မုံရွာမြို့ရှိ ရေကန်တစ်ခုအတွင်း၌ အမျိုသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

1931

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၆
မကွေးတိုင်း၊ မုံရွာမြို့ရှိ ရေကန်တစ်ခုအတွင်း၌ အမျိုသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မုံရွာမြို့ထံမှ သိရသည်။
ရေနစ်သေဆုံးမှုသည် ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၆နာရီ ၅၅မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ ဘုန်းစိုး ရပ်ကွက်အပြင်ဘက် ရေကန်ကြီးအတွင်း၌ ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
''သိရတာတော့ ရေနစ်သေတဲ့အမျိုးသားက အဲဒီကန်နားမှာနေတဲ့ အမျိုးသားပါ။ ပြင်ပဒဏ်ရာ တော့ မရှိပါဘူး။ အရက်မူးပြီး ကန်ထဲကို ပြုတ်ကျ တာမှာ ပြန်မတက်နိုင်ဖြစ်ပြီး ရေနစ်ဆုံးသွားတယ်လို့ ယူဆရတယ်။ အရင်က အဲဒီကန်က ရေနစ်တာ မရှိခဲ့ဘူး"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း မုံရွာမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် မုံရွာ မြို့၊ ဘုန်းစိုးရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအသင်းက မုံရွာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၁၁ နာရီ အချိန်တွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဟိန္ဒူ ဘုရားကျောင်းအနောက်ရှိ ဧရာဝတီမြစ်ကမ်းစပ်ရှိ သဲသောင်ပြင်၌ ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
''ရေနစ်သေဆုံးနေတဲ့အမျိုးသားကို ကမ်းစပ်သဲ သောင်ပြင်မှာတွေ့တာ။ ပြင်ပဒဏ်ရာတော့မရှိဘူး။ ရေနစ်သေဆုံးတယ်လို့ယူဆရတယ်။ အသက်လည်း တော်တော်ကြီးတဲ့အရွယ်ပါ။ မိသားစုနဲ့လည်း အဆက်သွယ်မရတော့ ပိုင်ရှင်မဲ့ပါ" ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း ပရဟိတ ပါရမီထံမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ကြောင် ၎င်းရေနစ်သေဆုံးသူ အသက်(၆၀)နှစ်အရွယ်အမျိုးသားကို မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအသင်းက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်ထိမိသားစုနှင့် အဆက်သွယ်မရရှိသေးကြောင်း သိရသည်။

zawgyi version
မုံ႐ြာၿမိဳ႕ရွိ ေရကန္တစ္ခုအတြင္း၌ အမ်ိဳသားတစ္ဦး ေရနစ္ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၆
မေကြးတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ ေရကန္တစ္ခုအတြင္း၌ အမ်ိဳသားတစ္ဦး ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္း မုံ႐ြာၿမိဳ႕ထံမွ သိရသည္။
ေရနစ္ေသဆုံးမႈသည္ ေဖေဖာ္ဝါရီလ ၁၆ ရက္၊ နံနက္ ၆နာရီ ၅၅မိနစ္အခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ဘုန္းစိုး ရပ္ကြက္အျပင္ဘက္ ေရကန္ႀကီးအတြင္း၌ ျဖစ္ပြားခဲ့ ျခင္း ျဖစ္ေၾကာင္း သိရသည္။
''သိရတာေတာ့ ေရနစ္ေသတဲ့အမ်ိဳးသားက အဲဒီကန္နားမွာေနတဲ့ အမ်ိဳးသားပါ။ ျပင္ပဒဏ္ရာ ေတာ့ မရွိပါဘူး။ အရက္မူးၿပီး ကန္ထဲကို ျပဳတ္က် တာမွာ ျပန္မတက္ႏိုင္ျဖစ္ၿပီး ေရနစ္ဆုံးသြားတယ္လို႔ ယူဆရတယ္။ အရင္က အဲဒီကန္က ေရနစ္တာ မရွိခဲ့ဘူး"ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအသင္း မုံ႐ြာၿမိဳ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူအမ်ိဳးသားသည္ မုံ႐ြာ ၿမိဳ႕၊ ဘုန္းစိုးရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၄၀)ႏွစ္ဝန္းက်င္ အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ၎၏႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ ေရးအသင္းက မုံ႐ြာၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၾကေၾကာင္း သိရသည္။
အလားတူ ေဖေဖာ္ဝါရီလ ၁၅ ရက္၊ ည ၁၁ နာရီ အခ်ိန္တြင္ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ကမ္းနားလမ္း၊ ဟိႏၵဴ ဘုရားေက်ာင္းအေနာက္ရွိ ဧရာဝတီျမစ္ကမ္းစပ္ရွိ သဲေသာင္ျပင္၌ ေရနစ္ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း တစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
''ေရနစ္ေသဆုံးေနတဲ့အမ်ိဳးသားကို ကမ္းစပ္သဲ ေသာင္ျပင္မွာေတြ႕တာ။ ျပင္ပဒဏ္ရာေတာ့မရွိဘူး။ ေရနစ္ေသဆုံးတယ္လို႔ယူဆရတယ္။ အသက္လည္း ေတာ္ေတာ္ႀကီးတဲ့အ႐ြယ္ပါ။ မိသားစုနဲ႔လည္း အဆက္သြယ္မရေတာ့ ပိုင္ရွင္မဲ့ပါ" ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအသင္း ပရဟိတ ပါရမီထံမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ေၾကာင္ ၎ေရနစ္ေသဆုံးသူ အသက္(၆၀)ႏွစ္အ႐ြယ္အမ်ိဳးသားကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ ေရးအသင္းက ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ ေဆာင္ေပးခဲ့ၿပီး လက္ရွိအခ်ိန္ထိမိသားစုႏွင့္ အဆက္သြယ္မရရွိေသးေၾကာင္း သိရသည္။