အသစ်ဆောက်လုပ်ပြီးစီးထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာန၌ ဓာတ်ရောင်ခြည် ကုသစက် အသစ်(၃)လုံး ယခုနှစ်အတွင်း တပ်ဆင်မည်

 3053

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈

အသစ်ဆောက်လုပ်ပြီးစီးထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာန၌ ဓာတ်ရောင်ခြည် ကုသစက်အသစ်(၃)လုံး ယခုနှစ်(၂ဝ၂၄ ခုနှစ်) အတွင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီ(၁၇)ရက်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်စဥ် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် နိုင်ငံတော်အစိုးရက ရန်ပုံငွေများဖြည့်ဆည်းပေးလျက် ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေများကို အသုံးပြု၍ ဆေးရုံများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ကင်ဆာရောဂါဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့်ကုသမှုရှိစေရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါဆေးဝါးများ ဝယ်ယူရန် ခွင့်ပြုရန်ပုံငွေ(၁၂)ဘီလျံ ခွင့်ပြုချက်ချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက် အသစ်တစ်လုံးတပ်ဆင်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ အထူးခွင့်ပြုချက်ဖြင့် ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသစက်အသစ် တစ်လုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနအစီအစဥ်ဖြင့် ဝယ်ယူမည့် ဓာတ်ရောင်ခြည်ကုသစက် အသစ်နှစ်လုံးကို အသစ် ဆောက်လုပ်ပြီးစီးသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနတွင် ယခုနှစ်အတွင်း တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများကို အရေးပေါ်အခြေအနေများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တောင်ကြီး စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးတို့တွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (၁၂)လုံး ထားရှိကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အဆိုပါပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုအကြိမ်ရေ (၁၁၀၃၆၇) ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုကို တပ်မတော်ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Zawgyi Version;
အသစ္ေဆာက္လုပ္ၿပီးစီးထားသည့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ အမ်ိဳးသားကင္ဆာကုသေရးဌာန၌ ဓာတ္ေရာင္ျခည္ ကုသစက္ အသစ္(၃)လုံး ယခုႏွစ္အတြင္း တပ္ဆင္မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၈

အသစ္ေဆာက္လုပ္ၿပီးစီးထားသည့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ အမ်ိဳးသားကင္ဆာကုသေရးဌာန၌ ဓာတ္ေရာင္ျခည္ ကုသစက္အသစ္(၃)လုံး ယခုႏွစ္(၂ဝ၂၄ ခုႏွစ္) အတြင္း တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ သြားေရာက္စဥ္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္အတြက္ ႏိုင္ငံေတာ္အစိုးရက ရန္ပုံေငြမ်ားျဖည့္ဆည္းေပးလ်က္ ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ရန္ပုံေငြမ်ားကို အသုံးျပဳ၍ ေဆး႐ုံမ်ား၏လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္း ေပးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ကင္ဆာေရာဂါေဝဒနာရွင္မ်ား ေစာင့္ဆိုင္းမႈေလ်ာ့နည္းေစေရးႏွင့္ ထိေရာက္သည့္ကုသမႈရွိေစေရး အတြက္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ယခုႏွစ္တြင္ ကင္ဆာေရာဂါေဆးဝါးမ်ား ဝယ္ယူရန္ ခြင့္ျပဳရန္ပုံေငြ(၁၂)ဘီလ်ံ ခြင့္ျပဳခ်က္ခ်ထားေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါရန္ပုံေငြျဖင့္ ၂၀၂၃ ခုႏွစ္အတြင္း မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးတြင္ ကင္ဆာေရာဂါဓာတ္ေရာင္ျခည္ကုသစက္ အသစ္တစ္လုံးတပ္ဆင္ေပးႏိုင္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အႀကီးအကဲ၏ အထူးခြင့္ျပဳခ်က္ျဖင့္ ကင္ဆာေရာဂါဓာတ္ေရာင္ျခည္ ကုသစက္အသစ္ တစ္လုံးႏွင့္ က်န္းမာေရးဝန္ႀကီးဌာနအစီအစဥ္ျဖင့္ ဝယ္ယူမည့္ ဓာတ္ေရာင္ျခည္ကုသစက္ အသစ္ႏွစ္လုံးကို အသစ္ ေဆာက္လုပ္ၿပီးစီးသည့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ အမ်ိဳးသားကင္ဆာကုသေရးဌာနတြင္ ယခုႏွစ္အတြင္း တပ္ဆင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကင္ဆာဓာတ္ေရာင္ျခည္ကုသမႈမ်ားကို အေရးေပၚအေျခအေနမ်ားအတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အပါအဝင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီး(ခုတင္-၁၀၀၀)ႏွင့္ ေတာင္ႀကီး စဝ္စံထြန္းျပည္သူ႔ ေဆး႐ုံႀကီးတို႔တြင္ ကင္ဆာဓာတ္ေရာင္ျခည္ကုသစက္ (၁၂)လုံး ထားရွိကာ ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္အတြင္း အဆိုပါျပည္သူ႔ေဆး႐ုံမ်ားတြင္ ကင္ဆာဓာတ္ေရာင္ျခည္ ကုသမႈအႀကိမ္ေရ (၁၁၀၃၆၇) ႀကိမ္အထိ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း ေဒါက္တာသက္ခိုင္ဝင္းက အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ ကင္ဆာဓာတ္ေရာင္ျခည္ ကုသမႈကို တပ္မေတာ္ေဆး႐ုံႀကီးမ်ားတြင္လည္း ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ရန္ကုန္၊ ေနျပည္ေတာ္ရွိ ပုဂၢလိကေဆး႐ုံမ်ားတြင္လည္း ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.