တရုတ်မှာ ဘတ်စ်ကားနဲ့ မင်္ဂလာပွဲ ပြုလုပ်ခြင်းများခေတ်စားနေ

 563

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁၈

တရုတ်ပြည်မှာ တရုတ်အက္ခရာ စက္ကူအနီတွေနဲ့စီခြယ်ထားတဲ့ အများသုံးလျှပ်စစ်ဘတ်စ်ကားကို မင်္ဂလာဘတ်စ်ကားအဖြစ် ပြောင်းလဲကာ လမ်းမပေါ် အမိုက်စား မင်္ဂလာပွဲ ကျင်းပမှုများ ခေတ်စားနေပါတယ်။

"မင်္ဂလာဆောင်ဘတ်စ်ကားက ကျွန်မမိသားစုနဲ့ သူငယ်ချင်းတွေ အားလုံးဆန့်လောက်အောင် ကျယ်ပါတယ်။ကျွန်မတို့အတူတူထိုင်ပြီး လမ်းတစ်လျှောက် သီချင်းဆို၊ ဂိမ်းတွေဆော့ရင်း ပျော်ရွှင်ခဲ့ကြတယ်"လို့ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ရှီပြည်နယ် မြို့တော်နမ်ချန်မှာ ဘတ်စ်ကားနဲ့ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ ကြင်စဦးဇနီး ကျန်ချင်ချန်က ပြောကြားခဲ့ပါတယ်။ မင်္ဂလာပွဲနေ့အကြိုဆိုရင် စုံတွဲက ဘတ်စ်ကားရပ်ထားတဲ့ ကားပါကင်ကို လာရာက်ပြီး ၎င်းတို့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ဖဲကြိုးဆင်ခြင်း၊ စက္ကူဆင်ခြင်း၊ မီးပုံး အလှဆင်ခြင်းများ ပြုလုပ်ကြလေ့ ရှိပါတယ်။

Nanchang Public Transportation Group ရဲ့ အဆိုအရ မင်္ဂလာဘတ်စ်ကား အငှားဝန်ဆောင်မှု စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လမှစ ယနေ့ထိအတွင်း စုံတွဲ ၁၀၀ ခန့်ထိဟာ ၎င်းတို့ ဘက်စ်ကားတွေနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မင်္ဂလာဘတ်စ်ကား အငှားဝန်ဆောင်မှုကို ဂန်ဒေါင်၊ ကျန်းဆု၊ ရှန်ဒေါင် ပြည်နယ်ရှိ မြို့များစွာမှာ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ဘတ်စ်ကားငှားရမ်းခတွေကတော့ ခရီးအကွာအဝေးနဲ့ ဘတ်စ်ကားစီးနင်းတဲ့ အချိန်အပေါ်မူတည်ပြီး ယွမ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိတယ်လို့သိရပါတယ်။

zawgyi version
တ႐ုတ္မွာ ဘတ္စ္ကားနဲ႔ မဂၤလာပြဲ ျပဳလုပ္ျခင္းမ်ားေခတ္စားေန
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၁၈

တ႐ုတ္ျပည္မွာ တ႐ုတ္အကၡရာ စကၠဴအနီေတြနဲ႔စီျခယ္ထားတဲ့ အမ်ားသုံးလွ်ပ္စစ္ဘတ္စ္ကားကို မဂၤလာဘတ္စ္ကားအျဖစ္ ေျပာင္းလဲကာ လမ္းမေပၚ အမိုက္စား မဂၤလာပြဲ က်င္းပမႈမ်ား ေခတ္စားေနပါတယ္။

"မဂၤလာေဆာင္ဘတ္စ္ကားက ကြၽန္မမိသားစုနဲ႔ သူငယ္ခ်င္းေတြ အားလုံးဆန႔္ေလာက္ေအာင္ က်ယ္ပါတယ္။ကြၽန္မတို႔အတူတူထိုင္ၿပီး လမ္းတစ္ေလွ်ာက္ သီခ်င္းဆို၊ ဂိမ္းေတြေဆာ့ရင္း ေပ်ာ္႐ႊင္ခဲ့ၾကတယ္"လို႔ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း က်န္ရွီျပည္နယ္ ၿမိဳ႕ေတာ္နမ္ခ်န္မွာ ဘတ္စ္ကားနဲ႔ မဂၤလာပြဲျပဳလုပ္ခဲ့တဲ့ ၾကင္စဦးဇနီး က်န္ခ်င္ခ်န္က ေျပာၾကားခဲ့ပါတယ္။ မဂၤလာပြဲေန႔အႀကိဳဆိုရင္ စုံတြဲက ဘတ္စ္ကားရပ္ထားတဲ့ ကားပါကင္ကို လာရာက္ၿပီး ၎တို႔ရဲ႕ သူငယ္ခ်င္းေတြနဲ႔အတူ ဖဲႀကိဳးဆင္ျခင္း၊ စကၠဴဆင္ျခင္း၊ မီးပုံး အလွဆင္ျခင္းမ်ား ျပဳလုပ္ၾကေလ့ ရွိပါတယ္။

Nanchang Public Transportation Group ရဲ႕ အဆိုအရ မဂၤလာဘတ္စ္ကား အငွားဝန္ေဆာင္မႈ စတင္ခဲ့တဲ့ ၂၀၂၃ ခုႏွစ္ မတ္လမွစ ယေန႔ထိအတြင္း စုံတြဲ ၁၀၀ ခန႔္ထိဟာ ၎တို႔ ဘက္စ္ကားေတြနဲ႔ မဂၤလာပြဲ က်င္းပခဲ့တယ္လို႔ သိရပါတယ္။အဆိုပါ မဂၤလာဘတ္စ္ကား အငွားဝန္ေဆာင္မႈကို ဂန္ေဒါင္၊ က်န္းဆု၊ ရွန္ေဒါင္ ျပည္နယ္ရွိ ၿမိဳ႕မ်ားစြာမွာ ရရွိႏိုင္ၿပီ ျဖစ္ပါတယ္။ ဘတ္စ္ကားငွားရမ္းခေတြကေတာ့ ခရီးအကြာအေဝးနဲ႔ ဘတ္စ္ကားစီးနင္းတဲ့ အခ်ိန္အေပၚမူတည္ၿပီး ယြမ္ရာဂဏန္းမွ ေထာင္ဂဏန္းအထိ ရွိတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.