BLACKPINK အဖွဲ့ဝင်ဂျင်းနီ Billboard Hot 100 မှာ အမြင့်ဆုံးအဆင့်ရရှိတဲ့ K-Pop Soloist အဖြစ် စံချိန်သစ်တင်

 1006

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၅

BLACKPINK အဖွဲ့ဝင် Jennie ဟာ Billboard's Hot 100 မှာ အမြင့်ဆုံးအဆင့်ရရှိတဲ့ K-Pop Soloist အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က Billboard မှာ Jennie ရဲ့ The Weeknd ၊ Lily-Rose Depp နဲ့အတူ ပူးပေါင်းဖန်တီးထားတဲ့ "The Idol" ဇာတ်လမ်းတွဲထဲက "One of the Girls” သီချင်းဟာ စံချိန်ကို ချိုးဖျက်နိုင်စေခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ “One of the Girls” သီချင်းနဲ့ သူမဟာ Billboard's Hot 100 မှာ အဆင့် ၅၇ ထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ Jennie ကို Hot 100 မှာ ခုနစ်ပတ်ကြာ သီချင်းတစ်ပုဒ်ထဲနဲ့ အချိန်ကြာကြာရှိနေနိုင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီး K-pop Soloist ဖြစ်လာစေခဲ့ပါတယ်။

"One of the Girls” ဟာ Billboard's Global Excl မှာ ၁၈ ကြိမ်မြောက် သီတင်းပတ်ဆက်တိုက် နံပါတ် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ US ဇယားအပြင် Global 200 မှာလည်း နံပါတ် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
Jennie ဟာ BlackPink အဖွဲ့ထဲမှာ ဒုတိယအသက်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ဂ်င္းနီ Billboard Hot 100 မွာ အျမင့္ဆုံးအဆင့္ရရွိတဲ့ K-Pop Soloist အျဖစ္ စံခ်ိန္သစ္တင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၅

BLACKPINK အဖြဲ႕ဝင္ Jennie ဟာ Billboard's Hot 100 မွာ အျမင့္ဆုံးအဆင့္ရရွိတဲ့ K-Pop Soloist အျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။

ေဖေဖာ္ဝါရီ ၁၃ ရက္က Billboard မွာ Jennie ရဲ႕ The Weeknd ၊ Lily-Rose Depp နဲ႔အတူ ပူးေပါင္းဖန္တီးထားတဲ့ "The Idol" ဇာတ္လမ္းတြဲထဲက "One of the Girls” သီခ်င္းဟာ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ေစခဲ့တယ္လို႔ သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီ “One of the Girls” သီခ်င္းနဲ႔ သူမဟာ Billboard's Hot 100 မွာ အဆင့္ ၅၇ ထိ ေရာက္ရွိခဲ့ပါတယ္။ ဒါဟာ Jennie ကို Hot 100 မွာ ခုနစ္ပတ္ၾကာ သီခ်င္းတစ္ပုဒ္ထဲနဲ႔ အခ်ိန္ၾကာၾကာရွိေနႏိုင္ခဲ့တဲ့ ပထမဆုံးေသာ အမ်ိဳးသမီး K-pop Soloist ျဖစ္လာေစခဲ့ပါတယ္။

"One of the Girls” ဟာ Billboard's Global Excl မွာ ၁၈ ႀကိမ္ေျမာက္ သီတင္းပတ္ဆက္တိုက္ နံပါတ္ ၆ ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။ US ဇယားအျပင္ Global 200 မွာလည္း နံပါတ္ ၁၁ ေနရာမွာ ရပ္တည္ေနပါတယ္။
Jennie ဟာ BlackPink အဖြဲ႕ထဲမွာ ဒုတိယအသက္အႀကီးဆုံးနဲ႔ အေအာင္ျမင္ဆုံးအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.