သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီရှိ အများပြည်သူဆိုင်ရာ နေရာ ၇ ခုမှာ ကင်ဆာဖြစ်နိုင်တဲ့ ကျောက်ဂွမ်းမျှင်များ တွေ့ရှိ

 360

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂ဝ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှာ ကျောင်း၊ အားကစားအချက်အချာနဲ့ စူပါမားကတ် အပါအဝင် နောက်ထပ် အများပြည်သူဆိုင်ရာနေရာ ၇ ခုမှာ ကင်ဆာဖြစ်စေနိုင်တဲ့ကျောက်ဂွမ်းတွေ တွေ့ရှိလာရတယ်လို့ အာဏာပိုင် တွေက ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ အဆိပ်သင့်ပစ္စည်းတွေကို အများသူငှာနေရာတွေမှ ဖယ်ရှားဖို့ အမြန်လုပ်ဆောင်နေတယ်လို့ အာဏာပိုင် တွေက ပြောကြားပါတယ်။ ဩစတြေးလျရဲ့လူဦးရေအများဆုံးမြို့တစ်ဝှမ်း နေရာ ၄၁ ခုမှာ ဇန်နဝါရီလ အစောပိုင်း ကတည်းက ဆွေးမြေ့နေတဲ့ကျောက်ဂွမ်းစများ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် New South Wales ပြည်နယ်အစိုးရ အာဏာပိုင်များဟာ ပန်းခြံနေရာတွေကို ပိတ်ဆို့ထားပြီး အချို့ခရီးသွားနေရာတွေလည်း ပိတ်ဆို့ထားကာ ကျောင်း နှစ်ကျောင်းကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ အခြားဆိုက်တွေရှိ ညစ်ညမ်းနေရာတွေကိုလည်း ပိတ်ဆို့ ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုလာမယ့်သီတင်းပတ်ကုန်အတွင်း မြို့တော်အနောက်ဘက်မှာ ပေါ့ပ်စူပါစတား တေလာဆွစ်ဖ်ရဲ့ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်ထားတာကြောင့် အဆိုပါ ကွင်းကိုလည်း စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေပါတယ်။
သုတေသနပြုချက်များအရ ကျောက်ဂွမ်းအမျှင်တွေကို ရှူရှိုက်မိခြင်းဟာ အဆုတ်ရောင်ရမ်းခြင်းနဲ့ ကင်ဆာရောဂါ ကိုဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။

ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီရွိ အမ်ားျပည္သူဆိုင္ရာ ေနရာ ၇ ခုမွာ ကင္ဆာျဖစ္ႏိုင္တဲ့ ေက်ာက္ဂြမ္းမွ်င္မ်ား ေတြ႕ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂ဝ

ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီမွာ ေက်ာင္း၊ အားကစားအခ်က္အခ်ာနဲ႔ စူပါမားကတ္ အပါအဝင္ ေနာက္ထပ္ အမ်ားျပည္သူဆိုင္ရာေနရာ ၇ ခုမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ေက်ာက္ဂြမ္းေတြ ေတြ႕ရွိလာရတယ္လို႔ အာဏာပိုင္ ေတြက ေဖေဖာ္ဝါရီ ၁၉ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အဆိပ္သင့္ပစၥည္းေတြကို အမ်ားသူငွာေနရာေတြမွ ဖယ္ရွားဖို႔ အျမန္လုပ္ေဆာင္ေနတယ္လို႔ အာဏာပိုင္ ေတြက ေျပာၾကားပါတယ္။ ဩစေၾတးလ်ရဲ႕လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ဝွမ္း ေနရာ ၄၁ ခုမွာ ဇန္နဝါရီလ အေစာပိုင္း ကတည္းက ေဆြးေျမ့ေနတဲ့ေက်ာက္ဂြမ္းစမ်ား ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ New South Wales ျပည္နယ္အစိုးရ အာဏာပိုင္မ်ားဟာ ပန္းၿခံေနရာေတြကို ပိတ္ဆို႔ထားၿပီး အခ်ိဳ႕ခရီးသြားေနရာေတြလည္း ပိတ္ဆို႔ထားကာ ေက်ာင္း ႏွစ္ေက်ာင္းကိုလည္း ပိတ္ထားခဲ့တယ္လို႔ သိရပါတယ္။ အျခားဆိုက္ေတြရွိ ညစ္ညမ္းေနရာေတြကိုလည္း ပိတ္ဆို႔ ထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ယခုလာမယ့္သီတင္းပတ္ကုန္အတြင္း ၿမိဳ႕ေတာ္အေနာက္ဘက္မွာ ေပါ့ပ္စူပါစတား ေတလာဆြစ္ဖ္ရဲ႕ ေဖ်ာ္ေျဖပြဲက်င္းပဖို႔ စီစဥ္ထားတာေၾကာင့္ အဆိုပါ ကြင္းကိုလည္း စမ္းသပ္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနပါတယ္။
သုေတသနျပဳခ်က္မ်ားအရ ေက်ာက္ဂြမ္းအမွ်င္ေတြကို ရႉရႈိက္မိျခင္းဟာ အဆုတ္ေရာင္ရမ္းျခင္းနဲ႔ ကင္ဆာေရာဂါ ကိုျဖစ္ေစႏိုင္ေၾကာင္း ေတြ႕ရွိရပါတယ္။

Related news

© 2021. All rights reserved.