ဒလတံတားသည် တည်ဆောက်ပြီး တံတားများအနက် တံတားကြမ်းခင်းအမြင့်ဆုံးတံတားတစ်စင်းဖြစ်လာမည်

 1388

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၉

မြန်မာ- ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ပြီးပါက မြန်မာ နိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် တံတားကြမ်းခင်းအမြင့်ဆုံး တံတားဖြစ်လာနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးက အသိပေးပြောကြားထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၈)ရက်တွင် အဆိုပါတံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ- ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကြီးကို နိုင်ငံတကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နေပြီး တံတားပုံစံထုတ်လုပ်ရာ၌ ရန်ကုန်မြို့သို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန်(၁၅၀၀၀)ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပင်လယ်ကူးသင်္ဘောကြီးများဖြစ်သန်းနိုင်ရေးအတွက် တံတားရေ လမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိထားရှိခဲ့ပြီး ဆင်ခြေလျှောတံတား (Ramt P Bridges)ကို အတက်အဆင်းပြေပြစ်စေရန်နှင့် ကမ်းနားလမ်းဈေး ဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးဆောင် ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဒလတံတားသည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဥ်များ ဖြတ်သန်းမောင်းနှင်ရာတွင် ယာဥ်အန္တရာယ် ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဥ်းကပ်တံတားတို့တွင် တစ်နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရသည်။

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ(EDCF Loan)ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း)ဖြင့် တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က ပန္နက်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မေလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တံတားဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

zawgyi version
ဒလတံတားသည္ တည္ေဆာက္ၿပီး တံတားမ်ားအနက္ တံတားၾကမ္းခင္းအျမင့္ဆုံးတံတားတစ္စင္းျဖစ္လာမည္

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၉

ျမန္မာ- ကိုရီးယားခ်စ္ၾကည္ေရး(ဒလ)တံတား တည္ေဆာက္ၿပီးပါက ျမန္မာ ႏိုင္ငံတြင္ တည္ေဆာက္ၿပီး တံတားမ်ားအနက္ တံတားၾကမ္းခင္းအျမင့္ဆုံး တံတားျဖစ္လာႏိုင္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၁၈)ရက္တြင္ အဆိုပါတံတားတည္ေဆာက္ေရး စီမံကိန္းလုပ္ငန္းမ်ားကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာ- ကိုရီးယားခ်စ္ၾကည္ေရး (ဒလ)တံတားႀကီးကို ႏိုင္ငံတကာတံတားသတ္မွတ္ခ်က္ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ တည္ေဆာက္ေနၿပီး တံတားပုံစံထုတ္လုပ္ရာ၌ ရန္ကုန္ၿမိဳ႕သို႔ ဝင္၊ ထြက္သြားလာမည့္ တန္ခ်ိန္(၁၅၀၀၀)ရွိသည့္ ပင္လယ္ကူးသေဘၤာႀကီးမ်ား ျဖတ္သန္းႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပင္လယ္ကူးသေဘၤာႀကီးမ်ားျဖစ္သန္းႏိုင္ေရးအတြက္ တံတားေရ လမ္းကင္းလြတ္အျမင့္ကို ၄၉ မီတာအထိထားရွိခဲ့ၿပီး ဆင္ေျခေလွ်ာတံတား (Ramt P Bridges)ကို အတက္အဆင္းေျပျပစ္ေစရန္ႏွင့္ ကမ္းနားလမ္းေဈး ဆိုင္ခန္းမ်ား၊ အေဆာက္အအုံမ်ားဖယ္ရွားမႈ အနည္းဆုံးျဖစ္ေစေရးေဆာင္ ႐ြက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ဒလတံတားသည္ ျမန္မာႏိုင္ငံတြင္ တည္ေဆာက္ၿပီး တံတားမ်ားအနက္ ေရလမ္းကင္းလြတ္အျမင့္ အမ်ားဆုံးျဖစ္ၿပီး တံတားၾကမ္းခင္းအျမင့္ဆုံး တံတားတစ္စင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းေမာင္းႏွင္ရာတြင္ ယာဥ္အႏၲရာယ္ ကင္းရွင္းေရးအတြက္ ပင္မတံတားႏွင့္ ခ်ဥ္းကပ္တံတားတို႔တြင္ တစ္နာရီလွ်င္ ၅၀ ကီလိုမီတာႏႈန္းျဖင့္ ဆင္ေျခေလွ်ာတံတားမ်ားတြင္ တစ္နာရီလွ်င္ ၃၀ ကီလိုမီတာႏႈန္းတို႔ျဖင့္ ေမာင္းႏွင္ႏိုင္ရန္ ဒီဇိုင္းပုံစံထုတ္၍ တည္ေဆာက္ထားေၾကာင္း သိရသည္။

ရန္ကုန္-ဒလျမစ္ကူးတံတားစီမံကိန္းအား ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရးအျဖစ္ ကိုရီးယားႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးမႈရန္ပုံေငြ(EDCF Loan)ေခ်းေငြ အေမရိကန္ေဒၚလာ ၁၃၇ ဒသမ ၈၃၃ သန္း၊ ျပည္တြင္းရန္ပုံေငြ အေမရိကန္ေဒၚလာ ၃၀ ဒသမ ၃၄၁ သန္း(စုစုေပါင္း အေမရိကန္ေဒၚလာ ၁၆၈ ဒသမ ၁၇၄ သန္း)ျဖင့္ တည္ေဆာက္လ်က္ရွိျခင္းျဖစ္သည္။ အဆိုပါ တံတားတည္ေဆာက္ရန္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၄ ရက္က ပႏၷက္တင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ေမလတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ တံတားဦးစီးဌာနမွ တည္ေဆာက္ေရးလုပ္ငန္းမ်ားစတင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.