One Championship ၏ ပွဲဦးထွက်ပွဲစဉ်များတွင် ပြိုင်ဘက်များကို အလဲထိုးအနိုင်ယူကာ ဘတ်ငွေသုံးသိန်းခွဲစီရရှိခဲ့သည့် စိုးလင်းဦး နှင့် သန့်ဇင်

3031

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံကိုယ်စားပြု သံမဏိစိုးလင်းဦးနှင့် သန့်ဇင်တို့သည် One Championship ၏ ပွဲဦးထွက်ပွဲစဉ်များတွင် ပြိုင်ဘက်များကို အလဲထိုးအနိုင်ယူကာ ဆုကြေးဘတ်ငွေသုံးသိန်းခွဲစီ ရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့(၂)ဦးပါဝင်သည့် One Championship ၏ One Championship One Friday Fight) ပွဲစဥ်များကို ယမန်နေ့(ဖေဖော်ဝါရီလ ၁၆ ရက်)တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lumpinee boxing stadium ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြု သံမဏိစိုးလင်းဦးအနေဖြင့် ပဏာမလျာထားချက်တွင် အီတလီဖိုက်တာ နှင့် ထိုးသတ်ရန်စီစဉ်ထားပြီးနောက် အီတလီဖိုက်တာ၏ ဆေးစစ်ချက် မအောင်မြင်မှုကြောင့် ယခုပွဲစဉ်၌ ဂျပန်ဖိုက်တာနှင့် ပြောင်းရွှေ့ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင်လည်း သံမဏိစိုးလင်းဦးသည် ဂျပန်ဖိုက်တာ MASAYOSHI YSYHASHI ကို တတိယအချီ၌ အပိုင်ထိုးကွက်များဖြင့် အနိုင်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ဖိုက်တာ သန့်ဇင်သည်လည်း One Championship နှင့်အတူ၎င်း၏ ပွဲဦးထွက်ပွဲစဉ်ကို ထိုင်းဖိုက်တာ JAISING နှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရပြီး ဒုတိယအချီ၌ ပြိုင်ဘက်အား ဘယ်ညာဝိုက်လက်သီး(၂)ချက်ဖြင့်အပိုင်ထိုးကာ အနိုင်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု သံမဏိစိုးလင်းဦးနှင့် သန့်ဇင်တို့(၂)ဦးသည် One Championship ကချီးမြှင့်သည့် အလဲထိုးဆုကြေးငွေ ထိုင်းဘတ်ငွေ (၃)သိန်းခွဲစီရရှိခဲ့ပြီး မြန်မာဖိုက်တာများ၏ စွမ်းဆောင်ရှည်ကို ထုတ်ဖော်ပြနိုင်ခဲ့သည့် အမှတ်တရပွဲစဉ်များ ဖြစ်ခဲ့ပေသည်။

zawgyi version
One Championship ၏ ပြဲဦးထြက္ပြဲစဥ္မ်ားတြင္ ၿပိဳင္ဘက္မ်ားကို အလဲထိုးအႏိုင္ယူကာ ဘတ္ေငြသုံးသိန္းခြဲစီရရွိခဲ့သည့္ စိုးလင္းဦး ႏွင့္ သန႔္ဇင္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၇
ျမန္မာႏိုင္ငံကိုယ္စားျပဳ သံမဏိစိုးလင္းဦးႏွင့္ သန႔္ဇင္တို႔သည္ One Championship ၏ ပြဲဦးထြက္ပြဲစဥ္မ်ားတြင္ ၿပိဳင္ဘက္မ်ားကို အလဲထိုးအႏိုင္ယူကာ ဆုေၾကးဘတ္ေငြသုံးသိန္းခြဲစီ ရရွိခဲ့ေၾကာင္း သိရသည္။
၎တို႔(၂)ဦးပါဝင္သည့္ One Championship ၏ One Championship One Friday Fight) ပြဲစဥ္မ်ားကို ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁၆ ရက္)တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ Lumpinee boxing stadium ၌ က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံကိုယ္စားျပဳ သံမဏိစိုးလင္းဦးအေနျဖင့္ ပဏာမလ်ာထားခ်က္တြင္ အီတလီဖိုက္တာ ႏွင့္ ထိုးသတ္ရန္စီစဥ္ထားၿပီးေနာက္ အီတလီဖိုက္တာ၏ ေဆးစစ္ခ်က္ မေအာင္ျမင္မႈေၾကာင့္ ယခုပြဲစဥ္၌ ဂ်ပန္ဖိုက္တာႏွင့္ ေျပာင္းေ႐ႊ႕ထိုးသတ္ခဲ့ရျခင္းျဖစ္သည္။
အဆိုပါပြဲစဥ္တြင္လည္း သံမဏိစိုးလင္းဦးသည္ ဂ်ပန္ဖိုက္တာ MASAYOSHI YSYHASHI ကို တတိယအခ်ီ၌ အပိုင္ထိုးကြက္မ်ားျဖင့္ အႏိုင္ရယူႏိုင္ခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ လူငယ္ဖိုက္တာ သန႔္ဇင္သည္လည္း One Championship ႏွင့္အတူ၎၏ ပြဲဦးထြက္ပြဲစဥ္ကို ထိုင္းဖိုက္တာ JAISING ႏွင့္ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရၿပီး ဒုတိယအခ်ီ၌ ၿပိဳင္ဘက္အား ဘယ္ညာဝိုက္လက္သီး(၂)ခ်က္ျဖင့္အပိုင္ထိုးကာ အႏိုင္ရယူႏိုင္ခဲ့ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံကိုယ္စားျပဳ သံမဏိစိုးလင္းဦးႏွင့္ သန႔္ဇင္တို႔(၂)ဦးသည္ One Championship ကခ်ီးျမႇင့္သည့္ အလဲထိုးဆုေၾကးေငြ ထိုင္းဘတ္ေငြ (၃)သိန္းခြဲစီရရွိခဲ့ၿပီး ျမန္မာဖိုက္တာမ်ား၏ စြမ္းေဆာင္ရွည္ကို ထုတ္ေဖာ္ျပႏိုင္ခဲ့သည့္ အမွတ္တရပြဲစဥ္မ်ား ျဖစ္ခဲ့ေပသည္။