အမေရိကန်မှာ နို့စိမ်းဒိန်ခဲမှတစ်ဆင့် E. coli ဘတ်တီးရီးယား ကူးစက်ခံရသူ ၁ဝ ဦးထိ ရှိနေ

 473

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၈

အမေရိကန်မှာ နို့စိမ်းဒိန်ခဲနဲ့ ဆက်စပ်ပြီး E. coli ဘက်တီးရီးယားကြောင့် လူ ၁ဝ ဦးထိ ကူးစက်ခံနေရတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများက သောကြာနေ့(ဖေဖော်ဝါရီ ၁၆ ရက်) က အစား အသောက်ဘေးကင်းရေးသတိပေးချက်မှ ပြောကြားခဲ့ပါတယ်။

ဒီကူးစက်မှုကြောင့် လူလေးဦးကို ဆေးရုံတင်ထားရပြီး လူတစ်ဦးမှာ ကျောက်ကပ် ပျက်စီးနိုင်တဲ့ hemolytic uremic syndrome ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဆိုပါကူးစက်ခံရသူများထဲမှ ခြောက်ဦးဟာ RAW FARM အမှတ်တံဆိပ် cheddar ဒိန်ခဲ စားခဲ့တယ်လို့ သိရပါတယ်။ CDC က ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေပြီး RAW FARM အမှတ်တံဆိပ် ဒိန်ခဲတွေကို စားသုံးခြင်းမပြုဖို့ အကြံပြုထားပါတယ်။

RAW FARM ကုမ္ပဏီဟာလည်း US Food and Drug Administration နဲ့ ပူးပေါင်းပြီး ၎င်းတို့ထုတ်ကုန်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ CDC မှ ပြောကြားခဲ့ပါတယ်။ ပိုးသတ်မထားတဲ့ နို့ထွက်ထုတ်ကုန်တွေဟာ Listeria၊ Salmonella နဲ့ E. coli လို အန္တရာယ်ရှိ ဘတ်တီးရီးယားတွေကို မွေးဖွားနိုင်ပါတယ်။

E. coli ဘက်တီးရီးယားဟာ လူနဲ့ တိရစ္ဆာန်တို့ရဲ့ အူထဲမှာ နေထိုင်နိုင်ပြီး ကြွက်တက်ခြင်း၊ သွေးထွက်လွန်ပြီး ဝမ်းလျှောခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန်မှာ နှစ်စဉ် E. coli ကူးစက်မှု ၂၆၅,ဝဝဝ ခန့်ဖြစ်ပွားလေ့ရှိပါတယ်။

Zawgyi Version;
အေမရိကန္မွာ ႏို႔စိမ္းဒိန္ခဲမွတစ္ဆင့္ E. coli ဘတ္တီးရီးယား ကူးစက္ခံရသူ ၁ဝ ဦးထိ ရွိေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၈

အေမရိကန္မွာ ႏို႔စိမ္းဒိန္ခဲနဲ႔ ဆက္စပ္ၿပီး E. coli ဘက္တီးရီးယားေၾကာင့္ လူ ၁ဝ ဦးထိ ကူးစက္ခံေနရတယ္လို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာမ်ားက ေသာၾကာေန႔(ေဖေဖာ္ဝါရီ ၁၆ ရက္) က အစား အေသာက္ေဘးကင္းေရးသတိေပးခ်က္မွ ေျပာၾကားခဲ့ပါတယ္။

ဒီကူးစက္မႈေၾကာင့္ လူေလးဦးကို ေဆး႐ုံတင္ထားရၿပီး လူတစ္ဦးမွာ ေက်ာက္ကပ္ ပ်က္စီးႏိုင္တဲ့ hemolytic uremic syndrome ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။ အဆိုပါကူးစက္ခံရသူမ်ားထဲမွ ေျခာက္ဦးဟာ RAW FARM အမွတ္တံဆိပ္ cheddar ဒိန္ခဲ စားခဲ့တယ္လို႔ သိရပါတယ္။ CDC က ေရာဂါျဖစ္ပြားမႈကို စုံစမ္းစစ္ေဆးေနၿပီး RAW FARM အမွတ္တံဆိပ္ ဒိန္ခဲေတြကို စားသုံးျခင္းမျပဳဖို႔ အႀကံျပဳထားပါတယ္။

RAW FARM ကုမၸဏီဟာလည္း US Food and Drug Administration နဲ႔ ပူးေပါင္းၿပီး ၎တို႔ထုတ္ကုန္ေတြကို ျပန္လည္သိမ္းဆည္းေနတယ္လို႔ CDC မွ ေျပာၾကားခဲ့ပါတယ္။ ပိုးသတ္မထားတဲ့ ႏို႔ထြက္ထုတ္ကုန္ေတြဟာ Listeria၊ Salmonella နဲ႔ E. coli လို အႏၲရာယ္ရွိ ဘတ္တီးရီးယားေတြကို ေမြးဖြားႏိုင္ပါတယ္။

E. coli ဘက္တီးရီးယားဟာ လူနဲ႔ တိရစာၦန္တို႔ရဲ႕ အူထဲမွာ ေနထိုင္ႏိုင္ၿပီး ႂကြက္တက္ျခင္း၊ ေသြးထြက္လြန္ၿပီး ဝမ္းေလွ်ာျခင္းနဲ႔ ေက်ာက္ကပ္ပ်က္စီးျခင္းေတြ ျဖစ္ႏိုင္ပါတယ္။ အေမရိကန္မွာ ႏွစ္စဥ္ E. coli ကူးစက္မႈ ၂၆၅,ဝဝဝ ခန႔္ျဖစ္ပြားေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.