မန္တလေးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ အမျိုးသမီး(၂)ဦးတန်းစီစောင့်ဆိုင်းစဉ် အသက်ရှူကြပ်၍ သေဆုံးမှုဖြစ်ပွား

 1602

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ အမျိုးသမီး(၂)ဦးတန်းစီစောင့်ဆိုင်းစဉ် အသက်ရှူကြပ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်)၊ နံနက် ၂နာရီ ၃၅မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ(မန္တလေး)ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“Passport ရုံးရှေ့မှာပေါ့။ လူဦးရေ (၁၀၀၀)ကျော်လောက်က Passport ရဖို့အငှားတန်းစီနေကြတာ။ အဲဒီအချိန်မှာ တွန်းကြတိုက်ကြရင်းနဲ့ လူအုပ်လိုက်ကြီးဆိုတော့ နင်းမိတာတွေနဲ့ အသက်ရှူကြပ်ပြီး အမျိုးသမီး(၂)ယောက်ဆုံးသွားတာပါ”ဟု နန်းတော်ရှေ့လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသွားခဲ့သည့် အမျိုးသမီး(၂)ဦးသည် ညောင်ကွဲရပ်ကွက်တွင်နေထိုင်သည့် အသက်(၅၂)နှစ်အရွယ် ဒေါ်ခင်မျိုးအေး နှင့် အသက်(၃၉)နှစ်အရွယ် ဒေါ်ခိုင်ငွေတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါဖြစ်အတွင်း၌ လူအုပ်နင်းမိရာမှ ညောင်ကွဲအောင်သပြေရပ်ကွက်တွင်နေထိုင်သည့် အသက် (၅၃)နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းတွင် လည်း ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“မန္တလေး Passport ရုံးမှာက ခုလိုမျိုးတန်းစီးနေကြတာအရင်တည်းကပေါ့။ ရုံးကတော့ မနက်လင်းမှဖွင့်ပေးတာ သူတို့က အလှည့်ကျဖို့အတွက် ညက တည်းက အငှားတန်းစီစောင့်ပေးရတဲ့လူတွေပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသမီး(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦးတို့ကို နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး၌ အမ်ိဳးသမီး(၂)ဦးတန္းစီေစာင့္ဆိုင္းစဥ္ အသက္ရႉၾကပ္၍ ေသဆုံးမႈျဖစ္ပြား

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၉

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး၌ အမ်ိဳးသမီး(၂)ဦးတန္းစီေစာင့္ဆိုင္းစဥ္ အသက္ရႉၾကပ္၍ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၁၉ ရက္)၊ နံနက္ ၂နာရီ ၃၅မိနစ္အခ်ိန္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၂ လမ္းရွိ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕ ႐ုံးခြဲ(မႏၲေလး)ေရွ႕၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“Passport ႐ုံးေရွ႕မွာေပါ့။ လူဦးေရ (၁၀၀၀)ေက်ာ္ေလာက္က Passport ရဖို႔အငွားတန္းစီေနၾကတာ။ အဲဒီအခ်ိန္မွာ တြန္းၾကတိုက္ၾကရင္းနဲ႔ လူအုပ္လိုက္ႀကီးဆိုေတာ့ နင္းမိတာေတြနဲ႔ အသက္ရႉၾကပ္ၿပီး အမ်ိဳးသမီး(၂)ေယာက္ဆုံးသြားတာပါ”ဟု နန္းေတာ္ေရွ႕လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ျဖစ္စဥ္တြင္ ေသဆုံးသြားခဲ့သည့္ အမ်ိဳးသမီး(၂)ဦးသည္ ေညာင္ကြဲရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၅၂)ႏွစ္အ႐ြယ္ ေဒၚခင္မ်ိဳးေအး ႏွင့္ အသက္(၃၉)ႏွစ္အ႐ြယ္ ေဒၚခိုင္ေငြတို႔ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါျဖစ္အတြင္း၌ လူအုပ္နင္းမိရာမွ ေညာင္ကြဲေအာင္သေျပရပ္ကြက္တြင္ေနထိုင္သည့္ အသက္ (၅၃)ႏွစ္အ႐ြယ္ ေဒၚေဌးေဌးဝင္းတြင္ လည္း ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။

“မႏၲေလး Passport ႐ုံးမွာက ခုလိုမ်ိဳးတန္းစီးေနၾကတာအရင္တည္းကေပါ့။ ႐ုံးကေတာ့ မနက္လင္းမွဖြင့္ေပးတာ သူတို႔က အလွည့္က်ဖို႔အတြက္ ညက တည္းက အငွားတန္းစီေစာင့္ေပးရတဲ့လူေတြေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီး(၂)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသမီးတစ္ဦးတို႔ကို နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.