစားလို႔မရဘူးဆိုသလို လႈံ႕ ေဆာ္တဲ့လစ္ဘရယ္ေတြေၾကာင့္ တိုင္းျပည္အင္အား ဆုတ္ယုတ္လာၿပီး အင္မတန္မွ အမ်ိဳးခ်စ္တဲ့ တ႐ုတ္ ကိုေနရာဖယ္ေပးလာရၿပီ။ မ်ိဳးခ်စ္စိတ္ျပင္းထန္လြန္း တဲ့ အစၥေရးနဲ႔႐ုရွားကိုလည္း ဘယ္သူမွႏိုင္ေအာင္စစ္ မတိုက္ႏိုင္ၾကဘူး။ လူ႔ေလာကမွာလူမ်ိဳးဘာသာေနရာ ေဒသအလိုက္ ယဥ္ေက်းမႈဓေလ့ထုံးစံေတြရွိၾကတယ္။ တစ္ကမာၻလုံး တစ္ေျပးညီ စည္းကမ္းခ်လို႔မရဘူး။ ဒါေၾကာင့္ အတားအဆီးမရွိတဲ့ လစ္ဘရယ္ဝါဒမ်ိဳးက ျမန္မာႏိုင္ငံမွ မဟုတ္ဘူး ဘယ္ႏိုင္ငံမွာမွ က်င့္သုံးလို႔ မရဘူး။ စဥ္းစားၾကေပါ့။