လူမှုထူးချွန်ဆုရ ဟာသပညာရှင် လူရွှင်တော် ဦးအုန်းသန်း(ခ) ဦးဥသြ(ဟင်္သာတ) (အသက် ၇၈ နှစ်) ၏ နာရေးအခမ်းအနားမြင်ကွင်း
                        
                            
                             
 1026
 
                             
                            
                            
                         
                        
 
                        NP News - ဖေဖော်ဝါရီ ၂၁ 
ဟာသပညာရှင် လူရွှင်တော်ကြီး ဦးအုန်းသန်း(ခ) ဦးဥသြ(ဟင်္သာတ)၊ အသက်(၇၈) နှစ်သည်
ဖေဖော်ဝါရီလ ၁၉ ရက် ည ၁၁ နာရီ ၁၂ မိနစ်အချိန်တွင်  ၉၆ ပါးသောရောဂါဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့သည်။
လူရွှင်တော်ကြီး ဦးဥသြ၏ နာရေးအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿာန်မှာ ကျင်းပခဲ့ခြင်းဖြစ်ကာ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဒိန်းဒေါင်း၊ ဒုတိယဥက္ကဋ္ဌ အုန်းသီးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ လူရွှင်တော်များ လိုက်လံပို့ဆောင်ခဲ့ကြသည်။
ဟာသပညာရှင်များအသင်းဥက္ကဋ္ဌ ဒိန်းဒေါင်မှ နာရေးအမိန့်ပြန်တမ်း ဖတ်ကြားကာ နောက်ဆုံးနှုတ်ဆက်ခဲ့ကြပြီး ကွယ်လွန်သူ လူရွှင်တော်ဦးဥသြ၏ရုပ်အလောင်းကို မီးသင်္ဂြုဟ်ပေးခဲ့ကြသည်။
ဟာသပညာရှင် လူရွှင်တော် ဦးဥသြ(ဟင်္သာတ) အသက် ၇၈ နှစ်အတွက် ရည်စူးပြုလုပ်မယ့် ရက်လည်ဆွမ်းသွတ်တရားတော် ရေစက်သွန်းချ အမျှပေးဝေခြင်းအလှူကို ဖေဖော်ဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယ လှသောင်းလမ်းရှိ “မိဘကျေးဇူးဆပ်ဘုရား” မှာ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version; 
လူမႈထူးခြၽန္ဆုရ ဟာသပညာရွင္ လူ႐ႊင္ေတာ္ ဦးအုန္းသန္း(ခ) ဦးဥၾသ(ဟသၤာတ) (အသက္ ၇၈ ႏွစ္) ၏ နာေရးအခမ္းအနားျမင္ကြင္း
NP News - ေဖေဖာ္ဝါရီ ၂၁ 
ဟာသပညာရွင္ လူ႐ႊင္ေတာ္ႀကီး ဦးအုန္းသန္း(ခ) ဦးဥၾသ(ဟသၤာတ)၊ အသက္(၇၈) ႏွစ္သည္
ေဖေဖာ္ဝါရီလ ၁၉ ရက္ ည ၁၁ နာရီ ၁၂ မိနစ္အခ်ိန္တြင္  ၉၆ ပါးေသာေရာဂါျဖင့္ ဘဝတစ္ပါးသို႔ ကူးေျပာင္းခဲ့သည္။
လူ႐ႊင္ေတာ္ႀကီး ဦးဥၾသ၏ နာေရးအခမ္းအနားကို ေဖေဖာ္ဝါရီလ ၂၁ ရက္ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေရေဝးသုႆာန္မွာ က်င္းပခဲ့ျခင္းျဖစ္ကာ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) ဥကၠ႒ ဒိန္းေဒါင္း၊ ဒုတိယဥကၠ႒ အုန္းသီးႏွင့္ အမႈေဆာင္အဖြဲ႕ဝင္မ်ား၊ လူ႐ႊင္ေတာ္မ်ား လိုက္လံပို႔ေဆာင္ခဲ့ၾကသည္။
ဟာသပညာရွင္မ်ားအသင္းဥကၠ႒ ဒိန္းေဒါင္မွ နာေရးအမိန႔္ျပန္တမ္း ဖတ္ၾကားကာ ေနာက္ဆုံးႏႈတ္ဆက္ခဲ့ၾကၿပီး ကြယ္လြန္သူ လူ႐ႊင္ေတာ္ဦးဥၾသ၏႐ုပ္အေလာင္းကို မီးသျဂၤုဟ္ေပးခဲ့ၾကသည္။
ဟာသပညာရွင္ လူ႐ႊင္ေတာ္ ဦးဥၾသ(ဟသၤာတ) အသက္ ၇၈ ႏွစ္အတြက္ ရည္စူးျပဳလုပ္မယ့္ ရက္လည္ဆြမ္းသြတ္တရားေတာ္ ေရစက္သြန္းခ် အမွ်ေပးေဝျခင္းအလႉကို ေဖေဖာ္ဝါရီ ၂၅ ရက္၊ တနဂၤေႏြေန႔မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ (၄၈) ရပ္ကြက္၊ ေအာင္ဆန္းသူရိယ လွေသာင္းလမ္းရွိ “မိဘေက်းဇူးဆပ္ဘုရား” မွာ ျပဳလုပ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။