ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လမ်းဘေးဆီဆိုင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ကားတစ်စီး မီးလောင်ပျက်စီးပြီး လူတစ်ဦးဒဏ်ရာရ

758

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လမ်းဘေးဆီဆိုင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ကားတစ်စီးမီးလောင်ပျက်စီးပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီရိမင်္ဂလာပရဟိတလူမှုကူညီရေးအသင်း ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၄ဝ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းဘေးဆီဆိုင်ကနေ စလောင်တာပါ။ အဲဒီဆီဆိုင်က ပေ(၂ဝ)လောက်ရှိတယ်။ တစ်ဆိုင်လုံးနဲ့ ဆိုင်နားမှာ ရပ်ထားတဲ့ကားတစ်စီးလုံး လောင်သွားတယ်” ဟု သီရိမင်္ဂလာပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် Hyndai Porter II အမျိုးအစား ကားတစ်စီးနှင့် ပေ(၂ဝ)ဝန်းကျင်ရှိ လမ်းဘေးဆီဆိုင် တစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး အသက်(၃၀)ကျော် အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။
“အမျိုးသားတစ်ဦးလည်း မီးလောင်ဒဏ်ရာရတယ်။ ပေါင်တွေလောင်သွားတာ။ သူက မီးစလောင်တဲ့ ဆီဆိုင်က လူလို့ သိရတယ်။ ဆိုင်ထဲမှာရှိတဲ့ ဆီ ပီပါတွေလည်း မီးလောင်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ပေးထားပြီး မီးလောင်မှု ဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ လမ္းေဘးဆီဆိုင္မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာမွ ကားတစ္စီး မီးေလာင္ ပ်က္စီးၿပီး လူတစ္ဦးဒဏ္ရာရ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၁
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ လမ္းေဘးဆီဆိုင္မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာမွ ကားတစ္စီးမီးေလာင္ပ်က္စီးၿပီး လူတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သီရိမဂၤလာပရဟိတလူမႈကူညီေရးအသင္း ထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီ ၂၁ ရက္)၊ မြန္းလြဲ ၁၂ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၆၆)ရပ္ကြက္၊ ဧရာဝဏ္လမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လမ္းေဘးဆီဆိုင္ကေန စေလာင္တာပါ။ အဲဒီဆီဆိုင္က ေပ(၂ဝ)ေလာက္ရွိတယ္။ တစ္ဆိုင္လုံးနဲ႔ ဆိုင္နားမွာ ရပ္ထားတဲ့ကားတစ္စီးလုံး ေလာင္သြားတယ္” ဟု သီရိမဂၤလာပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ Hyndai Porter II အမ်ိဳးအစား ကားတစ္စီးႏွင့္ ေပ(၂ဝ)ဝန္းက်င္ရွိ လမ္းေဘးဆီဆိုင္ တစ္ခုလုံး မီးေလာင္ပ်က္စီးသြားခဲ့ၿပီး အသက္(၃၀)ေက်ာ္ အမ်ိဳးသားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ ေၾကာင္း သိရသည္။
“အမ်ိဳးသားတစ္ဦးလည္း မီးေလာင္ဒဏ္ရာရတယ္။ ေပါင္ေတြေလာင္သြားတာ။ သူက မီးစေလာင္တဲ့ ဆီဆိုင္က လူလို႔ သိရတယ္။ ဆိုင္ထဲမွာရွိတဲ့ ဆီ ပီပါေတြလည္း မီးေလာင္သြားတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို သဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး မီးေလာင္မႈ ျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။